အချစ်ကိုစျေးဖြတ်တဲ့ သတို့သားလောင်း (3 Idiots)

ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
တကယ်လို့ သင်ကြိုက်ရာ(၃)ခုကို ဆန္ဒပြုခွင့်ရှိပြီး၊ ဆန္ဒပြုတာမှန်သမျှလည်း ချက်ချင်းပြည့်မယ်ဆိုရင် သင်ပြုမယ့် ဆန္ဒ(၃)ခုက ဘာတွေဖြစ်မလဲ။ ဒီဆောင်းပါးမှာတော့ အာလာဒင်ရုပ်ရှင်ထဲက လူ့သဘော လူ့မနော ကို ပြောပြသွားမှာပါ။ မှော်ကော်ဇောပျံကြီးစီးပြီးသွားတဲ့ ခါးပိုက်နှိုက်လေးအာလာဒင်အကြောင်းပုံပြင်ကို သိကြမှာပါ။ အာလာဒင်ဇာတ်လမ်းထဲက မီးခွက်စောင့်နတ် Gennie ကိုလည်း မှတ်မိကြမယ်ထင်ပါတယ်။ မီးခွက်ကို ပွတ်လိုက်တာနဲ့ မီးခွက်စောင့်နတ် Gennie ထွက်လာပြီး၊ “အရှင် အလိုရှိရာကို မိန့်တော်မူပါ။ အရှင့်ရဲ့ အလိုဆန္ဒ (၃)ခုအထိ ဖြည့်ဆည်းပေးဖို့ ကျွန်ုပ်သစ္စာပြုထားပါတယ်”ဆိုပြီး အလာဒင်ကို ပြောပါတယ်။
Gennie ဟာ ကုလားအုတ်ကို ဆင်အဖြစ်ပြောင်းလဲပေးနိုင်သလို၊ ချက်ချင်းမိုးရွာအောင်လုပ်ပေးနိုင်တယ်။ ဒီတော့ အာလာဒင်က သူ့ကို မင်းသားဖြစ် အောင်လုပ်ပေးပါလို့ တောင်းဆိုတဲ့အခါ တိုင်းပြည်တစ်ခုရဲ့ မင်းသား လေး Ali ဖြစ်အောင် လုပ်ပေးလိုက်ပါတယ်။ မြေပုံထဲမှာမရှိတဲ့တိုင်းပြည်ကိုလည်း ရှိအောင်လုပ်ပေးလိုက်ပြီး၊ အခြွေအရံတွေကိုလည်း လုပ်ပေးလိုက်ပါတယ်။ အာလာဒင်ရဲ့ ဒုတိယဆုတောင်းကတော့ သူ့အသက်ကို ကယ် ပေးဖို့ ဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ အာလာဒင်ဟာ ပင်လယ်ထဲကို ပစ်ချခံလိုက်ရလို့၊ သူ့အသက်ဘေးကနေ လွတ်မြောက်အောင် Gennie က ကယ်တင်ပေးခဲ့ပါတယ်။ အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။ လူတိုင်းက သူတို့ကိုယ်ကျိုးစီးပွားနဲ့ အလိုဆန္ဒတွေကိုပဲ ရှေ့တန်းတင်ပြီး ရသမျှအခွင့်အရေးတွေကို အသုံးချဖို့ လုပ်နေချိန်မှာ အာလာဒင်ကတော့ နောက်ဆုံးအခွင့်အရေးကို Gennie အတွက်ပဲ အသုံးပြုခဲ့တယ်။
ဇာတ်လမ်းထဲမှာ Jafa ဆိုတဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မင်းတိုင်ပင်အမတ်ကြီးရှိပါတယ်။ သူက Sultan ဘုရင့် ထီးနန်းကိုပဲ ချောင်းနေခဲ့တဲ့ မှော်ဆရာဖြစ်ပါတယ်။ သူ့လက်ထဲကို မီးခွက်ရောက်သွားချိန်မှာ သူဟာ မဆိုင်း မတွဘဲ သူ့အကြံအစည်၊ သူ့ရည်ရွယ်ချက်အကျိုးစီးပွားအတွက် အသုံးချခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ Jafa ကို လူဆိုးလို တင်ပြထားပေမယ့်၊ လက်တွေ့ဘ၀မှာတော့ လူများစွာဟာ Jafa လို ကိုယ်ကျိုးစီးပွားတစ်ခုကိုပဲ ကြည့် တတ်ကြတာပါ။ ကိုယ်သာယာဖို့အတွက် သူတပါးနစ်နာရရင်တောင် မျက်နှာပြောင်တိုက်ပြီး ဆက်လုပ်တတ်ကြ သူတွေ များပါတယ်။ အာလာဒင်လို ကိုယ့်အခွင့်အရေးကို သူများဘ၀ကယ်တင်ဖို့ စတေးခံအသုံးပြုတတ်သူက အတော်ကို နည်းတာပါ။
အာလာဒင်မှာလည်း Gennie ကို လွတ်မြောက်စေချင်ရခြင်းအကြောင်းအရင်း နည်းနည်းရှိနိုင်ပါတယ်။ ဥပမာ - သူ့အသက်ကို ကယ်တင်ပေးခဲ့လို့ Gennie ကို ကျေးဇူးဆပ်ချင်တာ၊ Jafa လို လူယုတ်မာတွေလက်ထဲ မီးခွက် ရောက်သွားပြီး လူယုတ်မာတွေရဲ့ တောင်းဆိုချက်တွေကို Gennie က လွန်ဆန်လို့မရဘဲ ဖြည့်ဆည်းပေးရမှာစိုး တာကြောင့် လွတ်မြောက်စေချင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လောကမှာ အရောင်မပါတဲ့ စင်ကြယ်တဲ့ စေတနာစိတ်ဆိုတာ တွေ့ရဖို့ ခက်ခဲတတ်ပါတယ်။
အဲသလို စေတနာစိတ်မျိုး လူတွေကြားမှာ တွေ့ရခဲပေမယ့်၊ ဘုရားမှာတော့ အပြည့်ရှိပါတယ်။ သမ္မာကျမ်းစာက ပြောတဲ့ဘုရားက ငါ့ကို ဒီလိုလုပ်ပေးရင် မင်းကို ဒီလိုပြန်လုပ်ပေးမယ်ဆိုတဲ့ဘုရားမျိုး မဟုတ်ပါဘူး။ ကျနော်တို့ အတွက် သူ့အသက်ကိုတောင် မနှမြောဘဲ စွန့်လှူပေးခဲ့တဲ့ဘုရားက ကျွန်တော်တို့အတွက် တွန့်တိုစရာ ဘာမှမရှိ ဘူးလို့ သမ္မာကျမ်းစာက ပြောပါတယ်။ စင်ကြယ်တဲ့စေတနာစိတ်မျိုးကို လူတွေကြားမှာ သင်ရှာနေရင် ပင်ပန်း သွားနိုင်ပါတယ်။ ယေရှုဘုရားဆီကိုသာ လာခဲ့ပါ။ သင့်ကို ဘယ်သူနဲ့မတူတဲ့ တန်ဖိုးထားမြတ်နိုးခြင်းနဲ့ လမ်းပြ စောင်မဖို့ သူလက်ကမ်းကြိုနေပါတယ်။
Video ကြည့်ရှုရန် -
https://www.youtube.com/watch?v=yloAlnF2bmE&list=PLRkaOGfUi-q7lsV_RpBIClKVEDcwPkykk&index=2





