ဘုရားသခင်တကယ်ရှိမရှိ ဘဝနဲ့ရင်းပြီးလောင်းကြေးထပ်ခဲ့တဲ့ Bruce

ကိုယ်ဝန်ရှိလအရွယ်အချိန် ဖခင်မရှိဘဲ ကြီးပြင်းလာခဲ့ရတယ်။ သူ့ရဲ့ အဖေမရှိတဲ့ အတွက် အမေက ကောင်းတ၊ မကောင်းတာ‌တွေ ဘာမှစဉ်းစားမနေဘဲ ခက်ခက်ခဲခဲ နည်းမျိုးစုံနဲ့ ကြိုးစားပြီးရှာဖွေ ကျွေးမွေးခဲ့တယ်။ ဒီလိုနဲ့ ငါးတန်း အရွယ်လောက် ရောက်လာတဲ့ အခါမှာ မူးယစ်ဆေးဝါး ရောင်းဝယ် တတ်လာတယ်။ သူကတော့ Bruce ဖြစ်ပါတယ်။


ဘုရားသခင်တကယ်ရှိမရှိ ဘဝနဲ့ရင်းပြီးလောင်းကြေးထပ်ခဲ့တဲ့ Bruce


ကိုယ်ဝန်ရှိလအရွယ်အချိန် ဖခင်မရှိဘဲ ကြီးပြင်းလာခဲ့ရတယ်။ သူ့ရဲ့ အဖေမရှိတဲ့ အတွက် အမေက ကောင်းတ၊ မကောင်းတာ‌တွေ ဘာမှစဉ်းစားမနေဘဲ ခက်ခက်ခဲခဲ နည်းမျိုးစုံနဲ့ ကြိုးစားပြီးရှာဖွေ ကျွေးမွေးခဲ့တယ်။ ဒီလိုနဲ့ ငါးတန်း အရွယ်လောက် ရောက်လာတဲ့ အခါမှာ မူးယစ်ဆေးဝါး ရောင်းဝယ် တတ်လာတယ်။ သူကတော့ Bruce ဖြစ်ပါတယ်။


မူးယစ်ဆေးဝါးရောင်းဝယ်ရင်း နဲ့ နောက်ဆုံးမှာတော့ အဖမ်းခံရပြီး ပြုပြင်ထိန်းသိမ်းရေး စခန်းကို ပြန်ရောက်သွားတယ်။ မကြာခင်မှာ ပြန်ထွက်လာလိုက် မူးယစ်ဆေး ပြန်ရောင်းလိုက် ပြန်ပြီးတော့ အဖမ်းခံရလိုက်နဲ့ လည်ပတ်နေခဲ့တယ်။ သူက "ထောင်ထဲဝင်လိုက် ထွက်လိုက်လုပ်ရတာ ကိုယ့်ကိုကိုယ် ဂုဏ်ယူစရာလို့ ထင်ခဲ့တယ် တစ်ခါဝင်ပြီး ပြန်ထွက်လာရင် ပုခုံးမှာ အပွင့်တစ်ခု ထိုးလာသလိုပဲ" ဒီလိုပြောပြခဲ့တယ်။


သူ့ပတ်ဝန်းကျင်နဲ့ သူကိုယ်တိုင်က ဒါကို အထင်ကြီးစရာ အားကျစရာလို့ ထင်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့

သူအထီးကျန်နေခဲ့တယ်၊ ဘယ်သူ့ကို ယုံကြည်လို့ရမလဲ မသိဘူး၊ အားကစားကွင်းထဲမှာ တစ်ယောက်ထဲ အမှောင်ထဲမှာ နေရသလို သူခံစားနေရတယ်။ သူက ဆက်ပြီးပြောတယ် "ဘဝမှာ ငြိမ်းချမ်းမှုရဖို့ ဆေးခြောက်ရှူရတယ်၊ ဘဝမှာ ပျော်ရွှင်ဖို့ ကလပ်တက် ပျော်ပါးရတယ်။ ဘဝမှာ အချစ်ခံရဖို့ မိန်းမတွေနဲ့ ပတ်သက်ပျော်ပါးခဲ့တယ်...။ ဒါပေမယ့် အားလုံးကအတု မနက်နိုးလာရင် ငြိမ်းချမ်းမှု၊ ပျော်ရွှင်ခြင်း နဲ့ ချစ်ခြင်းမေတ္တာတွေ ဘာမှမရှိ တော့ဘူး၊ အဆိပ်မိနေတဲ့ ကိုယ်ခန္ဓာကြီးလို ခံစားရတယ်"


