ဒေါင်းလိုလူ ဖြစ်နေပြီလား 


ဒေါင်းလိုလူတွေမှာ ခံယူချက်တစ်ခုရှိပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အာရုံစိုက်မှုကိုရဖို့ (သို့ မဟုတ်) အသိုင်းအ၀ိုင်း တစ်ခုထဲဝင်ဆန့်နိုင်ဖို့ဆိုရင် ‘သုံးပြနိုင်ရမယ်၊ ဖြုံးပြနိုင်ရမယ်၊ လုပ်ပြနိုင်ရမယ်’ဆိုတဲ့ခံယူချက်ပဲ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ သုံးပြနိုင်သူ၊ ဖြုံးပြနိုင်သူ၊ လုပ်ပြနိုင်သူတွေကိုပဲ အထင်ကြီးတဲ့သဘာ၀လည်း အလိုလို ဖြစ်တည်လာပါတယ်။ ဒါပေမယ့် တကယ်တမ်း ဘ၀ရဲ့ စစ်မှန်အေးချမ်းမှုက အဲဒီလို အသိုင်းအ၀ိုင်းထဲမှာ မရှိဘူးဆိုတာကို နောက်မှ သိမြင်လာတတ်ကြပါတယ်။

ဒေါင်းတွေဟာ သူတို့ရဲ့ လှပတဲ့ရောင်စုံအမွှေးတွေကို ဖြန့်ကားပြီး၊ သူတို့ရဲ့ အဖော်ကိုဆွဲဆောင်လေ့ရှိပါတယ်။ ဒါကို အစွဲပြုပြီး အခြားသူတွေရဲ့ စိတ်ဝင်စားမှု၊ အာရုံစိုက်မှုနဲ့ အထင်ကြီးလေးစားမှုရအောင်ဆိုပြီး တစ်ခုခုလုပ်ပြလေ့ရှိသူ ကို ဒေါင်းလိုလူ (သို့မဟုတ်) Peacock Syndrome ရှိသူလို့ ခေါ်ကြပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ပြိုင်ကား တွေမောင်း၊ ပြိုးပြိုးပျက်ပျက်တွေဝတ်၊ ငွေကို ရေလိုသုံးပြီး ကောင်မလေးတွေရဲ့ အထင်ကြီးမှုရအောင် လုပ်လေ့ရှိ သူကို ဒေါင်းလိုလူလို့ ခေါ်လေ့ရှိကြပါတယ်။ တကယ်တော့ ဒေါင်းလိုလူလို့ပြောတဲ့အခါ၊ အဲသလို ဆန့်ကျင်ဘက်လိင် ရဲ့ အာရုံစိုက်မှုကိုရှာနေသူတွေကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ်မျှော်လင့်တဲ့လူနဲ့ နီးစပ်ခွင့်ရဖို့၊ ကိုယ်ဝင်ဆန့်ချင်တဲ့ အသိုင်းအ၀ိုင်းထဲ ခြေချခွင့်ရဖို့ မရမကကြိုးစားလုပ်ပြနေသူတွေကိုလည်း ဒေါင်းလိုလူလို့ ခေါ်နိုင်ပါတယ်။ 



ဒေါင်းလိုလူတွေမှာ ခံယူချက်တစ်ခုရှိပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အာရုံစိုက်မှုကိုရဖို့ (သို့ မဟုတ်) အသိုင်းအ၀ိုင်း တစ်ခုထဲဝင်ဆန့်နိုင်ဖို့ဆိုရင် ‘သုံးပြနိုင်ရမယ်၊ ဖြုံးပြနိုင်ရမယ်၊ လုပ်ပြနိုင်ရမယ်’ဆိုတဲ့ခံယူချက်ပဲ ဖြစ်ပါတယ်။ တဆက်တည်းမှာပဲ သုံးပြနိုင်သူ၊ ဖြုံးပြနိုင်သူ၊ လုပ်ပြနိုင်သူတွေကိုပဲ အထင်ကြီးတဲ့သဘာ၀လည်း အလိုလို ဖြစ်တည်လာပါတယ်။ ဒါပေမယ့် တကယ်တမ်း ဘ၀ရဲ့ စစ်မှန်အေးချမ်းမှုက အဲဒီလို အသိုင်းအ၀ိုင်းထဲမှာ မရှိဘူးဆိုတာကို နောက်မှ သိမြင်လာတတ်ကြပါတယ်။ 


