MMA ချန်ပီယံတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

𝐅𝐢𝐠𝐡𝐭𝐞𝐫 ကစားသမားတစ်ယောက်ဖြစ်လို့ အများရဲ့အမြင်မှာ ကိုယ်ဟာ အားနည်းပျော့ညံ့သူ ဖြစ်နေလို့ မရဘူး။ ဒါကြောင့် ‘ဘ၀ကြီးက အဆင်ပြေတယ်၊ ကိုယ်ဟာ သန်မာသူဖြစ်တယ်’ဆိုပြီး နေရတယ်။ ဒါပေမယ့် လူတွေမမြင်တဲ့နောက်ကွယ်မှာ သံသယတွေ၊ စိုးရိမ်မှုတွေ၊ ကိုယ့်မိသားစုကိုတောင် မပြောပြ ဝံ့တဲ့ ခံစားချက်၊အတွေးတွေနဲ့ ရုန်းကန်ခဲ့ရတယ် … ဟန်ဆောင်မနေဘဲ၊ အစစ်အမှန်အတိုင်း၊ အဖြစ်မှန် အတိုင်းနေဖို့ ကြိုးစားခဲ့ပေမယ့်၊ ဘာတွေကိုပဲ လူတွေကို ပေးသိမယ်၊ ဘာတွေကိုတော့ ဖုံးကွယ်ထားရ မယ်ဆိုတာကလည်း ရှိနေပြန်တယ်။


၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှာ 𝐎𝐧𝐞 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧𝐬𝐡𝐢𝐩 ရဲ့ အမျိုးသမီးချန်ပီယံတစ်ဦး ဖြစ်တဲ့ 𝐀𝐧𝐠𝐞𝐥𝐚 𝐋𝐞𝐞 ဟာ 𝐌𝐌𝐀 ကစားသမားဘ၀ကနေ အနားယူသွားခဲ့ပါတယ်။ အသက်(၁၉)နှစ်အရွယ်မှာပဲ 𝐀𝐭𝐨𝐦𝐰𝐞𝐢𝐠𝐡𝐭 ချန်ပီယံတစ်ဦးဖြစ်လာခဲ့လို့၊ 𝐌𝐌𝐀 သမိုင်းမှာ ကမ္ဘာ့အသက်အငယ်ဆုံးချန်ပီယံအဖြစ် မှတ်တမ်းတင်ခံရသူလည်း ဖြစ်ပါတယ်။ ချန်ပီယံခါးပတ်ကာကွယ်ပွဲ(၅)ပွဲထိ ဆက်တိုက်ကာကွယ်နိုင်ခဲ့လို့ သန်မာတဲ့အမျိုးသမီးဆိုပြီး လူတကာအားကျရ၊မိသားစုဂုဏ်ယူရသူဖြစ်ပါတယ်။ 








𝐅𝐢𝐠𝐡𝐭𝐞𝐫 ကစားသမားတစ်ယောက်ဖြစ်လို့ အများရဲ့အမြင်မှာ ကိုယ်ဟာ အားနည်းပျော့ညံ့သူ ဖြစ်နေလို့ မရဘူး။ ဒါကြောင့် ‘ဘ၀ကြီးက အဆင်ပြေတယ်၊ ကိုယ်ဟာ သန်မာသူဖြစ်တယ်’ဆိုပြီး နေရတယ်။ ဒါပေမယ့် လူတွေမမြင်တဲ့နောက်ကွယ်မှာ သံသယတွေ၊ စိုးရိမ်မှုတွေ၊ ကိုယ့်မိသားစုကိုတောင် မပြောပြ ဝံ့တဲ့ ခံစားချက်၊အတွေးတွေနဲ့ ရုန်းကန်ခဲ့ရတယ် … ဟန်ဆောင်မနေဘဲ၊ အစစ်အမှန်အတိုင်း၊ အဖြစ်မှန် အတိုင်းနေဖို့ ကြိုးစားခဲ့ပေမယ့်၊ ဘာတွေကိုပဲ လူတွေကို ပေးသိမယ်၊ ဘာတွေကိုတော့ ဖုံးကွယ်ထားရ မယ်ဆိုတာကလည်း ရှိနေပြန်တယ်။ အရှိအတိုင်း ပွင့်လင်းဖို့ဆိုတာ တကယ်မလွယ်တဲ့အရာပါ”လို့ 𝐀𝐧𝐠𝐞𝐥𝐚 က ဆိုပါတယ်။ 