ဒီလိုအသက်ရှင်နေရင်း တစ်ရက်မှာတော့ သူပြန်ပြီး အဖမ်းခံခဲ့ရပါတယ်။ ဒီအချိန်ထိ သူ့ဘဝပြောင်းလဲဖို့ ဘာမှ မစဉ်းစား ခဲ့ဘူး။ ဒါပေမယ့် သူမထင်မှတ်ဘဲ ထောင်ထဲမှာ လူတစ်ယောက်နဲ့ တစ်ခန်းထဲမှာ တွေ့ဆုံရင်းနှီးခွင့်ရခဲ့တယ်။ ‌‌ဘုရားသခင်က မင်းကိုချစ်တယ် ဆိုတဲ့အကြောင့်ကို ပြောပြနေတယ် သူ့မှာစာအုပ်အများကြီးရှိတယ် အဲဒီထဲကနေ မဂ္ဂဇင်းတစ်အုပ်ကိုဖတ် ရတဲ့အခါ ဘဝမှာ မခံစားဖူးတဲ့အရာကို စတင်ပြီး သူခံစားလာရတယ်။ သူ့ရဲ့ အခန်းဖော်က ထောင်ထဲမှာ တရားဟောပေးတဲ့ ဆရာတစ်ယောက်လည်း ဖြစ်တယ်။


Bruce ကဆက်ပြီးတော့ “ဒီလောက်ကောင်းတဲ့ တရားပါလား သူ့ရဲ့စကားအတိုင်း လိုက်နာပြီး အသက်ရှင်မယ်ဆိုရင်၊ ဘယ်သူမှ မဖွင့်နိုင်တဲ့ တံခါးကို ငါ့အတွက် သူဖွင့်ပေးမယ် ဘာလို့ဒီလောက်ကောင်းတဲ့တရားရှိနေတာကို အခုမှငါသိတာလဲ” ဆိုပြီး သူ့ကို သူ ပြန်ပြောနေခဲ့တယ်။ ဆက်ပြီး သူ့ဘဝမှာ ပထဆုံးအကြိမ်းအဖြစ် သူဆုတောင်းခဲ့တယ်၊ သူ့ရဲ့ ဆုတောင်းက

“ဘုရားသခင်က တကယ်စစ်မှန်ဖို့တော့ လိုမယ်နော် ကျွန်တော့်ဘဝတစ်ခုလုံးကို ပုံအပ်ပြီး ဘုရာသခင် နောက်ကိုလိုက်မယ်

ဘုရားသခင် အမှန်တကယ် ရှိပါတယ်နော်...”


သူ့ရဲ့ဘဝမှာ အကြီးမားဆုံး‌သော လောင်းကစားတစ်ခုကို သူလုပ်ခဲ့ပါတယ်။ ဒီကစားပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ ကစားပွဲကို Bruce နိုင်သွားလို့ ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့ပါတယ်၊ ဒီလို ပြောင်းလဲ နိုင်မယ်လို့ သူ့ကိုယ်သူ လုံးဝထင်မထားခဲ့ဘူး၊ ဒါပေမယ့် သူ့ဘဝမှာ မခံစားဖူးတဲ့ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတွေကို ထောင်ထဲမှာ ရောက်နေပေမယ့် အပြည့်အဝခံစားရတယ်။လောကကြီးက မပေးနိုင်တဲ့အရာတွေကို ဘုရားသခင်က သူ့ကိုပေးခဲ့တယ် ဒီအရာတွေက အတု အယောင် မဟုတ်ဘူး ၊ ပျောက်ကွယ်မသွားဘူး ဒီကြောင့် ဒီအရာတွေကို ပေးတဲ့ဘုရားသခင်ကလည်း အစစ်အမှန်ဖြစ်တယ်။


Bruce ပြောခဲ့တဲ့စကားနဲ့ ဒီVideo ကို အဆုံးသတ်ချင်ပါတယ်။ သူက “သင့်ရဲ့ဘဝဟာ ဘယ်လိုဘဲဖြစ်ခဲ့ပါစေ ဘုရားသခင်ဆီဘဝကို ပုံအပ်လိုက်ပါ သူဟာသင့်ကိုပြောင်းလဲပေးမယ် သူက စစ်မှန်တဲ့ ဘုရားဖြစ်တယ်”

အားလုံးကို ကျေးဇူးတင်ပါတယ်။

Is God Real? (Finding Jesus in Prison) - Bruce's Testimony


By Htoi San Seng Yar • July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar • July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar • July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar • July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar • July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar • June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar • June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar • June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar • June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar • April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More