ဥပမာ - ကမ္ဘာကျော်ရုပ်ရှင်မင်းသမီးကြီးမယ်ရီလင်မွန်ရိုးကိုကြည့်ပါ။ သူဟာ ၁၉၅၀-၆၀ နှစ်တွေမှာ ချောမောလှပပြီး ဆွဲဆောင်မှုအရှိဆုံး ဟောလိ၀ုဒ်ကြယ်ပွင့်ဖြစ်ခဲ့ပါတယ်။ ယောကျာ်းလေးတိုင်းက သူ့ကိုလိုချင်ကြပြီး၊ မိန်းကလေး တိုင်းက သူ့လိုဖြစ်ချင်ကြတဲ့ အားကျစရာဘ၀ကို ပိုင်ဆိုင်ခဲ့သူပါ။ ကနေဒီ ညီအစ်ကိုနဲ့တောင် အချစ်ဇာတ်လမ်းတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ သူ့ဘ၀အစက Norma Jeane Baker အနေနဲ့ ဘ၀ကို ခက်ခက်ခဲခဲအစပြုခဲ့တာပါ။ သူ့အဖေ ကို သူတခါမှမမြင်ခဲ့ဖူးသလို၊ သူ့အမေဟာလည်း စိတ်ရောဂါပြဿနာတွေနဲ့ အမြဲလုံးပန်းနေရသူပါ။ သူဟာ တအိမ်ပြီး တအိမ်လှည့်ပြောင်းနေထိုင်ခဲ့ရတဲ့မိဘမဲ့ဖြစ်ခဲ့ရပြီး ကာကွယ်ပေးမယ့်သူလည်း မရှိခဲ့ပါဘူး။ ဆယ်ကျော်သက်အရွယ် မှာ ရုပ်ရှင်ကြည့်ရင်း လူတကာချစ်ပြီး အားကျရတဲ့မင်းသမီးဘ၀ကို တမ်းတလိုချင်ခဲ့ပါတယ်။ ဒါပေမယ့် သူတကယ် လိုချင်တဲ့ဘ၀ကိုရောက်ခဲ့တဲ့အခါမှာ သူစိတ်ပျက်ကြီး စိတ်ပျက်ခဲ့ရပါတယ်။ ဒါပေမယ့် သူ့ဘ၀ဟာ အချစ်ရေးနဲ့ အိမ်ထောင်ရေးပြဿနာတွေ၊ ခေါင်းပုံဖြတ်ခံရမှု၊ အလွဲသုံးစားလုပ်ခံရမှုနဲ့ မူးယစ်ဆေးသုံးစွဲမှုတွေကြောင့် ဆိုးရွား ပျက်ဆီးခဲ့ရတယ်။ အသက်(၁၆)နှစ်မှာ ပထမဆုံး အိမ်ထောင်ကျတယ်။ ၄ နှစ်အကြာမှာ ကွဲသွားတယ်။ အသက် (၂၈) နှစ်မှာ ဒုတိယအိမ်ထောင် ပြန်တည်ခဲ့တယ်။ (၉)လပဲကြာခဲ့တယ်။ အသက်(၃၀)မှာ တတိယအိမ်ထောင်ပြုခဲ့ပြန်တယ်။ (၅)နှစ်ကြာပြီးနောက်မှာ ကွဲသွားတယ်။ အသက်(၃၆)နှစ်မှာ မူးယစ်ဆေးအသုံးလွန်ပြီး သေဆုံးသွားခဲ့တယ်။ 


လူတွေရဲ့ အသိအမှတ်ပြုခံရဖို့၊ လူဝင်ဆန့်နိုင်ဖို့ကိုပဲ အခြားသူတွေရဲ့ တန်ဖိုးထားမှုအပေါ် အခြေခံပြီး ကိုယ့်ဘ၀ရဲ့ တန်ဖိုးကို စျေးဖြတ်သတ်မှတ်နေသူတိုင်းကို မွန်ရိုးရဲ့ဘ၀က ပြန်သတိပေးနေပါတယ်။ တကယ်တော့ သင်ဟာ သူများ တန်ဖိုးထားလို့ တန်ဖိုးရှိတာမဟုတ်သလို၊ သူများအလေးမထားလို့လည်း တန်ဖိုးမဲ့မသွားပါဘူး။ သင်ဟာ သင့်ရဲ့ ထူးခြားတဲ့ဖြစ်တည်မှုနဲ့အတူ တန်ဖိုးရှိပြီးသားသူ ဖြစ်ပါတယ်။ သင့်ကို ထူးခြားစွာဖန်ဆင်းထားပြီး၊ တန်ဖိုးထားမြတ်နိုး တဲ့ဘုရားရှိခြင်းကြောင့် သင်ဟာ အဖိုးအနဂ္ဂထိုက်တဲ့သူဖြစ်ပါတယ်။ သားသမီးတွေဟာ မိဘတိုင်းအတွက် ဘာနဲ့မှ လဲလို့မရလောက်အောင် တန်ဖိုးရှိကြသလို၊ သင်ဟာလည်း ဘုရားရှေ့မှာ ဘာနဲ့မှ နှိုင်းမရလောက်အောင် တန်ဖိုးကြီး တဲ့သူ ဖြစ်ပါတယ်။ လူရာဝင်ဖို့ ကြိုးစားနေမယ့်အစား၊ ဘုရားပေးတဲ့ သင့်ရဲ့ ဖြစ်တည်မှုကို လက်ခံပြီး၊ ဘုရားရဲ့ ချစ်ခြင်းမေတ္တာနဲ့ တန်ဖိုးထားမှုကို ခံယူရင်း၊ သင့်အတွက် ဘုရားစီစဉ်ပြင်ဆင်ထားတဲ့အနာဂတ်ကို အရယူနိုင်ဖို့ပဲ အာရုံစိုက်ကြည့်ပါ။ 

By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More