အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ်  (Killdeer)

ငှက်ကလေးတွေက အကောင်ကြီးတဲ့ ငှက် အမျိုးအစားမဟုတ်တော့ ပိုပြီးတော့ အန္တာရယ်များပါတယ်။ သူတို့က တောင်ပံကျိုး သရုပ်ဆောင်ချက် ဆိုတဲ့ အထူး သရုပ်ဆောင်ခြင်း အတတ်ကို တတ်မြောက်ထားကြပါတယ်။ ဒီအတတ်က သူတို့ အသိုက်ကို ကာကွယ်ဖို့ အတွက် အဓိကအသုံးပြုရတဲ့ လက်နက်တစ်ခုလည်း ဖြစ်ပါတယ်။ သူတို့ အငှက်နားကို အန္တာရယ်တစ်ခုခု ချည်းကပ် လာပြီဆိုရင် သူတို့က ပြန်တိုက်ခိုက်ဖို့ကလည်း အားနည်းတဲ့အကောင်တွေ ဖြစ်တဲ့အတွက် အသုံးမဝင်ပါဘူး၊ ဒါကြောင့် တောင်ပံကျိုးတဲ့ သရုပ်ဆောင်ချက်ကို အသုံးပြုကြပါတယ်။

သရုပ်ဆောင်တယ်ဆိုတာ လူသားတွေနဲ့ ပတ်သက်တဲ့အရာလို့ပဲ ယူဆလိုက်မယ်ဆိုရင် မှားသွားပါလိမ့်မယ်။ လူသားအပြင် တိရစ္ဆာန်တွေလည်း သရုပ်ဆောင်တတ်ကြပါတယ်။ အားလုံးထဲမှာမှ သရုပ်ဆောင် အင်မတန် ကောင်းတဲ့ 𝐊𝐢𝐥𝐥𝐝𝐞𝐞𝐫 ဆိုတဲ့ ငှက်ကလေးတွေ အကြောင်းကို ပြောပြချင်ပါတယ်။ 


ဒီငှက်လေးတွေက တခြားငှက်ပေါင်းများစွာနဲ့ မတူတဲ့ ထူးခြားမှုတစ်ခု ရှိပါတယ်။ အဲဒါကတော့ သူတို့အသိုက်ကို သစ်ပင် နဲ့ အမြင့်တစ်နေရာမှာ မဆောက်လုပ်ကြတာပါ။ သူတို့က ကွင်းပြင်၊ သောင်ပြင် နဲ့ လယ်ပြင်တွေမှာ ဆောက်လုပ်ကြတာပါ။ အဲဒါကြောင့် သူ့တို့ရဲ့ အသိုက် ဉလေးတွေ ငှက်ပေါက်လေးတွေကို ကာကွယ်ဖို့ ပိုပြီးတော့ ခက်ခဲသလို လုံခြုံမှုလည်း နည်းပါတယ်။ အဲဒီအပြင် ငှက်ကလေးတွေက အကောင်ကြီးတဲ့ ငှက် အမျိုးအစားမဟုတ်တော့ ပိုပြီးတော့ အန္တာရယ်များပါတယ်။ သူတို့က တောင်ပံကျိုး သရုပ်ဆောင်ချက် ဆိုတဲ့ အထူး သရုပ်ဆောင်ခြင်း အတတ်ကို တတ်မြောက်ထားကြပါတယ်။ ဒီအတတ်က သူတို့ အသိုက်ကို ကာကွယ်ဖို့ အတွက် အဓိကအသုံးပြုရတဲ့ လက်နက်တစ်ခုလည်း ဖြစ်ပါတယ်။ သူတို့ အငှက်နားကို အန္တာရယ်တစ်ခုခု ချည်းကပ် လာပြီဆိုရင် သူတို့က ပြန်တိုက်ခိုက်ဖို့ကလည်း အားနည်းတဲ့အကောင်တွေ ဖြစ်တဲ့အတွက် အသုံးမဝင်ပါဘူး၊ ဒါကြောင့် တောင်ပံကျိုးတဲ့ သရုပ်ဆောင်ချက်ကို အသုံးပြုကြပါတယ်။ တောင်ပံ တစ်ဖက်ကျိုး ပြီးမြေပြင်မှာ ပြုတ်ကျနေတဲ့ ငှက်လို သရုပ်ဆောင်ကြပြီး အသိုက်ကနေ အဝေးဆုံးကို ရောက်အောင် ရန်သူတွေကို မြှားခေါ်ကြပါတယ်။ တောင်ပံကျိုးနေတဲ့ ငှက်လို့ထင်ပြီး နောက်ကို လိုက်လာရင်း အသိုက်ကို အန္တာရယ်ပြုမဲ့ တောကောင်တွေလည်း အသိုက်နဲ့ အဝေးဆုံးကို ရောက်သွားကြပါတယ်။ ဒီလိုနည်းနဲ့ ဒီငှက်တွေဟာ ရန်သူကိုကွယ်ကြပါတယ်၊ ဒါပေမယ့် ဒီလို မဖြစ်နိုင်ဘူး ဆိုရင်တော့ ရဲရဲရင့်ရင့် ထိပ်တိုက်ရင်ဆိုင်ရဲတဲ့ ငှက်လေးတွေလည်း ဖြစ်ကြပါတယ်။ သူတို့အသိုက်နဲ့ကလေးတွေကို ကာကွယ်ဖို့အတွက် အသက်စွန့်ရဲတဲ့ အထိရန်သူကို ရင်ဆိုင်တွန်းလှန်ရဲကြပါတယ်။ 


