ကမ္ဘာ့အသန်မာဆုံးသူရဲ့  ရှုံးနိမ့်မှု

𝐌𝐚𝐫𝐢𝐮𝐬𝐳 𝐏𝐮𝐝𝐳𝐢𝐚𝐧𝐨𝐰𝐬𝐤𝐢 ဆိုသူဟာ ကမ္ဘာ့အသန်မာဆုံးသူပါ။ သမိုင်းမှာ သူ့လို သန်မာသူမရှိဘူးလို့တောင် ပြောလို့ရမယ် ထင်ပါတယ်။ သံတုံးကြီးတွေ၊ ထရပ်ကား ကြီးတွေ၊ မီးရထားတွဲနဲ့ လေယာဉ်ပျံကိုတောင် ကြိုးနဲ့ ဆွဲပြနိုင်သူဖြစ်ပြီး၊ သူ့ကို အနိုင်ယူပြနိုင်သူ မရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ ကမ္ဘာ့အသန်မာဆုံးဆုတံဆိပ်ကို (၅)ကြိမ် တိတိ ဆွတ်ခူးခဲ့ပါတယ်။ ဒီလူသန်ကြီး 𝐔𝐅𝐂 ကြိုး၀ိုင်းထဲဝင်လာတဲ့အခါ၊ 𝐔𝐅𝐂 ရဲ့ 𝐌𝐌𝐀 𝐅𝐢𝐠𝐡𝐭𝐞𝐫 တွေအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်လာပါတယ်။

𝐌𝐚𝐫𝐢𝐮𝐬𝐳 𝐏𝐮𝐝𝐳𝐢𝐚𝐧𝐨𝐰𝐬𝐤𝐢 ဆိုသူဟာ ကမ္ဘာ့အသန်မာဆုံးသူပါ။ သမိုင်းမှာ သူ့လို သန်မာသူမရှိဘူးလို့တောင် ပြောလို့ရမယ် ထင်ပါတယ်။ သံတုံးကြီးတွေ၊ ထရပ်ကား ကြီးတွေ၊ မီးရထားတွဲနဲ့ လေယာဉ်ပျံကိုတောင် ကြိုးနဲ့ ဆွဲပြနိုင်သူဖြစ်ပြီး၊ သူ့ကို အနိုင်ယူပြနိုင်သူ မရှိခဲ့ပါဘူး။ ဒါကြောင့်ပဲ ကမ္ဘာ့အသန်မာဆုံးဆုတံဆိပ်ကို (၅)ကြိမ် တိတိ ဆွတ်ခူးခဲ့ပါတယ်။ ဒီလူသန်ကြီး 𝐔𝐅𝐂 ကြိုး၀ိုင်းထဲဝင်လာတဲ့အခါ၊ 𝐔𝐅𝐂 ရဲ့ 𝐌𝐌𝐀 𝐅𝐢𝐠𝐡𝐭𝐞𝐫 တွေအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်လာပါတယ်။ 


သူ့ရဲ့ ပထမထိုးသတ်ပွဲမှာ ကြောက်စရာကောင်းတဲ့ခြေကန်ချက်တွေ၊ ထိုးချက်တွေ နဲ့ ပြိုင်ဘက်ကို အနိုင်ယူပြခဲ့ပါတယ်။ ဒုတိယပွဲမှာလည်း သူ့ပြိုင်ဘက်ကို လှဲချခဲ့ပြီး အပြင်းစားလက်သီးတွေ ကျွေးရင်း အနိုင်ယူပြခဲ့ပြန်ပါတယ်။ ပထမ(၂)ပွဲကို အနိုင်နဲ့ ဖွင့်ခဲ့ပေမယ့်၊ သူ့မှာ သက်လုံပိုင်းဆိုင်ရာ ပြဿနာရှိ နေခဲ့တယ်။ ဒါကြောင့် တတိယပွဲမှာ သူဟာ ရပ်ပြီးထိုးဖို့ အတွက်တောင် အားကုန်သွားခဲ့ပြီး၊ ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့် သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ 𝐌𝐚𝐫𝐢𝐮𝐬𝐳 ဟာ နိုင်တလှည့်၊ ရှုံးတလှည့်နဲ့ ပွဲစဉ်ပေါင်း (၂၆)ပွဲ ထိုးသတ်ခဲ့ပြီး၊ (၁၇)ပွဲအနိုင်၊ (၉)ပွဲအရှုံးနဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။


ဒီအချက်က ‘ကမ္ဘာ့အသန်မာဆုံးသူတွေလည်း အမြဲမသန်မာကြဘူး’ဆိုတာကို ဖော်ပြနေပါတယ်။ ကိုယ့်ရဲ့ သန်မာမှုကို ကိုယ့်အပေါ်ပြန်ပြီး ရန်မပြုနိုင်တဲ့အရာတွေနဲ့ စစ်ဆေးချိန်မှာ 𝐌𝐚𝐫𝐢𝐮𝐬𝐳 ဟာ အသန်မာဆုံးသူ ဖြစ်ခဲ့ ပေမယ့်၊ သူတပြန်၊ ကိုယ်တပြန်အနိုင်ထိုးနှက်တိုက်ခိုက်ရတဲ့အချိန်မှာတော့ အသန်မာဆုံး ဖြစ်မလာတော့ပါဘူး။ သန်မာလှပါတယ်ဆိုတဲ့ ကျွန်တော်တို့ဟာလည်း အခြားအခြေအနေတစ်မျိုးနဲ့ မှတ်ကျောက်တင်စစ်ဆေးခံရတဲ့ အခါ ရလဒ်ပြောင်းလဲသွားတာမျိုး ဖြစ်တတ်ပါတယ်။ 

