စွဲလမ်းမှုများကို ကုသခြင်း

ယေရှုဘုရားရဲ့စကားက အစဉ်အလာအရ ကျွန်တော်တို့ ကြားရလေ့ရှိ တဲ့ ‘မကောင်းသူပယ်၊ ကောင်းသူကယ်’ဆိုတဲ့ စကားနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။


ကုသနည်းတွေကတော့ အမျိုးမျိုးအထဲမှာ အခြေခံအားဖြင့် (၃)မျိုး တွေ့ရပါတယ်။


  1. ဆေးဝါးအကူအညီနဲ့ ကုသခြင်း - လိုအပ်တဲ့ ဆေးဝါးတွေပေးတာ၊ Cognitive Behavior Therapy (CBT) လို့ခေါ်တဲ့ စိတ်ကုထုံးခံယူတာ၊ ကျွမ်းကျင်ပညာရှင်တွေဆီက နှစ်သိမ့်ဆွေးနွေးပေးမှုကို ခံယူတာမျိုး
  2. ပတ်ဝန်းကျင်အကူအညီနဲ့ ကုသခြင်း - ကိုယ်နဲ့ ဘဝတူ လူတွေနဲ့ အတွေ့အကြုံဖလှယ်တာ၊ စွဲလမ်းစရာတွေ ကင်းဝေးတဲ့ ပတ်ဝန်းကျင်တစ်ခုကို ရွှေ့ပြောင်းတာ၊ စိတ်အပြောင်းအလဲဖြစ်အောင် တခြားအလုပ်လေးတွေ သင်ယူစေတာမျိုး 
  3. ဘာသာရေးနည်းလမ်းနဲ့ ကုသခြင်း - ဘာသာအသီးသီးမှာလည်း ဒီလိုစွဲလမ်းမှုပြဿနာကို နည်းလမ်းအမျိုးမျိုးနဲ့ ကုသပေးနေကြမယ် ထင်ပါတယ်။ ဒီနေရာမှာတော့ ခရစ်ယာန်တွေရဲ့ နည်းလမ်း (သို့မဟုတ်) သမ္မာကျမ်းစာက လွတ်မြောက်ခြင်းသို့ ခြေလှမ်း(၃)ဆင့်ကို ဖော်ပြထားတာတွေ့ရပါတယ်။ 


(၁) ရုန်းထွက်လွတ်မြောက်လိုစိတ် ထက်သန်ပြင်းပြမှုရှိခြင်း

စွဲလမ်းမှုနွံထဲကျရောက်သွားသူတိုင်းဟာ လွတ်မြောက်လိုစိတ် မရှိသလို ကူညီပေးဖို့လည်း ခက်ခဲပါတယ်။ ဒါပေမယ့် ကိုယ်တိုင်လွတ်မြောက်လိုစိတ်ရှိသူတွေမှာလည်း လွတ်မြောက်ချင်ပေမယ့် မရုန်းထွက်နိုင်တဲ့အခက်အခဲ ကြီးကြီးမားမားရှိနေပါတယ်။ 


စွဲလမ်းခြင်းနွံထဲနေ ရုန်းထွက်လိုသူတွေဟာ Will Power လို့ခေါ်တဲ့ ကိုယ့်ရဲ့စိတ်ခွန်အားအကူအညီကို အရင်ရှာကြတယ်။ ဒါက စွဲလမ်းခြင်းသိပ်မကြီးမားသေးသူတွေအတွက် အဆင်ပြေနိုင်ပေမယ့်၊ စွဲလမ်းမှုသိပ်ကြီးမားခိုင်မာသွားသူတွေအတွက် ကတော့ Will Power (စိတ်ခွန်အား)တစ်ခုတည်းနဲ့ လွတ်မြောက်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် လွတ်မြောက်နယ်မြေကိုရောက်ဖို့ ပထမဆုံးခြေလှမ်းကတော့ “ဒီလိုဆိုးရွားတဲ့အသေကောင်ဘ၀ ကနေ ငါ့ကို ဘယ်သူကယ်နိုင်မလဲ? ငါကိုနေ့စဉ်နှိပ်စက်နေတဲ့ အမှောင်အင်အားစုကို အနိုင်ပြန်တိုက်ခိုက်ဖို့  ငါ့ရဲ့စိတ်ခွန်အား ထက် ပိုသန်မာတဲ့အင်အား power ရှိသေးလား”လို့ တောင့်တောင့်တတမေးဖို့၊ ရုန်းထွက်လွတ်မြောက်လိုစိတ် ပြင်းပြင်းပြပြ ရှိဖို့ လိုအပ်ပါတယ်။