ဒီအဖြစ်အပျက်လေးတွေကို ကြည့်ရင်း ကျွန်တော်တို့အနားမှာ ဒီလိုမျိုးကိုယ့်ကို ကာကွယ်ပေးမယ်သူ ရှိနေပြီလားလို့ စဉ်းစားဖူးပါသလား။ ဒီလိုကိုယ့်ကို ကာကွယ်ပေးနိုင်တဲ့သူဘဝမှာ လိုအပ်နေတယ် ဆိုရင် သတင်းကောင်းတစ်ခု ပြောပြချင်ပါတယ်။ သူကတော့ ယေရှုဘုရား ဖြစ်ပါတယ်။ 


 သူက ကျွန်တော်တို့ကို ကာကွယ်ပေးဖို့ နောင်ဘဝမှာ စိတ်ချစွာ နေနိုင်ဖို့အတွက် သူ့ရဲ့အသက်ကိုတောင် စွန့်နိုင်တဲ့သူ ဖြစ်ပါတယ်။ လုံခြုံမှုတွေဘဝမှာ လိုအပ်နေတယ် ဆိုရင် ယေရှုဘုရားဆီကို လာခဲ့ပါ သူ့ကို စကားပြောလိုက်ပါ။ သူ့အကြောင်းကို ပိုသိချင်တယ်ဆိုရင် 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫/ 𝐂𝐨𝐦𝐦𝐞𝐧𝐭 ကနေ စာရေးနိုင်ပါတယ် ကျေးဇူးတင်ပါတယ်။

By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
By Htoi San Seng Yar April 29, 2024
သေကံမရောက် သက်မပျောက်ဘဲ ရှင်သန်ကျန်ရစ်ခဲ့တဲ့ဂျူးတွေဟာ သူတို့ရဲ့ လွတ်မြောက်မှုအတွက် ဝမ်းမြောက်ပျော်ရွှင် ရမယ့်အစား၊ စိတ်မပျော်ဘဲ ရှင်သန်ရတာအဓိပ္ပာယ်မရှိသလို ခံစားခဲ့ကြပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ မိသားစု တွေ၊ အိုးအိမ်ပိုင်ဆိုင်မှုတွေကို ဆုံးရှုံးခဲ့ရပြီး၊ သူတို့ရဲ့ အမှတ်တရတွေအားလုံး ပျက်ဆီးသွားခဲ့ရလို့ ဖြစ်ပါတယ်။ ဒါတွေကို ကြုံရပြီးတဲ့နောက်မှာ၊ ချစ်သူခင်သူတွေကို ဆုံးရှုံးလိုက်ရပြီးနောက်မှာ၊ ပိုင်ဆိုင်မှုတွေအားလုံး ဖျက်ဆီးခံလိုက်ရပြီးချိန်မှာ ရှင်သန်ချင်စိတ် ပျောက်ဆုံးသွားပြီး သေမထူး၊နေမထူးအခြေအနေမျိုး ခံစားရတာ သဘာ၀ပါပဲ။
Show More