လိပ်လိုလူ ဖြစ်နေပြီလား

လိပ်တွေဟာ အန္တရာယ်တစ်ခုခုကြုံရပြီလို့ ထင်ရင် သူတို့ရဲ့ ခြေ၊လက်တွေနဲ့ ဦးခေါင်းကို သူတို့ရဲ့ အခွံမာထဲထည့်ပြီး ပုန်းနေတတ်ပါတယ်။ သူတို့အနေနဲ့ ထွက်ပြီး ရင်ဆိုင်ဖို့လည်း မဖြစ်နိုင်၊ လှည့်ပြန်ထွက်ပြေးလို့လည်း မရတဲ့အနေအထားမျိုးဖြစ်တာကြောင့် ဒီလိုအခြေအနေမျိုးရင်ဆိုင်ရသူတွေကို Turtle Syndrome မိနေသူလို့ ပြောတာ ဖြစ်ပါတယ်။
စာအုပ်ပေါင်း (၆၀)ကျော်လောက်ကိုရေးသားခဲ့တဲ့ စာရေးဆရာ၊ ဟောပြောသူ၊ စွန့်ဦးတီထွင်သူနဲ့ အတိုင်အပင်ခံကြီး ဖြစ်တဲ့ Alan Weiss က ဟောပြောပွဲတစ်ခုမှာ Turtle Syndrome ဆိုတဲ့ဝေါဟာရတစ်ခုကို မိတ်ဆက်ပေးခဲ့ဖူးပါ တယ်။ တိုက်ရိုက်ဘာသာပြန်ရရင်တော့ လိပ်လို ရောဂါစုလို့ ပြောနိုင်ပေမယ့်၊ တကယ်ဆိုလိုရင်းက “ကုမ္ပဏီတွေ ရှေ့မတိုးသာ နောက်မဆုတ်သာ၊ လုပ်လည်းအခက်၊ မလုပ်လည်းအခက်ဆိုတဲ့ အကျပ်အတည်းထဲရောက်ရချိန်” တွေကို ရည်ညွှန်းလိုတာ ဖြစ်ပါတယ်။ လိပ်တွေဟာ အန္တရာယ်တစ်ခုခုကြုံရပြီလို့ ထင်ရင် သူတို့ရဲ့ ခြေ၊လက်တွေနဲ့ ဦးခေါင်းကို သူတို့ရဲ့ အခွံမာထဲထည့်ပြီး ပုန်းနေတတ်ပါတယ်။ သူတို့အနေနဲ့ ထွက်ပြီး ရင်ဆိုင်ဖို့လည်း မဖြစ်နိုင်၊ လှည့်ပြန်ထွက်ပြေးလို့လည်း မရတဲ့အနေအထားမျိုးဖြစ်တာကြောင့် ဒီလိုအခြေအနေမျိုးရင်ဆိုင်ရသူတွေကို Turtle Syndrome မိနေသူလို့ ပြောတာ ဖြစ်ပါတယ်။
ဒါက ကုမ္ပဏီတွေပဲ ရင်ဆိုင်ကြရတဲ့ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်တို့တွေလည်း ရင်ဆိုင်ရတတ်တဲ့အရာမျိုး ဖြစ် ပါတယ်။ စိန်ခေါ်မှုတစ်ခုခု၊ ပြဿနာတစ်ခုခု၊ စွန့်စားစရာတစ်ခုခုနဲ့ ကြုံရတဲ့အခါ ရင်ဆိုင်ဖြေရှင်းဖို့ ယုံကြည်မှုမရှိဘဲ ကိုယ့်ရဲ့အခွံမာထဲ ပုန်းရှောင်နေတတ်ပါတယ်။ ဥပမာ - အမေရိကန် ကဗျာဆရာမ Emily Dickinson ကိုကြည့်ပါ။ Emily ဟာ (၁၉)ရာစု ကဗျာဆရာမဖြစ်ပြီး၊ အမေရိကန်ရဲ့ အထင်ရှားဆုံးသော ကဗျာဆရာမတစ်ဦးလို့ တင်စားခံရသူ ပါ။ သူရေးသားခဲ့တဲ့ကဗျာပေါင်း (၁၈၀၀)ကျော်လောက်ရှိပေမယ့်၊ သူသက်ရှိထင်ရှားရှိစဉ်မှာ ကဗျာ(၁၀)ပုဒ်ကိုပဲ ပုံနှိပ်ခဲ့ပါတယ်။ သူ့ရဲ့ ကဗျာလက်ရာတွေကို သူသေဆုံးပြီးနောက်မှသာ တွေ့ရှိသိရှိခဲ့ကြတာ ဖြစ်ပါတယ်။ Emily ဟာ အရည်အချင်းရှိတဲ့ကဗျာဆရာမဖြစ်ပေမယ့်လည်း ယုံကြည်မှုချို့တဲ့မှုကြောင့် ရှေ့ထွက်ဖို့တွန့်ဆုတ်တဲ့သူ ဖြစ်ပါတယ်။
