လူတွေရဲ့ အချစ်တွေ ဘာလို့ဖောက်ပြန်ရတာလဲ

သာယာကျေနပ်မှုမရှိတာ၊ အချင်းချင်း အချိန်ကောင်းကောင်းမပေးနိုင်တာ၊ သွေးဆောင်ဖျားယောင်းမှုတွေ ကြုံရတာ၊ တကိုယ်ရည် စိတ်မလုံခြုံမှုကို ဖြေရှင်းတာ၊ အသစ်အဆန်းတွေကို စူးစမ်းကြည့်ချင်တာ၊ လက်တုန့်ပြန်ချင်တာ … စတာတွေကြောင့် ဖောက်ပြန်မှုဖြစ်ပေါ်လာရပါတယ်။



 နိဒါန်း 


အိမ်ထောင်ရေးကွာရှင်းပြတ်ဆဲမှု (၅၀%)ကျော်ဟာ ဖောက်ပြန်မှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ကလေးငယ် (၂)ရာခိုင်နှုန်းကနေ (၃)ရာခိုင်နှုန်းခန့်အထိဟာ ဖောက်ပြန်ခြင်းရဲ့ ရလဒ်ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုရှယ်မီဒီယာတွေကလည်း ဖောက်ပြန်ခြင်းကိစ္စကို ပိုလွယ်ကူ လာအောင် ကူညီပေးနေပြန်ပါတယ်။ 


သာယာကျေနပ်မှုမရှိတာ၊ အချင်းချင်း အချိန်ကောင်းကောင်းမပေးနိုင်တာ၊ သွေးဆောင်ဖျားယောင်းမှုတွေ ကြုံရတာ၊ တကိုယ်ရည် စိတ်မလုံခြုံမှုကို ဖြေရှင်းတာ၊ အသစ်အဆန်းတွေကို စူးစမ်းကြည့်ချင်တာ၊ လက်တုန့်ပြန်ချင်တာ … စတာတွေကြောင့် ဖောက်ပြန်မှုဖြစ်ပေါ်လာရပါတယ်။ 


ဖောက်ပြန်မှုမှာ အသေးစားနဲ့ အကြီးစားဖောက်ပြန်မှုဆိုပြီး အဆင့်အမျိုးမျိုးရှိပါတယ်။ အသေးစားဖောက်ပြန်မှု (Micro-cheating) ဟာ တစ်ယောက်ယောက်နဲ့ လျှို့ဝှက် message ပေးပို့တာ၊ ပရောပရည်လုပ်တာ၊ အကောင့်အတုဖွင့်ပြီး ဆက်သွယ်နေတာ၊ တခြားသူတစ်ယောက်ဆီကနေ တန်ဖိုးထားမှု၊ ဂရုစိုက်မှု ကို ပုံမှန်ရှာဖွေနေတာမျိုး ဖြစ်ပါတယ်။ အကြီးစားဖောက်ပြန်မှု (Macro-cheating)ကတော့ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ပတ်သက်မှုတွေအထိပါဝင်လာပြီး၊ သစ္စာတရားကို ချိုးဖျက်ခြင်း၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခြင်း ဖြစ်ပါတယ်။ 


ကွဲပြားမှုကြီးမားလေ၊ ဖောက်ပြန်နိုင်ချေ များလေလေ

  • ဘာသာရေးယုံကြည်မှု၊ လူမှုစီးပွားရေးနောက်ခံ၊ ပညာရေးအဆင့်အတန်း၊ ကျင့်ဝတ်ရေးရာစံနှုန်းကွဲပြားမှုရှိတဲ့ အိမ်ထောင်တွေဟာ အခြားအိမ်ထောင်တွေထက် ဖောက်ပြန်နိုင်ချေပိုများတာ တွေ့ရပါတယ်။ ဒီကွဲပြားမှုတွေက အိမ်ထောင်ရေးမှာ ပဋိပက္ခတွေဖြစ်ပေါ်စေပြီး၊ အိမ်ထောင်ဘက်တွေကို ပြင်ပမှာ သာယာကျေနပ်မှု ရှာဖွေဖို့ အကြောင်းဖန်လာစေပါတယ်။ 

