ဖုတ်ကောင်တွေကို အသက်ပေးပြီးရင်ဆိုင်တဲ့ အချစ် (Train to Busan)

ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်တဲ့ရုပ်ရှင်တွေထဲမှာ 𝟑 𝐈𝐝𝐢𝐨𝐭𝐬 လည်းပါမယ်ထင်ပါတယ်။ ပညာရေးအကြောင်း အသားပေးရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ပညာပေးဇာတ်ကားအနေနဲ့သာမက၊ ဖျော်ဖြေရေးအနေနဲ့လည်း အတော်အောင်မြင်တဲ့ဇာတ်ကားဖြစ်ပါတယ်။ ပညာရေးနဲ့ ပတ်သက်လာရင် မိဘတွေ၊ ကျောင်းသားတွေရဲ့ မျှော်လင့်ချက်၊ ခံစားချက်နဲ့ ဘ၀ရည်ရွယ်ချက်တွေ မတူကွဲပြားပုံကို ထိထိမိမိပုံဖော်ပြနိုင်ခဲ့တဲ့ဇာတ်ကားကောင်း ဖြစ်ပါတယ်။ ဖိအားတွေနဲ့ကြိုးစားသင်ယူနေရတဲ့ကျောင်းသား 𝐑𝐚𝐣𝐮, ဝါသနာနဲ့ အသက်မွေးဝမ်းကျောင်းအကြား ဗျာများနေရတဲ့ 𝐅𝐚𝐫𝐡𝐚𝐧, အတန်းထဲမှာ ထူးချွန်ကျောင်းသားဖြစ်ရတာကို ဂုဏ်ယူမဆုံးဖြစ်နေတဲ့ 𝐂𝐡𝐚𝐭𝐮𝐫 နဲ့၊ အမှတ်တွေ၊ အဆင့်တွေကို ခေါင်းထဲမထည့်ဘဲ ပညာကိုပဲရယူလိုချင်တဲ့ 𝐑𝐚𝐧𝐜𝐡𝐨 တို့ရဲ့ စရိုက်တွေကို ဟာသ နှောပြီး ပေါ့ပေါ့ပါးပါးနဲ့ ထိထိမိမိတင်ဆက်ပြသွားခဲ့ပါတယ်။ ကျောင်းဆင်းပွဲရောက်ခါနီးမှ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တဲ့ ကျောင်းသား 𝐉𝐨𝐲 𝐋𝐨𝐛𝐨 အကြောင်းကလည်း ကျောင်းသားတွေနဲ့ မိဘတွေအကြား ဖိအားနဲ့ မျှော်လင့်ချက်ကို ထိထိမိမိပုံဖော်ပြနိုင်ခဲ့ပါတယ်။
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက 𝐑𝐚𝐧𝐜𝐡𝐨 နဲ့ 𝐏𝐢𝐚 တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ 𝐏𝐢𝐚 ကို၊ သူနဲ့ စေ့စပ်ထားတဲ့ 𝐒𝐮𝐡𝐚𝐬 က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ 𝐒𝐮𝐡𝐚𝐬 က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား 𝐑𝐚𝐧𝐜𝐡𝐨 က 𝐒𝐮𝐡𝐚𝐬 ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ 𝐒𝐮𝐡𝐚𝐬 နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး 𝐏𝐢𝐚 ကို အကြံပေးခဲ့ပါတယ်။ တ
𝐑𝐚𝐧𝐜𝐡𝐨 ရဲ့ စကားက ကျနော်တို့အတွက် စဉ်းစားစရာတွေ အများကြီး ဖြစ်စေပါတယ်။ လောကမှာ ကျွန်တော် တို့ရဲ့ ဖြစ်တည်မှုနဲ့ ခံစားချက်တွေထက် အပေါ်ယံ အပြင်ပန်းကိုပဲကြည့်ပြီး ပေါင်းချင်တဲ့သူ၊ ရှောင်ချင်တဲ့သူတွေ များပါတယ်။ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုအမှန်၊ ခံစားချက်အမှန်ကို သိမြင်၊ အသိအမှတ်ပြုပြီး လက်ခံပေးလိုသူ ဆက်ပြီး အတူရုန်းကန်ပေးလိုသူတွေဆိုတာ လက်ချိုးရေလို့ရလောက်အောင် အတော်နည်းပါတယ်။ ဘ၀တစ်ခု လုံး၊ အနာဂတ်တစ်ခုလုံးပုံအပ်ပြီး လက်တွဲသွားဖို့ ရည်ရွယ်ထားသူတွေကတောင် တခါတလေ ကိုယ့်ရဲ့ ခံစား ချက်နဲ့ ဖြစ်တည်မှုကို ချွင်းချက်မရှိ အပြည့်အ၀လက်ခံပေးနိုင်ပါ့မလားဆိုပြီး သံသယဖြစ်မိသူတွေ ရှိပါတယ်။
အကယ်၍ မိတ်ဆွေလည်း အဲလိုခံစားနေရတယ်ဆိုရင် ကျွန်တော်တို့ရဲ့ အဖြစ်မှန်ကိုသိပြီး ဘယ်တော့မှ ကျောခိုင်းသွားမှာမဟုတ်တဲ့သူတစ်ဦး ရှိပါတယ်။ သူကတော့ ယေရှုဘုရားပါပဲ။ သူဟာ ဟန်ဆောင်ဖုံးကွယ်စရာ မလိုဘဲ အခြေအနေမှန်အတိုင်း၊ အဖြစ်မှန်အတိုင်း ရိုးသားပွင့်လင်းစွာ ချဉ်းကပ်လို့ရတဲ့ တစ်ဦးတည်းသောသူပဲ ဖြစ်ပါတယ်။ သူ့ရှေ့မှာ ကျွန်တော်တို့ရဲ့ ဖိစီးမှုတွေ၊ သံသယတွေ၊ ကြောက်ရွံ့အားငယ်မှုတွေ၊ စိတ်ဆန္ဒတွေကို မချွင်းမချန် အကုန်ဖွင့်ဟလို့ ရပါတယ်။ သူဟာ သင်ထင်ထားတာထက် သင့်ကို ပိုစာနာနားလည်ပေးနိုင်သူ၊ ကူညီ ထောက်မပေးနိုင်သူဖြစ်ပါတယ်။ ယေရှုဘုရားကို ခေါ်ကြည့်ပါ။ သင့်ကို သူဘယ်တော့မှ စိတ်ပျက်စေမှာ မဟုတ် ပါဘူး။
Video ကြည့်ရှုရန် - https://www.youtube.com/watch?v=r8KkngHNwJY&list=PLRkaOGfUi-q7lsV_RpBIClKVEDcwPkykk&index=3





