ဘဲ လိုလူ ဖြစ်နေပြီလား

Duck Syndrome ဆိုတဲ့နာမည်ကို စတန်းဖို့ဒ်တက္ကသိုလ် (Stanford University) က ပညာရှင်တွေက ပေးခဲ့ကြတာ ပါ။ တက္ကသိုလ်ကျောင်းသားတွေကိုကြည့်လိုက်ရင် အပြင်ပန်းမှာတော့ အေးအေးဆေးဆေးနဲ့ ကျောင်းတက်ရတာ အဆင်ပြေသလိုလို၊ ယုံကြည်မှုအပြည့်နဲ့ ကျောင်းသားဘ၀ကို ဂုဏ်ယူနေကြသလိုလို ထင်ရပေမယ့်၊ လက်တွေ့မှာ တော့ စိတ်ပူပန်စရာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ရုန်းကန်နေကြရတာကိုကြည့်ပြီး၊ ရေကူးနေတဲ့ဘဲတွေလို ဖြစ်တာကြောင့် ဒီနာမည်ကို ပေးခဲ့တာဖြစ်ပါတယ်။

စိတ်ပညာမှာ Duck Syndrome ဆိုတဲ့ဝေါဟာရတစ်ခုရှိပါတယ်။ ရေကူးနေတဲ့ဘဲလေးတွေကို ကြည့်လိုက်ရင် ရေပြင်ပေါ်မှာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပဲ ရေကူးနေတယ်လို့ ထင်ရပေမယ့်၊ ရေအောက်မှာတော့ သူတို့တွေဟာ သူတို့ရဲ့ ခြေချောင်းတွေနဲ့ ရေယက်တွေကို အားကုန်သုံးပြီး ရုန်းကန်ကူးခတ်နေကြရတာပါ။ တချို့ လူတွေဟာလည်း ဘဲတွေနဲ့ တူပါတယ်။ အပြင်ပန်းမှာတော့ အပူအပင်မရှိ၊ သာယာနေသလို၊ အဆင်ပြေနေသလို ရှိပေမယ့်၊ တကယ်လက်တွေ့ မှာတော့ စိုးရိမ်ပူပန်မှုတွေများစွာနဲ့ ကြိတ်မှိတ်ရုန်းကန်နေကြရပါတယ်။ ဒီလိုအခြေ အနေမျိုးနဲ့ ရင်ဆိုင်နေရာသူတွေကို Duck Syndrome ရှိသူလို့ ပြောလို့ရပါတယ်။ 


Duck Syndrome ဆိုတဲ့နာမည်ကို စတန်းဖို့ဒ်တက္ကသိုလ် (Stanford University) က ပညာရှင်တွေက ပေးခဲ့ကြတာ ပါ။ တက္ကသိုလ်ကျောင်းသားတွေကိုကြည့်လိုက်ရင် အပြင်ပန်းမှာတော့ အေးအေးဆေးဆေးနဲ့ ကျောင်းတက်ရတာ အဆင်ပြေသလိုလို၊ ယုံကြည်မှုအပြည့်နဲ့ ကျောင်းသားဘ၀ကို ဂုဏ်ယူနေကြသလိုလို ထင်ရပေမယ့်၊ လက်တွေ့မှာ တော့ စိတ်ပူပန်စရာတွေ၊ စိတ်ဖိစီးမှုတွေနဲ့ ရုန်းကန်နေကြရတာကိုကြည့်ပြီး၊ ရေကူးနေတဲ့ဘဲတွေလို ဖြစ်တာကြောင့် ဒီနာမည်ကို ပေးခဲ့တာဖြစ်ပါတယ်။ 


ဆရာစောဘွဲ့မှူးရေးစပ်ခဲ့တဲ့ ဘ၀သရုပ်ဖော်သီချင်းတစ်ပုဒ်ဖြစ်တဲ့ “ပျော်တာပေါ့ အမေရယ်”ဆိုတဲ့သီချင်းကလည်း Duck Syndrome ကိစ္စကို ထိထိမိမိပုံဖော်ပြနိုင်ခဲ့တဲ့သီချင်းလို့ ဆိုနိုင်ပါတယ်။ ကျောင်းကချစ်သူ၊ ကျောင်းကဆရာမ တွေရဲ့ရှေ့မှာ သူဘယ်လောက် ရှက်ရလဲ၊ ဘယ်လောက် စိတ်ထိခိုက်နာကျင်နေရလဲဆိုတာကို ဖုံးဖိထားပြီး၊ အမေက မေးလာတဲ့အခါတိုင်း “သား ကျောင်းမှာပျော်ပါတယ်”လို့ပဲ ပြောလေ့ရှိတယ်။ ဒါက Duck Syndrome ရဲ့ သဘောပါပဲ။