အမျိုးသား၊ အမျိုးသမီး ဖောက်ပြန်မှု

  1. ဖောက်ပြန်သူတွေထဲမှာ အမျိုးသားက (၅၇%) ရှိပြီး၊ အမျိုးသမီးက (၅၄%) ရှိတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀)အတွင်း အမျိုးသမီးဖောက်ပြန်မှုနှုန်းဟာ (၄၀%)လောက် မြင့်တက်လာတယ်လို့ သိရပါတယ်။ 
  2. အမျိုးသမီးတွေဖောက်ပြန်ရခြင်းအကြောင်းအရင်းက စိတ်ခံစားချက်အလိုပြည့်၀ဖို့ (emotional satisfaction) က အဓိကဖြစ်ပြီး၊ အမျိုးသားတွေဖောက်ပြန်ရခြင်းအကြောင်းအရင်းက ကိုယ်ကာယ သွေးသားလှုံဆော်မှု (sexual motivation) က အဓိကဖြစ်ပါတယ်။ 
  3. ဒါကြောင့်ပဲ ဖောက်ပြန်မှုအပေါ် အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ ရှုမြင်ပုံကလည်း ကွဲပြားသွားပါတယ်။ အမျိုးသားတွေက လိင်ပိုင်းဆိုင်ရာဖောက်ပြန်မှုကို လက်မခံနိုင်ကြသလို၊ အမျိုးသမီးတွေက စိတ်ခံစားမှုဆိုင်ရာ ဖောက်ပြန်မှုကို သည်းမခံနိုင်ကြပါဘူး။ 
  4. အမျိုးသမီးတွေဟာ သူတို့နဲ့ ရင်းနှီးတဲ့အသိအကျွမ်းမိတ်ဆွေတွေနဲ့ ဖောက်ပြန်မိကြပြီး၊ အမျိုးသားတွေကတော့ လုပ်ဖော်ဆောင်ဖက်တွေနဲ့ ဖောက်ပြန်မိတတ်ကြတယ်လို့ ဆိုပါတယ်။ 

ဖောက်ပြန်မှုအပေါ် အထင်နဲ့ လက်တွေ့ 

  1. အိမ်ထောင်ရေးမသာယာလို့ ဖောက်ပြန်ကြတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ အိမ်ထောင်ရေးသာယာ နေပါလျက်နဲ့ ဖောက်ပြန်ကြသူတွေ ရှိပါတယ်။ စစ်တမ်းတစ်ခုအရ ဖောက်ပြန်သူတွေထဲက အမျိုးသား (၅၆%) နဲ့ အမျိုးသမီး (၃၄%)က သူတို့ရဲ့ အိမ်ထောင်ရေးအခြေအနေ ‘ကောင်းတယ်’ ‘သာယာတယ်’ ‘အရမ်းအဆင်ပြေပါ တယ်’ (happy or very happy) လို့ ဆိုပါတယ်။ 
  2. အိမ်ထောင်ဘက်အပေါ် ချစ်စိတ်ကုန်ခမ်းသွားလို့ ဖောက်ပြန်ကြတယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဖောက်ပြန်မိသူများစွာဟာ ကိုယ့်လက်တွဲဖော်ကို ချစ်မြဲချစ်နေကြဆဲပါ။ ချစ်လျက်သားနဲ့ ဖောက်ပြန်နိုင်တာ ကြောင့်၊ ဖောက်ပြန်ရခြင်းအကြောင်းအရင်းတွေမှာ ချစ်ခြင်းအပြင် အခြားအကြောင်းကိစ္စတွေလည်း ပါနေမယ် ဆိုတာ ထင်ရှားပါတယ်။ 
  3. ဖောက်ပြန်သူတွေမှာ ဖောက်ပြန်ချင်စိတ်က အစကတည်းက ရှိနေတာလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ ဘယ်သူကမှ ဖောက်ပြန်ဖို့ အစီအစဉ်နဲ့ Relationship တစ်ခုကို အစပြုကြတာမဟုတ်ပါဘူး။ အခြေအနေတွေ၊ အကြောင်းချင်းရာတွေရဲ့ ဖန်တီး၊တွန်းပို့မှုကြောင့်သာ ဖောက်ပြန်သွားကြတာဖြစ်ပါတယ်။ 