(၂) ချွင်းချက်မရှိ ကြိုဆိုလက်ခံသူဆီသို့ ခြေဦးလှည့်လျှောက်လှမ်းခြင်း

ယေရှုဘုရားပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ် “ကျန်းမာသူတွေက သမားတော်တွေကို မလိုအပ်ဘူး။ မကျန်းမာ နာနေသူ တွေပဲ သမားတော်ကိုလိုအပ်ကြတယ်။ ဖြောင့်မတ်သူတွေအတွက် ငါလာခဲ့တာမဟုတ်ဘူး။ အပြစ်ရဲ့အမှောင်ထဲမှာ ပိတ်မိနေ သူတွေအတွက် ငါလာခဲ့တာဖြစ်တယ်”လို့ ဆိုပါတယ်။ ယေရှုဘုရားရဲ့စကားက အစဉ်အလာအရ ကျွန်တော်တို့ ကြားရလေ့ရှိ တဲ့ ‘မကောင်းသူပယ်၊ ကောင်းသူကယ်’ဆိုတဲ့ စကားနဲ့ ဆန့်ကျင်ဘက် ဖြစ်ပါတယ်။ သူကြွလာခြင်းရဲ့ ရည်ရွယ်ချက်ကိုက မကောင်းသူကို ပယ်ဖို့ မဟုတ်ဘဲ၊ ကယ်ဖို့အတွက် သက်သက်ဖြစ်တယ်လို့ နားလည်ရပါတယ်။  ဒါကြောင့် ဒုတိယအချက်အနေနဲ့ တုနှိုင်းမဲ့မေတ္တာရှင် ယေရှုဘုရားဆီကို ခြေဦးလှည့်လာဖို့ လိုအပ်ပါတယ်။ 


(၃) အသစ်ပြုပြင်ပြောင်းလဲပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာရပ်ဝန်းမှာ ပျော်မွေ့နေထိုင်ခြင်း 

ယေရှုဘုရားရဲ့ချစ်ခြင်းမေတ္တာကို နှလုံးသားထဲကနေ ခံစားမိလာတဲ့အခါ ကိုယ်ပျော်မွေ့တဲ့အရာ၊ တောင့်တလိုချင်တဲ့အရာတွေက အလိုလိုနဲ့ တဖြည်းဖြည်း ပြောင်းလဲသွားကြပါ တယ်။ ဒီချစ်ခြင်းမေတ္တာရပ်ဝန်းမှာတည်ဆောက်ထားတဲ့ ရင်းနှီးပျော်ရွှင်မှုဟာ အမှောင်အင်အားစုထက် အဆပေါင်းများစွာ တန်ခိုးကြီးမားတာကို လက်တွေ့ခံစားရသူတွေလည်း အများကြီးရှိပါတယ်။ 


ဒီနေရာမှာ သိမှတ်ထားဖို့အရေးကြီးတဲ့အချက်က ‘ရုန်းထွက်လွတ်မြောက်ခြင်း၊ ပြောင်းလဲခြင်းက တဒင်္ဂအတွင်းမှာ ဖြစ်လာ နိုင်ပေမယ့် ဒီအရာကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ အချိန်ပေးဖို့ လိုအပ်တယ်’ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ လုံး၀ရုန်းထွက် လွတ်မြောက်သွားနိုင်ဖို့  ဘ၀ကိုအသစ်တဖန်မွေးဖွားခဲ့တဲ့ ဘုရားရဲ့ချစ်ခြင်းမေတ္တာရပ်ဝန်းမှာ ပျော်မွေ့နေထိုင်ဖို့ လိုအပ်ပါ တယ်။


By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More