တကယ်တော့ ဒီပြဿနာကို တက္ကသိုလ်ကျောင်းသားတွေပဲ ရင်ဆိုင်ရတာ မဟုတ်ပါဘူး။ ထင်ရှားကျော်ကြားသူအချို့ ဟာလည်း ဒီပြဿနာနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ဥပမာ - ကမ္ဘာ့ရေကူးချန်ပီယံ Michael Phelps ကို ကြည့်ပါ။ Phelps ဟာ ရေကူးပြိုင်ပွဲတွေကို ဆယ်ဆုနှစ်တစ်ခုမက အုပ်စိုးနိုင်ခဲ့သူပါ။ အမေရိကန်ရဲ့ အိုလံပစ်ဆုတံဆိပ် (၂၈)ခုမှာ၊ သူ တစ်ယောက်တည်းကပဲ (၂၃)ခု ဆွတ်ခူးပေးခဲ့တာပါ။ အပြင်ပန်းမှာတော့ အိုလံပစ်ရေကူးကန်တွေကို ကြီးစိုးထားတဲ့ Michael ဟာ အောင်မြင်မှုတွေနဲ့ ပျော်ရွှင်နေတဲ့သူပါ။ ဒါပေမယ့် လက်တွေ့မှာတော့ နာကျင်ပင်ပန်းနေရသူ ဖြစ်နေခဲ့ ပါတယ်။ လန်ဒန်အိုလံပစ်ပွဲတော်က သူ့အတွက် အဆိုးဆုံးပဲလို့ သူကိုယ်တိုင်ကပဲ ပြန်ပြောပြပါတယ်။ အဲဒီပွဲမှာ သူဟာ ရွှေတံဆိပ်(၄)ဆုနဲ့ ငွေတံဆိပ်(၂)ခုကိုဆွတ်ခူးယူနိုင်ခဲ့ပေမယ့်၊ အောင်မြင်မှုက သူ့ကို ကျေနပ်တက်ကြွမှု မပေး နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အခန်းထဲမှာ မအိပ်၊မစားဘဲ (၄)ရက်အထိ နေခဲ့တယ်လို့ ဆိုတယ်။ အားကစားလုပ် ချင်စိတ်တွေပျောက်ပြီး၊ ရှင်သန်ချင်စိတ်ပဲ ကုန်ခမ်းသွားလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိ တွေးခဲ့တယ်လို့ ဆို ပါတယ်။ Michael ဟာ ဒီအခြေအနေကို (17)နှစ်ကြာ တစ်ယောက်တည်းကြိတ်မှိတ်ရုန်းကန်နေရတာပါ။ 


တကယ်တော့ ဒီပြဿနာကို Michael Phelps သာမက၊ တင်းနစ်အကျော်အမော်တွေဖြစ်တဲ့ Naomi Osaka နဲ့ Serena Williams တို့၊ NBA ဘတ်စကတ်ဘောကစားသမား Tyrell Terry, Kevin Love, အိုလံပစ်ကျွမ်းဘားကစား သမား Simone Biles, Aly Raisman တို့လည်း ကြုံခဲ့ရပါတယ်။ ဒီလိုပြောလို့ ကမ္ဘာကျော်ပြိုင်ပွဲဝင် ကစားသမား တွေမှာပဲ ဒီပြဿနာရှိတာမဟုတ်ပါဘူး။ ကျနော်တို့တော်တော်များများ မှာလည်း ဒီလိုရုန်းကန်ရမှုတွေ ရှိပါတယ်။ 


ဥပမာ - သားသမီးတွေစိတ်ဆင်းရဲမှာစိုးပြီး မိဘတွေက ကိုယ့်အခက်အခဲကို ဖုံးဖိထားတာမျိုး၊ ကိုယ့်ချစ်သူ/ ကိုယ့် အိမ်ထောင်ဘက်/ကိုယ့်အိမ်သူအိမ်သားတွေ စိတ်မကောင်းမှာစိုးလို့၊ ကိုယ့်ရဲ့ ငွေကြေးပြဿနာ၊ ကျန်းမာရေးပြဿနာ၊ လုပ်ငန်းခွင်ပြဿနာတွေကို ကိုယ်တစ်ယောက်တည်း ကြိတ်မှိတ်ရုန်းကန်နေရတာမျိုး ရှိတတ်ပါတယ်။ ဖွင့်မပြောရဲ တာလည်း ဖြစ်နိုင်သလို၊ ဖွင့်မပြောရက်တာလည်း ဖြစ်နိုင်ပါတယ်။ သူများကို ဝန်ထုတ်မဖြစ်စေချင်လို့၊ စိတ်မဆင်းရဲ စေချင်လို့ မပြောပြတာတွေရှိသလို၊ ကိုယ့်ကို လှောင်မှာ၊ ကဲ့ရဲ့မှာ၊ အထင်သေးမှာစိုးပြီး မပြောဘဲ စိတ်ထဲမှာ မြိုသိပ် ရင်း တစ်ယောက်တည်း တိုးတိုးတိတ်တိတ် ကြိတ်မှိတ်ရုန်းကန်နေရချိန်တွေ ရှိပါတယ်။ 


အကယ်၍ သင်ကိုယ်တိုင်လည်း ဒီလိုထပ်တူကြုံနေရတယ်ဆိုရင် “ဝန်လေးပြီး စိတ်ပင်ပန်းနေသူတွေ ငါ့ဆီကိုလာပါ။ စိတ်အေးသက်သာခြင်းကို ငါပေးမယ်”လို့ ကတိပြုတဲ့သူရှိပါတယ်။ သူကတော့ ယေရှုဘုရားပါပဲ။ သူဟာ ကျွန်တော် တို့ရဲ့ နာကျင်ပင်ပန်းမှုတွေကို စာနာနားလည်ပေးနိုင်သူနဲ့ ကူညီဖြေရှင်းပေးနိုင်သူဖြစ်ပါတယ်။ သူဟာ ကျွန်တော်တို့ ရင်ဖွင့်လို့ရတဲ့ အကောင်းဆုံးမိတ်ဆွေလည်းဖြစ်သလို၊ ကျွန်တော်တို့ကို ကူညီပေးနိုင်ပြီး ကူညီပေးလိုတဲ့ မိတ်ဆွေစစ် လည်း ဖြစ်ပါတယ်။ သင့်ကို စိတ်ပျက်စေမယ့်အထဲမှာ ယေရှုဘုရားမပါပါဘူး။


Video ကြည့်ရှုရန် - https://www.facebook.com/watch/?v=1097332748277234

By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More