ဖောက်ပြန်မှုတွေရဲ့ အဆုံးသတ်ရလဒ် 

  1. တစ်ယောက်ယောက်ရဲ့ ချစ်သူ၊ ဘ၀လက်တွဲဖော်ဖြစ်သွားတဲ့အခါ ‘ငါဟာ ရွေးချယ်ခံရသူ၊ ငါဟာ ထူးခြားသူ၊ ငါဟာ အစားထိုးလို့မရနိုင်တဲ့သူ၊ ငါဟာ သူရှာနေတဲ့သူ I am the one.’ လို့ ခံစားရစေပါတယ်။ ဒါပေမယ့် ဖောက်ပြန်မှုက “မင်းဟာ မင်းကိုယ်မင်း ထင်နေသလို မဟုတ်ဘူး” လို့ ဒဲ့ပြောလိုက်သလို ဖြစ်သွားပါ တယ်။ ဒါဟာ အတော်ဆိုးရွားတဲ့နာကျင်ခံစားမှုနဲ့ စိတ်ဒဏ်ရာကို ဖြစ်စေပါတယ်။ 
  2. ဖောက်ပြန်ကြသူအများစုဟာ သူတို့ရဲ့လုပ်ရပ်ကို နောင်တ ရကြပါတယ်။ စစ်တမ်းတွေအရ ဖောက်ပြန်သူ (၆၇.၄%) က သူတို့ရဲ့လုပ်ရပ်အပေါ် မလုံမလဲစိတ်၊ နောင်တစိတ်၊ ဝမ်းနည်းစိတ်တွေ ခံစားရတယ်လို့ ဝန်ခံကြပါတယ်။
  3. ဖောက်ပြန်ပြီးနောက်မှာ အိမ်ထောင်ရေးသာယာနိုင်ချေ အတော်နည်းပါးပါတယ်။ (၁၆%) ပဲ ရှိပါတယ်။ 
  4. မိဘတစ်ဦးတစ်ယောက် ဖောက်ပြန်တဲ့အခါ ကိုယ့်အိမ်ထောင်ဘက်အပေါ်မှာသာမက၊ သားသမီးတွေအပေါ်လည်း ဖောက်ပြန်တာဖြစ် ကြောင်း သိဖို့ လိုပါတယ်။ အိမ်ထောင်ရေးဖောက်ပြန်သူတွေရဲ့ သားသမီးတွေဟာ လူမှုဆက်ဆံရေး၊ အချစ်ရေးနဲ့ အိမ်ထောင်ရေးကိစ္စတွေမှာ သူများတွေထက် အဆင်မပြေမှုတွေ ပိုကြုံ၊ပိုရင်ဆိုင်ရလေ့ရှိသလို မိဘအပေါ် ယုံကြည်မှု၊ လေးစားမှုတွေလည်း ထိခိုက်ပျက်စီးသွားတယ်။ 
  5. ဖောက်ပြန်‌ခြင်းဟာ လိင်မှတဆင့် ရောဂါကူးစက်ခံရနိုင်ချေကို မြှင့်တင်ပေးပါတယ်။


