ကိုယ့်ကလေးကို ပြန်သတ်တဲ့အချစ်  (White stork Birds)

ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။

မိဘအနေနဲ့ အသက်ရှင်ဖို့အတွက် သားသမီးကို စွန့်ပစ်လိုက်ဖို့၊ မိသားစုကနေ ဖယ်ပစ်လိုက်ဖို့ နောက်ဆုံးမှာ သတ်ပစ်လိုက်ဖို့ ဆိုတာ စဉ်းစားကြည့်လိုက်မယ်ဆိုရင် အရမ်းကို ရက်စက်ပြီး လူမဆန်တဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်အနေနဲ့ စဉ်းစားကြည့်လိုက်မယ်ဆိုရင် ဒါမျိုးက လူတွေကြားမှာ မရှိလောက်ဘူး လူတွေကတော့ မလုပ်လောက်ဘူး တိရစ္ဆာန်တွေကပဲ လုပ်လိမ့်မယ်လို့ ထင်မိကြပါလိမ့်မယ်။ ဟုတ်ပါတယ် ဒီလိုအမူအကျင့်ရှိတဲ့ ငှက် တစ်ကောင်အကြောင်းကို ပြောပြချင်ပါတယ်။ 


ငှက်နာမည်ကတော့ တောငန်: ဖြူ လို့ခေါ် မလား 𝐖𝐡𝐢𝐭𝐞 𝐒𝐭𝐨𝐫𝐤 လို့ခေါ်တဲ့ ငှက်တွေဖြစ်ပါတယ်။ ဒီလိုငှက်တွေဟာ ကိုယ့်ကလေးကို သတ်တယ်ဆိုတဲ့နေရာမှာ နာမည်ကြီးတဲ့ ငှက်တွေဖြစ်ပါတယ်။ အချို့ကတော 𝐕𝐢𝐝𝐞𝐨 ထဲမှာတွေ့ဖူးပါလိမ့်မယ် ဒီငှက်ကြီးက သူ့ရဲ့ ကလေးထဲက နောက်ဆုံးမှာ ဉကနေပေါက်တဲ့ အသေးဆုံး အကောင်ကို ရွေးပြီးတော့ သူ့ရဲ့ နှုတ်သီး ရှည်ကြီးနဲ့ ကိုက်ထားပြီး အသိုက်အပြင်ဖက်ကို ဆွဲထုတ်သွား မသေမချင်း သူ့ရဲ့ နှုတ်သီးနဲ့ ကိုက်ထားပြီးတော့ အသိုက်အပြင်ဖက်ကို ထုတ်ထားလိုက်ပါတယ်။ ငှက်ကလေးကတော့ ချက်ခြင်းမသေသေးဘဲ အသိုက်ထဲကို ပြန်ဝင်ဖို့ ကြိုးစားနေတယ် ဒါပေမယ့် ငှက်ကြီးက တော့ လက်မခံပါဘူး ငှက်ကလေးကို ပြန်ကိုက်ပြီးတော့ အပြင်ဖက်ကို ထုတ်လိုက်ပါတယ်၊ အချို့ 𝐕𝐢𝐝𝐞𝐨 ထဲမှာတော့ အသိုက်ထဲကနေ အောက်ကို ထိုးခုလိုက်ပါတယ်။ ဒီလို 𝐕𝐢𝐝𝐞𝐨 ကို အဆုံးထိ ကြည့်ရှုဖို့တောင် မလွယ်ကူပါဘူး… အသက်ရှင်ဖို့ ကြိုးစားနေတဲ့ ငှက်ကလေးနဲ့ ငှက်ကလေးကို မသေသေအောင် သတ်နေတဲ့ ငှက်မိခင်လား ဖခင်လားတော့ မပြောတတ်ပေမယ့် သူတို့ကြားတဲ့က အဖြစ်အပျက်က ရက်စက်မှု နဲ့ နာကျင်မှုတွေကို ခံစားရစေပါတယ်။ 


ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။


ဒီဖြစ်စဉ်ကို သေချာ စဉ်းစားလိုက်မယ်ဆိုရင် လူသားတွေလည်း ဒီငှက်နဲ့ သိပ်မထူးခြားကြပါဘူး။ အားသန်တဲ့သူ၊ ကျန်းမာတဲ့သူ၊ ပညာရှိတဲ့သူ၊ ငွေကြေးချမ်းသာတဲ့သူနဲ့ အောင်မြင်တဲ့ သူတွေကသာ ဉီးစားပေးခြင်းခံရပြီး အားနည်းတဲ့သူ နဲ့ ပညာနည်းတဲ့သူတွေကတော့ အမြဲတမ်း စတေးခံဖို့ ရွေးချယ်ခြင်းခံရတဲ့သူတွေ ဖြစ်ပါတယ်။ လူသားတွေ အတွက် အားလုံးတန်းတူဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်တဲ့အရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ အောင်မြင်ဖို့ ပညာရှိဖြစ်ဖို့ အားကြီးတဲ့သူဖြစ်ဖို့ ငယ်ရွယ်စဉ်ကနေ အခုထိကြိုးစားကြရတယ် ကိုယ့်ကိုယ်ကိုယ် အားနည်းတဲ့သူလို့ ခံစားလိုက်ရတဲ့ အချိန်တိုင်းမှာ စိုးရိမ်စိတ်တွေ၊ ကြောက်ွရွံ့မှု အထီးကျန်မှုတွေနဲ့ အပယ်ခံတစ်ယောက်ဆိုပြီး ခံစားရကြတယ်။ 


ဒါပေမယ့် လူတိုင်းကို မခွဲခြားဘူး အားကြီးတဲ့သူ အားနည်းတဲ့သူ ခွဲခြားခြင်းမရှိဘူး အားလုံး အရှိအတိုင်း ချစ်ပေးတဲ့သူ လက်ခံတဲ့သူ ရှိပါတယ်။ သူကတော့ ယေရှုဘုရား ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အရှိအတိုင်း ရှုံးနိမ့်နေတဲ့သူ ဖြစ်နေပါစေ၊ အားနည်းတဲ့သူ ဖြစ်နေပါစေ၊ အောင်မြင်နေတဲ့သူ ဖြစ်နေပါစေ သူ့ဆီကိုသွားလို့ရပါတယ် ကိုယ့်ရဲ့ လေးလံနေတဲ့ဝန်တွေကို သူ့ကို ပြောပြလို့ရပါတယ်။ သူက မရွေးချယ်ပါဘူး ကိုယ်က သူ့ကို ရွေးချယ်ဖို့ပါ လိုအပ်ပါတယ်။ သူက ပေါ့ပါးခြင်းနဲ့ သက်သာခြင်း၊ နွေးထွေးမှုနဲ့ ခွန်အားတွေကို ပေးနိုင်ပါတယ်။ သူ့ကို ရွေးချယ်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ ယေရှုဘုရား အကြောင်းကို ပိုသိချင်တယ်ဆိုရင် 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫/ 𝐂𝐨𝐦𝐦𝐞𝐧𝐭 ကနေ စာရေးနိုင်ပါတယ် ကျေးဇူးတင်ပါတယ်။



By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
By Htoi San Seng Yar April 29, 2024
သေကံမရောက် သက်မပျောက်ဘဲ ရှင်သန်ကျန်ရစ်ခဲ့တဲ့ဂျူးတွေဟာ သူတို့ရဲ့ လွတ်မြောက်မှုအတွက် ဝမ်းမြောက်ပျော်ရွှင် ရမယ့်အစား၊ စိတ်မပျော်ဘဲ ရှင်သန်ရတာအဓိပ္ပာယ်မရှိသလို ခံစားခဲ့ကြပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ မိသားစု တွေ၊ အိုးအိမ်ပိုင်ဆိုင်မှုတွေကို ဆုံးရှုံးခဲ့ရပြီး၊ သူတို့ရဲ့ အမှတ်တရတွေအားလုံး ပျက်ဆီးသွားခဲ့ရလို့ ဖြစ်ပါတယ်။ ဒါတွေကို ကြုံရပြီးတဲ့နောက်မှာ၊ ချစ်သူခင်သူတွေကို ဆုံးရှုံးလိုက်ရပြီးနောက်မှာ၊ ပိုင်ဆိုင်မှုတွေအားလုံး ဖျက်ဆီးခံလိုက်ရပြီးချိန်မှာ ရှင်သန်ချင်စိတ် ပျောက်ဆုံးသွားပြီး သေမထူး၊နေမထူးအခြေအနေမျိုး ခံစားရတာ သဘာ၀ပါပဲ။
Show More