Vincent van Gogh ဟာလည်း Emily လို ယုံကြည်မှုအားနည်းတဲ့ပြဿနာရှိခဲ့သူပါ။ သူဟာ အင်မတန်ထူးခြားတဲ့ ပါရမီရှင်ဖြစ်ပြီး၊ ပန်းချီကားပေါင်း (၂၁၀၀)ကျော်ရေးဆွဲခြယ်မှုန်းခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဝေဖန်အကဲဖြတ်သမား တွေနဲ့ ပန်းချီကားဝယ်ယူသူတွေရဲ့ ငြင်းပယ်မှုကြောင့်၊ သူဟာ ပန်ချီကားတစ်ချပ်ပဲ ရောင်းလို့ရခဲ့တယ်လို့ သိရပါ တယ်။ အသိအမှတ်ပြုမှုကို ထိုက်တန်စွာမရရှိခဲ့တဲ့ van Gogh ဟာ ရှေ့ဆက်ဖို့ တွန့်ဆုတ်ခဲ့ရပြီး၊ သူ့လက်ရာနဲ့ သူ့ အရည်အချင်းတွေကို သူကိုယ်တိုင်သံသယဖြစ်ရတဲ့အထိ စိတ်ပိုင်းဆိုင်ရာရုန်းကန်ရမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ အသက်(၃၇)နှစ်အရွယ်မှာပဲ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး နာကျင်စွာ ထွက်ခွာသွားခဲ့ပါတယ်။
သင်ကိုယ်တိုင်လည်း Emily Dickinson နဲ့ Vincent van Gogh တို့လိုအဖြစ်မျိုး ကြုံရသူ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အရည်အချင်းနဲ့ အစွမ်းအစတွေရှိနေပေမယ့်၊ သံသယတွေကြီးစိုးပြီး ယုံကြည်မှုအားနည်းသူဖြစ်နေနိုင်ပါတယ်။ ဒါတွေကြောင့်လည်း အခွင့်အရေးကောင်းများစွာကို လက်လွှတ်ဆုံးရှုံးခဲ့ရတာတွေလည်း ရှိမှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့ အရည်အချင်းကို အခြားသူတွေရဲ့ အမြင်နဲ့ စျေးဖြတ်မခံပါနဲ့။ အခြားသူတွေ တံဆိပ်ကပ်နေကြသလို သင်ဟာ အရာ မဝင်တဲ့သူမဟုတ်ပါဘူး။ သင်ဟာ တန်ဖိုးရှိသူပါ။ သင်ဟာ တန်ဖိုးထားခံရသူ၊ အချစ်ခံရသူ ဖြစ်ပါတယ်။ သင့်ကို ဒီလိုထူးခြားစွာဖန်ဆင်းခဲ့တဲ့ဘုရားက သင့်ကို အမြဲတန်ဖိုးထားပြီး၊ အမြဲအသိအမှတ်ပြုနေသူဖြစ်ပါတယ်။ သင့် အတွက် အကောင်းဆုံးအနာဂတ်ကိုလည်း သူပြင်ဆင်ပေးထားပါတယ်။ သူက ကြောက်တတ်တဲ့စိတ်သဘောကို မပေးဘူး၊ တန်ခိုးပါတဲ့စိတ်၊ ချစ်တတ်တဲ့စိတ်နဲ့ ရှင်းလင်တည်ကြည်တဲ့စိတ်ကိုပေးတဲ့ဘုရားဖြစ်တယ်လို့ သမ္မာကျမ်း မှာ ဆိုပါတယ်။ ဒါကြောင့် စိတ်မပျက်ပါနဲ့။ သင့်ကို တန်ဖိုးထားပြီး ချစ်မြတ်နိုးတဲ့ ဘုရားရှင်ဆီမှာ ခွန်အားနဲ့ ဉာဏ် ပညာကိုတောင်းခံရင်း အောင်မြင်စွာ ရင်ဆိုင်ဖြတ်သန်းလိုက်ပါ။





