ဖီလော်ဆော်ဖာတစ်ဦးပြောတဲ့ ဘုရားရှိကြောင်း သက်သေများ

Thomas Aquinas ကတော့ (၁၃)ရာစုမှာပေါ်ထွန်းခဲ့တဲ့ အီတလီလူမျိုး ဓမ္မပညာရှင်နဲ့ ဖီလော်ဆော်ဖာတစ်ဦးဖြစ်ပါတယ်။ Immanuel Kant, René Descartes, Martin Heidegger စတဲ့ အတွေးအခေါ်ပညာရှင်ကြီးတွေကို လွှမ်းမိုးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဘုရားတကယ်ရှိကြောင်း Thomas Aquinas ရဲ့ သက်သေပြချက်(၄)ခုကို အကျဉ်းချုံးပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။

ဖီလော်ဆော်ဖာတစ်ဦးပြောတဲ့ ဘုရားရှိကြောင်း သက်သေများ

Thomas Aquinas ကတော့ (၁၃)ရာစုမှာပေါ်ထွန်းခဲ့တဲ့ အီတလီလူမျိုး ဓမ္မပညာရှင်နဲ့ ဖီလော်ဆော်ဖာတစ်ဦးဖြစ်ပါတယ်။ Immanuel Kant, René Descartes, Martin Heidegger စတဲ့ အတွေးအခေါ်ပညာရှင်ကြီးတွေကို လွှမ်းမိုးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဘုရားတကယ်ရှိကြောင်း Thomas Aquinas ရဲ့ သက်သေပြချက်(၄)ခုကို အကျဉ်းချုံးပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။


(၁) ရွေ့လျားမှု Motion ဟာ ဘုရားရှိကြောင်းသက်သေပါပဲ။ အရာအားလုံးဟာ ရွေ့လျားနိုင်ချေ (potentiality in motion) ရှိရင်ရှိ၊ သို့မဟုတ် တကယ်ရွေ့လျားနေတဲ့အနေအထား (actuality in motion) မှာ ရှိနေကြတယ်။ ဘယ်လိုအရာမှ ရွေ့လျားနိုင်ချေ နဲ့ တကယ်ရွေ့လျားနေတဲ့အနေအထားမှာ တပြိုင်တည်း မရှိနိုင်ပါဘူး။ ဘယ်အရာကမှလည်း သူ့ဟာသူ ရွေ့လျားအောင် လုပ်ဆောင်နိုင်စွမ်းမရှိပါဘူး။ တစ်စုံတစ်ယောက် (သို့မဟုတ်) တစ်စုံတစ်ရာက ရွေ့လျားအောင် လုပ်ဆောင်ပေးမှသာ ရွေ့လျားနိုင်တာ ဖြစ်ပါတယ်။ ဥပမာ - ပန်းသီးစေ့နဲ့ ပန်းသီးပင် ဆိုပါစို့။ ပန်းသီးစေ့ဟာ ရွေ့လျား နိုင်ချေမှာရှိတဲ့အရာ (Potentiality in motion) လို့ ဆိုနိုင်တယ်။ အကြောင်းကတော့ တချိန်မှာ ပန်းသီးပင်ကြီးဖြစ်လာနိုင် လို့ပါ။ ပန်းသီးပင်ကတော့ ရွေ့လျားနေတဲ့အနေအထားကိုရောက်ရှိနေသူ (Actuality in motion) လို့ ဆိုနိုင်ပါတယ်။ အကြောင်းကတော့ သူဟာ အပင်ဖြစ်လာနေပြီး အသီးတွေကို ရာသီအလိုက်ပေးစွမ်းနိုင်သူ ဖြစ်နေလို့ပါ။ ဒါပေမယ့် ပန်းသီးစေ့ဟာ တချိန်တည်းမှာ ပန်းသီးပင် မဖြစ်နိုင်ပါဘူး။ ပန်းသီးစေ့ကနေ ပန်းသီးပင်အဖြစ်သို့ ရွေ့လျားသွားဖို့အတွက် မြေကြီး၊ နေရောင်၊ ရေနဲ့ လေတွေ လုံလုံလောက်လောက်ရှိဖို့ လိုအပ်ပါတယ်။ အဲဒီ့အရာတွေက ပန်းသီးစေ့ကို ပန်းသီးပင် ဖြစ်လာအောင် ရွေ့လျားစေတာပါ။ အကယ်၍ ပထမဆုံးသောရွေ့လျားစေသူ First Mover သာမရှိရင် ရွေ့လျားမှုဆိုတာ လည်း မရှိနိုင်ပါဘူး။ ဒါပေမယ့် ရွေ့လျားမှုတည်ရှိနေတာ ကျွန်တော်တို့ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး ရွေ့လျားစေသူ First Mover ရှိတာခိုင်မာသေချာပါတယ်။ အဲဒီ့သူကတော့ ဘုရားသခင်ဖြစ်ပြီး သူဟာ ဘယ်လိုရလဒ် ကြောင့်မှ မဟုတ်ဘဲ၊ ပထမဆုံးဖြစ်တည်နေသူနဲ့ ဖြစ်တည်စေသူ ဖြစ်ပါတယ်။