ဖောက်ပြန်ခြင်းကို ရှောင်ရှား၊ကုစားနိုင်ဖို့ … 

  1. No marriage is perfect. သာယာပြည့်စုံတဲ့အိမ်ထောင်ရေးဆိုတာ မရှိဘူးဆိုတာကို သိနားလည်ထားဖို့ လိုတယ်။ အားနည်းချက်ကိုယ်စီရှိကြသူနှစ်ဦး၊ နောက်ခံမတူသူနှစ်ဦးက ဘ၀တစ်ခုကိုအတူတည်ဆောက်နေကြတာဖြစ်လို့ အချစ်နဲ့ အိမ်ထောင်ရေးဟာ အထင်နဲ့ လက်တွေ့ ကွဲလွဲနေနိုင်တာကို ချစ်သူဘ၀ကတည်းက၊ လက်မထပ်မီကတည်းက သိနားလည်ထားဖို့နဲ့ ပြင်ဆင်ထားဖို့ လိုပါတယ်။ အိမ်ထောင်ရေးမှာ ခံစားချက်ထက်၊ ခံယူချက်ကို ပိုဦးစားပေးဖို့ လိုတာကိုလည်း သတိပြုပါ။ အိမ်ထောင်ရေးမှာ ခက်ခဲတွေဘယ်လောက်ရှိရှိ ကြိုးစားပြီး ကုစားနိုင်ဖို့ ခံယူချက် ထားရှိရပါမယ်။
  2. အိမ်ထောင်ရေးသာယာပျော်ရွှင်မှုထက် ပိုကောင်းမွန်တဲ့အရာ ဘာမှ မရှိပါဘူး။ ကာကွယ်ခြင်းက ကုသခြင်းထက် အမြဲပိုကောင်း၊ပိုမှန်တာကို သတိပြုပါ။ ဖောက်ပြန်တာတွေဖြစ်ပြီးမှ ပြန်ကုစားနိုင်ဖို့ကြိုးစားတာထက်၊ အစော ကတည်းက အိမ်ထောင်သာယာပျော်ရွှင်ဖို့ ဂရုစိုက်ပါ။ 
  3. သမ္မာကျမ်းစာကဖော်ပြတဲ့အိမ်ထောင်ရေးဟာ ဇနီးမောင်နှံနှစ်ဦးဆိုတဲ့ ပုဂ္ဂိုလ်နှစ်ဦးပဲပါဝင်တဲ့အရာ မဟုတ်ပါဘူး။ ဘုရားသခင်လည်း ပါဝင်ပြီး၊ ပင်မအချက်အချာနေရာမှာ တည်ရှိသူဖြစ်ပါတယ်။ ဘုရားသခင်ဟာ ကမ္ဘာ့ပထမဆုံး လက်ထပ်ပွဲကိုစီစဉ်ခဲ့သူဖြစ်တယ်။ ယေရှုဘုရားရဲ့ ပထမဆုံးတန်ခိုးထင်ရှားပြသမှုကလည်း မင်္ဂလာပွဲမှာဖြစ်တယ်။ ဘုရားအစပြုပေးတဲ့အိမ်ထောင်ကို ဘယ်အရာကမှ ဖျက်ဆီးတာကို ဘုရား အလိုမရှိဘူး။ ခင်ပွန်းက ကိုယ့်ဇနီးကို ချစ်ရမယ်၊ ဇနီးကလည်း ကိုယ့်ခင်ပွန်းကို လေးစားရမယ်။ နှစ်ယောက်လုံးက ဘုရားကို ဦးထိပ်ထား ရမယ်။ ဒါက အနှစ်ချုပ်ဖြစ်ပြီး၊ အိမ်ထောင်တစ်ခု ပျော်ရွှင်သာယာဖို့ နည်းလမ်းပဲ ဖြစ်တယ်လို့ သမ္မာကျမ်းစာက ဆိုပါတယ်။ အိမ်ထောင်ရဲ့ အချုပ်ဟာ ဘုရားသခင်ပဲ ဖြစ်ရမယ်။ 

သမ္မာကျမ်းစာက ဘုရားနဲ့ လူအကြားမှာရှိတဲ့ ဆက်နွယ်ပတ်သက်မှုပုံစံကို နည်းအမျိုးမျိုးနဲ့ တင်စားဖော်ပြလေ့ရှိ တယ်။ သိုးနဲ့ သိုးထိန်း၊ ရှင်ဘုရင်နဲ့ ပြည်သူ၊ ဖခင်နဲ့ သား… စတာတွေသာမက လင်နဲ့ မယား အဖြစ်လည်း တင်စား ဖော်ပြထားသေးတယ်။ (ပရောဖက်ဟောရှေနှင့် ပြည့်တန်ဆာဂေါမာဇာတ်လမ်း)

By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More