သေချင်စိတ်ပေါက်ခဲ့တဲ့ MMA ချန်ပီယံ

Ronda Rousey က ဂျူဒိုကစားသမား၊ နပမ်းသမား၊ MMA ဖိုက်တာနဲ့ ရုပ်ရှင် မင်းသမီးဖြစ်ပါတယ်။ Rousey ရဲ့ အမေဟာ ဂျူဒိုအားကစားမှာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပြီး၊ Rousey ဟာလည်း အေသင်အိုလံပစ်ပွဲအားကစားပွဲတော်မှာ အသက်(၁၇)နှစ်အရွယ်နဲ့ ဂျူဒိုဝင်ပြိုင်ခဲ့လို့ ကမ္ဘာ့အသက်ငယ်ဆုံး ဂျူဒိုကစား သမားဖြစ်ခဲ့ပါတယ်။

𝐑𝐨𝐧𝐝𝐚 𝐑𝐨𝐮𝐬𝐞𝐲 က ဂျူဒိုကစားသမား၊ နပမ်းသမား၊ 𝐌𝐌𝐀 ဖိုက်တာနဲ့ ရုပ်ရှင် မင်းသမီးဖြစ်ပါတယ်။ 𝐑𝐨𝐮𝐬𝐞𝐲 ရဲ့ အမေဟာ ဂျူဒိုအားကစားမှာ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပြီး၊ 𝐑𝐨𝐮𝐬𝐞𝐲 ဟာလည်း အေသင်အိုလံပစ်ပွဲအားကစားပွဲတော်မှာ အသက်(၁၇)နှစ်အရွယ်နဲ့ ဂျူဒိုဝင်ပြိုင်ခဲ့လို့ ကမ္ဘာ့အသက်ငယ်ဆုံး ဂျူဒိုကစား သမားဖြစ်ခဲ့ပါတယ်။ ဂျူဒိုပြိုင်ပွဲတွေမှာ ဆုတံဆိပ်များစွာ ဆွတ်ခူးယူခဲ့ပြီး နောက်မှာ 𝐌𝐌𝐀 ကစားသမားလိုင်းကို ရောက်လာခဲ့ပြီး၊ 𝐔𝐅𝐂 နဲ့ ပထမဆုံး စာချုပ်ချုပ်တဲ့အမျိုးသမီးကစားသမားလည်း ဖြစ်ခဲ့ပါတယ်။ 𝐔𝐅𝐂 မှာ သူဟာ ပထမ(၁၀)ပွဲလုံးကို ရှုံးပွဲမရှိဘဲ၊ နိုင်ပွဲဆက်တွေနဲ့ ချန်ပီယံခါးပတ်ကို ထိုက်ထိုက် တန်တန်ရယူခဲ့သူ ဖြစ်ပြီး၊ ထိုးကြေးအများဆုံးရတဲ့ကစားသမားတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ချန်ပီယံခါးပတ်ကာကွယ်ပွဲကိုလည်း (၆)ပွဲတိတိ ကာကွယ်နိုင်ခဲ့သူဖြစ်ပြီး၊ ဘယ်သူကမှ ရပ်တန့် လို့ မရခဲ့တဲ့ ချန်ပီယံတစ်ဦးဖြစ်ခဲ့ပါတယ်။ 𝐂𝐚𝐭 𝐙𝐢𝐧𝐠𝐚𝐧𝐨 နဲ့ ထိုးသတ်ပွဲမှာ လက်ကိုချုပ်ပြီး၊ (၁၄)စက္ကန့်အတွင်း 𝐒𝐮𝐛𝐦𝐢𝐬𝐬𝐢𝐨𝐧 နဲ့ အနိုင်ယူခဲ့လို့ အမြန်ဆုံး 𝐒𝐮𝐛𝐦𝐢𝐬𝐬𝐢𝐨𝐧 စံချိန်ကို ချိုးပြနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။