(၂) ထိရောက်တဲ့အကြောင်းတရားတွေရှိခြင်းဟာ ဘုရားရှိကြောင်းသက်သေပါပဲ။ အရာအားလုံးဟာ ကိုယ့်ကိုယ်ကိုယ် ဖြစ်တည်၊ဖြစ်ထွန်းစေနိုင်တဲ့အကြောင်းတရားတွေ (efficient cause of itself) မဟုတ်ပါဘူး။ တစ်စုံတစ်ရာ၊ တစ်စုံ တစ်ဦးကြောင့်သာ ဖြစ်တည်၊ဖြစ်ထွန်းလာတာဖြစ်ပါတယ်။ အကယ်၍ A ဟာ B ဆိုတဲ့ အကျိုးရလဒ် ဖြစ်လာစေဖို့ ထိရောက်တဲ့အကြောင်းတရားဆိုရင်၊ A ဆိုတဲ့အကြောင်းတရားမရှိရင် B ဆိုတဲ့အကျိုးသက်ရောက်မှုလည်း မရှိနိုင်ပါဘူး။ အကြောင်းတရားတွေအားလုံးဟာ မူလပထမအကြောင်းတရား First Cause ကနေ ဖြစ်တည်လာတာဖြစ်ပြီး၊ ကြားခံ အကြောင်းတရား intermediate causes တွေအားဖြင့် အဆုံးစွန်အကျိုးသက်ရောက်မှု ultimate effect ကို ဖြစ်ထွန်း၊ ဖြစ်တည်စေတာ ဖြစ်ပါတယ်။ အကယ်၍ ပထမဆုံးသောအကြောင်းတရား First Cause သာမရှိရင်၊ အဆုံးစွန် အကျိုး သက်ရောက်မှုဆိုတာလည်း မရှိနိုင်ပါဘူး။ ဒါပေမယ့် အကျိုးသက်ရောက်မှုတွေရှိနေတာ အထင်အရှားပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအကျိုးသက်ရောက်မှုတွေအားလုံးမှာ မူလပထမအကြောင်းတရားကြီးရှိနေတာ ခိုင်မာသေချာနေပါတယ်။ အဲဒီ့အကြောင်းတရားကြီးက ဘုရားသခင်ဖြစ်ပြီး သူဟာ ဘယ်လိုအကြောင်းတရားကြောင့်မှ မဟုတ်ဘဲ၊ ပထမဆုံးဖြစ် တည်နေသူနဲ့ ဖြစ်တည်စေသူ ဖြစ်ပါတယ်။