သာမန်အခြေအနေမှာ ကျွန်တော်တို့ဟာ စိတ်တည်ငြိမ်သူ၊ တည်ကြည်တဲ့သူ၊ သဘောထားကြီးသူလို့ လူအများ ရဲ့ အသိအမှတ်ပြုခံရနိုင်ပေမယ့်၊ ဘ၀ရဲ့လောကဓံအခြေအနေအမျိုးမျိုးနဲ့ ကြုံရတဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့ တည်ငြိမ်မှု၊ တည်ကြည်မှု၊ ကြံ့ခိုင်မှုတွေဟာ အားလျော့သွားတတ်ပါတယ်။ ကိုယ့်ကို တွန်းတိုက်ထိုးနှက်နေသူ တွေအပေါ် သဘောထားကြီးဖို့၊ ဗလောင်ဆူနေတဲ့လောကဓံရဲ့စိန်ခေါ်မှုတွေကို တည်ငြိမ်စွာ ရင်ဆိုင်နိုင်ဖို့၊ ဘ၀ အနိမ့်အမြင့်တိုင်းမှာ တည်ကြည်ဖို့၊ ရလဒ်တိုင်းကိုလက်ခံနိုင်လောက်အောင် စိတ်ဓာတ်ကြံ့ခိုင်ဖို့ဆိုတာ တကယ် မလွယ်တဲ့ကိစ္စပါ။ ကိုယ့်ရဲ့ စိတ်ဓာတ်ခွန်အားတစ်ခုတည်းနဲ့ မယိုင်မလဲရှေ့ဆက်နိုင်ဖို့ ခက်ခဲတဲ့အခြေအနေတွေ အများကြီးရှိပါတယ်။ ကိုယ့်ရဲ့ နားလည်မျှော်မြင်နိုင်စွမ်းနဲ့ ဖြေရှင်းဖို့ မလုံလောက်တဲ့ စိန်ခေါ်မှုတွေ၊ ကိုယ့်ရဲ့ ခံနိုင် ရည်အားလုံးကုန်ခမ်းသွားတဲ့အထိ တိုက်ခိုက်မှုတွေ ကြုံလာရတဲ့အခါ သင်ဘာဆက်လုပ်မလဲ။ 


‘ငါ့ကိုခွန်အားနဲ့ ပြည့်စုံစေတော်မူသော ယေရှုဘုရားအားဖြင့် အရာခပ်သိမ်းကို ငါတတ်စွမ်းနိုင်၏’လို့ ရှင်ပေါလု က ဝန်ခံပြောကြားခဲ့ပါတယ်။ ကြွယ်၀မှုနဲ့ နွမ်းပါးမှု၊ ပိုလျှံမှုနဲ့ ချို့တဲ့မှု၊ ချစ်ခင်မှုနဲ့ သစ္စာဖောက်မှု၊ ချီးမြှောက်မှုနဲ့ ချိုးနှိမ်မှု စတဲ့အခြေအနေအမျိုးမျိုးကို သူလည်း ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် ဘ၀ရဲ့ အနိမ့်အမြင့်အတက်အကျ အခြေအနေတိုင်းမှာ သူ့စိတ်ခွန်အားတစ်ခုတည်းနဲ့မဟုတ်ဘဲ၊ ဘုရားပေးတဲ့ခွန်အားတွေကြောင့် ကြံ့ခိုင်သန်မာစွာ သူရင်ဆိုင်အောင်မြင်ခဲ့တယ်လို့ဆိုပါတယ်။ သင်လည်း အဲသလိုခွန်အားကို လိုအပ်ကောင်းလိုအပ်နေနိုင်ပါတယ်။ ယေရှုဘုရားဆီကို လာခဲ့လိုက်ပါ။ သင့်ရဲ့အမောတွေအားလုံးကို သူဖြေသိမ့်ပေးနိုင်ပါတယ်။ ရှေ့ဆက်လျှောက်ဖို့ လိုအပ်တဲ့ဘ၀ခွန်အားတွေကိုလည်း သူပေးဖို့ အသင့်စောင့်ကြိုနေပါတယ်။ ဘယ်သူမှ မပေးစွမ်းနိုင်တဲ့ ရဲရင့်မှု၊ ကြံ့ခိုင်မှုနဲ့ မှန်ကန်စွာ ပိုင်းခြားနားလည်နိုင်မှုတွေကို သူပေးနိုင်ပါတယ်။ သူဟာ သင်တကယ်လိုအပ်နေတဲ့သူ၊ သင့်ကို အကောင်းဆုံးစာနာနားလည်ပေးနိုင်သူနဲ့ ကူညီပေးနိုင်သူဖြစ်ပါတယ်။ ငါ့ကို ခေါ်လော့၊ ငါထူးမယ်လို့ သူပြောပါတယ်။ သူ့ကို ခေါ်ကြည့်လိုက်ပါ။ 



By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More