ဒီလိုနိုင်ပွဲဆက်တွေများလာတဲ့ 𝐑𝐨𝐮𝐬𝐞𝐲 ဟာ လူတွေရဲ့ လေးစားအားကျမှု၊ ဂုဏ်ယူမှုနဲ့ အထင်ကြီးမှုတွေကို ရရှိခဲ့ သလို၊ တဖက်မှာလည်း သူ့အပေါ် လူတွေရဲ့ မျှော်လင့်ချက်တွေ ကြီးမားလာပါတယ်။ တစ်ပွဲနိုင်တိုင်း နောက်ပွဲကို လည်းအနိုင်ယူပြဖို့ တောင်းဆိုချက် ပိုကြီးမားလာခဲ့ပါတယ်။ သူ့ရဲ့ အောင်မြင်မှုစံချိန်ကပဲ သူ့အတွက် ဖိအားတွေ ဖြစ်လာပါတယ်။ “အရိုးကိုက်ထားတဲ့ခွေးက အမြဲတမ်းအန္တရာယ်ရှိတယ်လေ။ ဒါကြောင့် ကျွန်မအမြဲတမ်း စိုးရိမ် ကြောင့်ကြနေခဲ့တယ်”လို့ 𝐑𝐨𝐮𝐬𝐞𝐲 က ဆိုပါတယ်။ 𝐇𝐨𝐥𝐥𝐲 𝐇𝐨𝐥𝐦 နဲ့ ထိုးသတ်ပွဲမှာ 𝐑𝐨𝐮𝐬𝐞𝐲 ဟာ မျက်နှာဖျက်ကန် ခံရပြီး၊ လက်သီးနဲ့လည်း တရစပ်ထိုးခံရတာကြောင့် ဒိုင်ပွဲရပ်နဲ့ ရှုံးသွားတဲ့အခါ သူ့အပေါ် လူတွေ အကြီးအကျယ် စိတ်ပျက်သွားခဲ့ကြပါတယ်။ 𝐔𝐅𝐂 သမိုင်းမှာ ‘အကြီးမားဆုံး စိတ်ပျက်စရာ’ 𝐁𝐢𝐠𝐠𝐞𝐬𝐭 𝐔𝐩𝐬𝐞𝐭 လို့တောင် လူတွေ က ပြောကြပါတယ်။ သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ်သတ်သေလိုက်ဖို့အထိ အတွေးဝင်သွားခဲ့ပါတယ်။ နောက်တစ်ပွဲမှာလည်း ရှုံးပွဲနဲ့ ပြန်ကြုံရတဲ့အခါ 𝐑𝐨𝐮𝐬𝐞𝐲 အကြီးအကျယ် စိတ်ဓာတ်ကျသွားခဲ့ပြီး၊ 𝐌𝐌𝐀 ကစား သမားဘ၀ကနေ နားသွားခဲ့ပါတယ်။ 



𝐑𝐨𝐮𝐬𝐞𝐲 ရဲ့အဖြစ်အပျက်ကနေ သင်ခန်းစာ(၂)ခု တွေ့ရပါတယ်။ ပထမတစ်ခုက အောင်မြင်ဖို့အတွက် ဖိအားတွေ ရှိသလို၊ အောင်မြင်လာတဲ့အခါမှာလည်း ဖိအားတွေ ရှိနေပြန်တယ်ဆိုတဲ့သင်ခန်းစာ ဖြစ်ပါတယ်။ 𝐑𝐨𝐮𝐬𝐞𝐲 ဟာ ချန်ပီယံခါးပတ်ပိုင်ရှင်ဖြစ်ဖို့ ကြီးကြီးမားမား ရင်းနှီးပေးဆပ်ခဲ့ရသလို၊ ချန်ပီယံခါးပတ် ပြန်မဆုံးရှုံးရဖို့ ဖိအားတွေ နဲ့ လုံးပမ်းခဲ့ရပြန်ပါတယ်။ ဒုတိယသင်ခန်းစာကတော့ ကိုယ့်အပေါ် လူတွေရဲ့ မျှော်လင့်ချက်ကြီးမားလာလေလေ၊ ဒီမျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ခက်ခဲပင်ပန်းရလေလေဖြစ်တယ်ဆိုတာပါပဲ။ လူတွေက အောင်မြင် နေတဲ့ 𝐑𝐨𝐮𝐬𝐞𝐲 ၊ အထွတ်အထိပ်မှာအောင်ပွဲခံနေတဲ့ 𝐑𝐨𝐮𝐬𝐞𝐲 ကိုပဲ မြင်ချင်ကြတာပါ။ ရှုံးနိမ့်သွားတဲ့ 𝐑𝐨𝐮𝐬𝐞𝐲 ၊ ပြိုလဲသွားတဲ့ 𝐑𝐨𝐮𝐬𝐞𝐲 ကို မမြင်ချင်ကြပါဘူး။ ဒါဟာ အားပေးတာလား၊ ဖိအားလားဆိုတာ ဝေခွဲရခက်ပါတယ်။ 