(၃) တိုးတက်ဖြစ်ထွန်းမှုက ဘုရားရှိကြောင်းသက်သေပါပဲ။ အရာအားလုံးမှာ တိုးတက်ဖြစ်ထွန်းမှုရှိတာ တွေ့ရပါတယ်။ ဥပမာ - ပိုအေးတာ၊ ပိုနွေးတာ စသဖြင့်ပေါ့။ အရာအားလုံးဟာ သူ့နဲ့ ဆင်တူတဲ့ အထွတ်အထိပ်အနှစ်သာရကြီးတစ်ခုရဲ့ အချိုးအစားတစ်ခုမှာ ရှိနေကြပါတယ်။ ဒါကြောင့် အကောင်းမြတ်ဆုံးဆိုတဲ့အရာ မရှိရင်၊ ကောင်းမြတ်တယ်လို့ ပြောလို့ ရတဲ့အရာလည်း မရှိနိုင်ပါဘူး။ ဒါပေမယ့် ကောင်းတယ်၊ ကောင်းမြတ်တယ်၊ မွန်မြတ်တယ်လို့ ပြောလို့ရတဲ့အရာတွေ ရှိနေ တဲ့အတွက် အကောင်းဆုံး၊ အကောင်းမြတ်ဆုံး၊ အမွန်မြတ်ဆုံးဆိုတဲ့အရာရှိနေတာ ခိုင်မာသေချာနေပါတယ်။ ဒါကြောင့် ဖြစ်တည်မှုအရာအားလုံးရဲ့ အထွတ်အထိပ်အနှစ်သာရကြီးဖြစ်တဲ့ အဖြောင့်မတ်ဆုံး၊ အတည်ကြည်ဆုံး၊ တရားမျှတဆုံး၊ အကြီးမြတ်ဆုံး၊ အသန့်ရှင်းဆုံး၊ အချစ်နိုင်ဆုံး၊ အစုံလင်ဆုံးဆိုတဲ့ ဘုရားသခင်ရှိတာ ထင်ရှားပါတယ်။


(၄) ဒီဇိုင်းဖန်းတီးမှုက ဘုရားရှိကြောင်းသက်သေပါပဲ။ သဘာ၀ခန္ဓာတွေဟာ အဆုံးသတ်တစ်ခုဆီကို ဦးတည်နေကြတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ အဆုံးဆီကို ဦးတည်နေတဲ့အရာအားလုံးဟာ ပင်ကိုယ်အသိပညာ Knowledge ကြောင့် ဦးတည်နေတာဖြစ်ရင်ဖြစ်၊ (မဟုတ်ရင်) အသိပညာရှိတဲ့အရာတစ်စုံတစ်ခုရဲ့ စီစဉ်ညွှန်ကြားမှုကြောင့် ဦးတည် နေတာ ဖြစ်ပါတယ်။ ဥပမာ - လေးသမားက သူ့ရဲ့ လေးနဲ့ မြှားကို ပစ်မှတ်တစ်ခုဆီ ဦးတည်ချိန်ရွယ်ပြီး ပစ်သလိုမျိုးပေါ့။ ဒါပေမယ့် သဘာ၀တရားမှာ ပင်ကိုယ်အသိပညာချို့တဲ့တာကို တွေ့ရပါတယ်။ ဒါဆိုရင် သဘာ၀တရားတွေအားလုံးကို ဖြစ်တည်လည်ပတ်စေဖို့ သေချာဒီဇိုင်းလုပ်၊ ဖန်တီးစီစဉ်ထားသူရှိနေတာ ခိုင်မာသေချာနေပါတယ်။ အဲဒီ့သူကတော့ အသိပညာအားလုံးရဲ့ အရင်းအမြစ်နဲ့ အထွတ်အထိပ်ဖြစ်တဲ့ ဘုရားသခင်ပဲဖြစ်တာ ထင်ရှားပါတယ်။


By Htoi San Seng Yar • July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar • July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar • July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar • July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar • July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar • June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar • June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar • June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar • June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar • April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More