ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)

သစ္စာဆိုတဲ့ စကားကြားလိုက်တာနဲ့ ဘာအကောင်ဖြစ်မလဲ လို့ မေးခွန်းမေးလိုက်မယ်ဆိုရင် အားလုံးက အောက်ချင်းငှက်လို့ မဖြေမယ့်သူ မရှိသလောက်ရှားပါပါလိမ့်မယ်။
သစ္စာဆိုတဲ့ စကားကြားလိုက်တာနဲ့ ဘာအကောင်ဖြစ်မလဲ လို့ မေးခွန်းမေးလိုက်မယ်ဆိုရင် အားလုံးက အောက်ချင်းငှက်လို့ မဖြေမယ့်သူ မရှိသလောက်ရှားပါပါလိမ့်မယ်။
ဒီငှက်တွေရဲ့ သဘာဝအရ ငှက်မက ဉ ဉရတဲ့အချိန်ကနေ စပြီးတော့ ငှက်ကလေးတွေ အရွယ်ရောက်လို့ ပျံဖို့ အဆင်သင့် ဖြစ်တဲ့အထိ သစ်ခေါင်းထဲမှာ အပေါက်ကို ရွံ့နဲ့ ပိတ် အစာကျွေးဖို့ လေဝင်လေထွက်ဖို့ အပေါက်လေးတစ်ခုဘဲ ချန်ထားပြီးတော့ အထဲမှာဘဲနေကြရပါတယ်။ အချိန်လနဲ့ချီပြီးတော့ ငှက်မကြီးက အပြင်မထွက်ရပါဘူး။ ဒါကြောင့် အမွှေးတောင်တွေ အကုန်လုံးကျွတ်သွား နောက်တစ်ခါ ပြန်ပေါက်ကြပါတယ်။ အဲဒီအချိန်မှာ ငှက်ဖိုကြီးကတော့ အစာကျွေးရတဲ့ အလုပ်ကို တစ်ယောက်ထဲ လုပ်ရပါတယ်။ ငှက်ထီးကြီးတွေဟာ တစ်ခါတစ်လေမှာ သတ်ဖြတ်ခံလိုက်ရတယ်ဆိုရင်တောင် သူ့မိသားစု အတွက်ရှာလာတဲ့ သစ်သီးနဲ့ အခြားအရာတွေကို နှုတ်သီးထဲကနေ ထွက်ကျမခံဘဲ အသက်သေတဲ့အထိ သူမရှိရင် မိသားစုအားလုံး သေရလိမ့်မယ်ဆိုတဲ့စိတ်နဲ့ ကိုက်ခဲထားကြပါတယ်။ ငှက်မိခင်ကြီးဟာလည် ဒီအတိုင်း အသေခံပြီး မိသားစုအားလုံး အသက်ပေးခဲ့ကြပါတယ်။ အားလုံး သိပြီးကြတဲ့အတိုင်း ဒီငှက်စုံတွဲဟာ အချင်းချင်း သစ္စာတရားကြီးမားလွန်းတဲ့အတွက် ငှက်ဖိုကြီး တစ်ခုခုဖြစ်သွားခဲ့ရင် မိသားစုအားလုံးက အသက်ပေးသွားကြရပါတယ်။ သူတို့ ကြားမှာရှိတဲ့ ယုံကြည်မှု က အလွန်ကို ကြီးမားတဲ့အရာတစ်ခုဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ အောက်ချင်းငှက်တွေက တစ်သက်လုံး အဖော်မပြောင်းတတ်ကြပါဘူး။
ဒီလို ယုံကြည်မှုမျိုးကို လူသားတွေကြားမှာ တွေ့နိုင်ပါ့မလာ။ ကိုယ့်မှာရော ဒီလို ယုံကြည်စိတ်ချရတဲ့သူရှိပါပြီလား။ ဘဝမှာ ဘယ်သူ့ကိုမှ ယုံကြည်လို့မရဘဲ အသက်ရှင်ရတာဟာ တစ်နေ့ထက်တစ်နေ့ အထီးကျန်လာစေပါတယ်။ ကျွန်တော်တို့အားလုံး ယုံကြည်စိတ်ချလို့ ရတဲ့သူတစ်ယောက် အနည်းဆုံးဘဝမှာ လိုအပ်ပါတယ်။ ဘဝမှာ ဒီလိုပုဂ္ဂိုလ်ကို ရှာဖေွနေတယ်ဆိုရင် သတင်းကောင်းတစ်ခု ပြောပြချင်ပါတယ်။ သူ့ကို အပြည့်အဝယုံကြည်လို့ ရတဲ့သူရှိတယ် သူကတော့ ယေရှုဘုရား ဖြစ်ပါတယ်။ သူ့ကိုယုံကြည်လို့ရကြောင်း သူဟာ စိတ်ချလို့ရတဲ့သူဖြစ်ကြောင်း သူ့စကား သူကတိအတိုင်း ကျွန်တော်တို့ အတွက်ဆိုရင် သူ့အသက်ကိုတောင် ပေးခဲ့တဲ့သူဖြစ်ပါတယ်။
ကိုယ့်ရဲ့ဘဝမှာ ရင်ဖွင့်စရာ နာကျင်မှုတွေကို မျှဝေစရာ ကိုယ့်ရဲ့ စိတ်အလိုမကျမှု ဒေါသတွေကို ပြောပြစရာ ယုံကြည်လို့ရမယ့်သူ လိုအပ်နေတယ် ဆိုရင် ယေရှုဘုရားဆီကို လာခဲ့ပါ သူ့ကို စကားပြောလိုက်ပါ။ သူ့အကြောင်းကို ပိုသိချင်တယ်ဆိုရင် 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫/ 𝐂𝐨𝐦𝐦𝐞𝐧𝐭 ကနေ စာရေးနိုင်ပါတယ် ကျေးဇူးတင်ပါတယ်။