ဘ၀မှာ 𝐑𝐨𝐮𝐬𝐞𝐲 လိုအဖြစ်မျိုး သင်လည်း ကြုံကောင်းကြုံရနိုင်ပါတယ်။ အောင်မြင်ဖို့အတွက် ရုန်းရင်း၊ လုံးရင်း ပင်ပန်းနေတာမျိုး၊ ကိုယ့်အပေါ် ကိုယ့်မိသားစုရဲ့မျှော်လင့်ချက်တွေ၊ ကိုယ့်အသိုင်းအ၀ိုင်းရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားရင်းပင်ပန်းနေတာမျိုး သင်ကြုံနေရနိုင်ပါတယ်။ အောင်မြင်မှုနောက်လိုက်ရင်း အောင်မြင်မှုနှောင်ကြိုးထဲက ပြန်ရုန်းထွက်လို့မရလောက်အောင် မွန်းကြပ်လာတာမျိုး၊ အားပေးတဲ့လက်ခုပ်သံ တွေကို ကျေနပ်စွာခံယူရင်း၊ အားပေးသံမရှိရင် ရှေ့ဆက်လို့မရနိုင်တော့လောက်အောင် ဆာလောင်လာတာမျိုး၊ ကိုယ့်ဘ၀တန်ဖိုးနဲ့ ကိုယ့်ရဲ့လူရာဝင်မှုကို ကိုယ့်ရဲ့အောင်မြင်မှု၊ ကျရှုံးမှုနဲ့ စျေးဖြတ်၊တံဆိပ်ကပ်ခံရတာမျိုး ဖြစ်နေ ပြီလား။ 



သင့်ဘ၀ဘယ်လိုပဲ ဖြစ်နေပါစေ၊ သင့်ကိုအရှိအတိုင်းလက်ခံကြိုဆိုနေသူတစ်ဦး ရှိပါတယ်။ သင့်ရဲ့ အောင်မြင်မှု ကြောင့် သင့်အပေါ် သူ့အချစ်တွေတိုးလာမှာမဟုတ်သလို၊ သင့်ရဲ့ မအောင်မြင်မှုကြောင့် သူ့ရဲ့ အချစ်တွေ လျေ့ာ ကျမသွားပါဘူး။ သူဟာ သင့်ကိုမပြောင်းလဲတဲ့မေတ္တာနဲ့ တန်ဖိုးထားပြီးချစ်နေတဲ့ ယေရှုဘုရားပဲ ဖြစ်ပါတယ်။ သူဟာ သင့်ကို သူ့အသက်စွန့်တဲ့အထိ တန်ဖိုးထားမြတ်နိုးတဲ့သူဖြစ်တယ်။ သင်ရှာနေတဲ့ဝမ်းမြောက်ပျော်ရွှင်မှုက အောင်မြင်မှုအပေါ်၊ လူတွေအပေါ်အခြေခံရင်၊ တက်လိုက်ကျလိုက်နဲ့ အမြဲပြောင်းလဲနေမှာပါ။ ဒါပေမယ့် သင့်ကို အရှိအတိုင်း လက်ခံတန်ဖိုးထားပြီး မပြောင်းမလဲချစ်နေတဲ့ ယေရှုဘုရားရဲ့ မေတ္တာအပေါ် ဘ၀ကို တည်ဆောက် ထားရင် ဝမ်းမြောက်ပျော်ရွှင်မှုအစစ်၊ လွတ်မြောက်မှုအစစ်ကို သင်ခံစားရမှာ အမှန်ပါ။  



By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More