𝐀𝐧𝐠𝐞𝐥𝐚 ရဲ့ အဖြစ်လို ကြုံနေရသူ ဘယ်နှယောက်များ ရှိနေမလဲ။ တကယ်တော့‌ ကျွန်တော်တို့ အားလုံးဟာလည်း 𝐅𝐢𝐠𝐡𝐭𝐞𝐫 တွေ ဖြစ်ပါတယ်။ 𝐌𝐌𝐀 ကြိုး၀ိုင်းထဲမှာတော့မဟုတ်ပေမယ့်၊ ဘ၀ကြိုး၀ိုင်းထဲမှာတော့ လောကဓံတရား တွေနဲ့ နေ့စဉ်နဲ့အမျှတိုက်ခိုက်နေကြရတာပါ။ ဝမ်း၀ရေး၊ ဘ၀လှရေး၊ မိသားစုရေးအတွက်၊ အနာဂတ်အတွက်၊ အိပ်မက်တွေအတွက် နေ့တိုင်းတိုက်နေရပါတယ်။ တကယ်တော့ 𝐌𝐌𝐀 ကြိုး၀ိုင်းထက်၊ ဘ၀ကြိုး၀ိုင်းထဲက ရန်ဘက်က ပိုဆိုးပါတယ်။ 𝐌𝐌𝐀 စင်မြင့်ထက်ကရန်ဘက်က လအတန်ကြာမှ ရင်ဆိုင်ရတာမျိုးဖြစ်ပေမယ့်၊ ဘ၀ကြိုး၀ိုင်းထဲက ရန်ဘက်တွေကတော့ နေ့တိုင်းရင်ဆိုင်ရတာပါ။ မသေချာမှုတွေ၊ ထင်သလို ဖြစ်မလာတာ တွေ၊ စိတ်ပျက်မှု၊ မျှော်လင့်ချက်မဲ့မှု၊ သံသယစိတ်၊ လက်လျှော့လိုစိတ်တွေနဲ့ နေ့တိုင်းတိုက်နေရပါတယ်။ 





အမှန်တရားတစ်ခုရှိပါတယ်။ ဘယ်လောက်သန်မာတဲ့သူပဲ ဖြစ်ပါစေ၊ အားနည်းချိန် ဆိုတာရှိတယ်။ ယုံကြည်မှု ဆိုတာ တချိန်လုံး အမြင့်မှာရှိနေတာ မဟုတ်ပါဘူး။ တခါတလေ အရှိန်နဲ့ ထိုးကျချိန်တွေလည်း ရှိတတ်ပါတယ်။ အပြင်ပန်းမှာ သာယာသလိုထင်ရပေမယ့်၊ အတွင်းစိတ်မှာ မုန်တိုင်းထန်နေတတ်ပါတယ်။ တကယ်လို့ ဒီလို အဖြစ်မျိုး သင်လည်းကြုံနေရရင် စိတ်မလျှော့ပါနဲ့။ လက်မလျှော့လိုက်ပါနဲ့ ဦး။ “ဝန်လေးပြီး ပင်ပန်းသူတွေ၊ ငါ့ဆီ လာပါ။ ငါ ချမ်းသာပေးမယ်”လို့ ယေရှုဘုရားက ဆိုပါတယ်။ မိသားစုကပေးတဲ့ ဝန်၊ မိတ်ဆွေတွေပေးတဲ့ ဝန်၊ ကိုယ်တိုင်တင်ထားတဲ့ဝန်…ဘယ်လိုဝန်မျိုးဖြစ်ပါစေ၊ သက်သာပေါ့ပါးသွားအောင် ကူညီပေးဖို့ ယေရှုဘုရား က လက်ကမ်းကြိုနေပါတယ်။ ဘယ်သူကိုမှမပြောပြဝံ့တဲ့ သင့်ရဲ့ ဖိစီးပင်ပန်းမှုတွေနေရာမှာ၊ ဘယ်သူကမှ မပေးစွမ်းနိုင်တဲ့ မျှော်လင့်ချက်နဲ့ အားအင်သစ်ကိုအစားထိုးပေးဖို့ ယေရှုဘုရား ကူညီပေးနိုင်ပါတယ်။ 





By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More