စွဲလမ်းမှုတွေဖြစ်စေတဲ့ အကြောင်းရင်း

ဒီလိုစွဲလမ်းမှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် နားယောင်တဲ့အဆင့်မှာ အထူးသတိထားရမှာပါ။ ကိုယ့်ဘ၀ကို နစ်နာစေမယ့် စွဲလမ်းစရာတွေကို တစ်ယောက်ယောက်က ဝေမျှစည်းရုံးလာရင် ရှောင်ထွက်သွားလိုက်တာ အကောင်းဆုံးပါပဲ။ 

လူတစ်ယောက်ကို စွဲလမ်းမှုထဲ တွန်းပို့တဲ့ အချက်(၃)ခု ရှိပါတယ်။



  1. ဇီဝဗေဒအချက် - ဦးနှောက်ထဲက ဒိုပါမင်းလိုခေါ်တဲ့ဟော်မုန်းဓာတ်တွေရဲ့ လွှမ်းမိုးထားခြင်းကြောင့် စွဲလမ်းမှုတွေရဲ့ ထက်၀က်လောက်က ဇီ၀ကမ္မနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။W
  2. စိတ်ပိုင်းဆိုင်ရာအချက် - တစ်ခုခုကို စူးစမ်းချင်တာ၊ ငယ်စဉ်ကရခဲ့တဲ့ စိတ်ဒဏ်ရာတွေကို မေ့ပျောက်ချင်တာ၊ စိတ်ကျရောဂါ၊ စိတ်ရှုပ်ထွေးတဲ့ ပြဿနာ၊ အာရုံမစူးစိုက်နိုင်တာတွေကို နည်းမှန်လမ်းမှန်နဲ့ မဖြေရှင်းတတ်တဲ့အခါ မူးယစ်ဆေးလို ဆိုးရွားတဲ့ စွဲလမ်းမှုနဲ့ ဖြေရှင်းမိရာကနေ စွဲလမ်းသွားတာမျိုး ဖြစ်ပါတယ်။ 
  3. ပတ်ဝန်းကျင် အခြေအနေ - မိသားစု ပြဿနာ ပတ်ဝန်းကျင်မှာ အလွယ်တကူ ရယူနိုင်မှု၊ အပေါင်းအသင်းတွေရဲ့ ဖိအား၊ လုပ်ငန်းခွင်ဖိစီးမှု…စတာတွေကြောင့်လည်း စမ်းသုံးမိရာကနေ စွဲလမ်းသွားတာမျိုး ဖြစ်တတ်ပါတယ်။


အပြာကားစွဲလမ်းမှုပြဿနာ 

အပြာကားစွဲလမ်းသူတွေဟာလည်း သာမန်မဟုတ်တဲ့ လိင်ဆက်ဆံမှုပုံစံ၊ စိတ်ကူးယဉ်ဆန်တဲ့လိင်ဆက်ဆံမှုပုံစံတွေကိုစွဲလမ်းလာတတ်ပြီး အကျိုးဆက်အနေနဲ့ လက်တွေ့ဘ၀ အိမ်ထောင်ရေးနဲ့ လိင်မှုရေးရာတွေမှာ ထိခိုက်ခြင်း၊  မကြာခဏကြည့်ခြင်းကြောင့် ဦးနှောက်ကျုံ့လာခြင်း၊ အပြင်တကယ့်လူနေမှုဘဝမှာ မရောင့်ရဲနိုင်ခြင်းတွေ ဖြစ်လာကြတယ်လို့  ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။


ဆိုးရွားတဲ့စွဲလမ်းမှုတွေရဲ့ ရက်စက်ခါးသီးတဲ့ အမှန်တရား(၃)ခု 

အရက်၊ မူးယစ်ဆေး၊ အပြာရုပ်သံ၊ လိင်အပျော်အပါး၊ အလောင်းကစားနဲ့တကွ အခြားဆိုးရွားတဲ့စွဲလမ်းမှု၊ သေစေနိုင်လောက်တဲ့ စွဲလမ်းမှု တွေမှာ ရက်စက်ခါးသီးလွန်းတဲ့အမှန်တရား(၃)ခု ရှိပါတယ်။ 

  1. ဒီစွဲလမ်းမှုတွေဟာ ကျွန်တော်တို့ထက် အဆပေါင်းများစွာ ပိုသန်မာကြတယ်။ ‘ငါ့စိတ်ကို ငါနိုင်ပါ တယ်။ ငါ မစွဲသွား နိုင်ပါဘူး’ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်လွန်ကဲပြီး စမ်းကြည့်တာမျိုး မလုပ်သင့်ပါဘူး။ အကြောင်းကတော့ ကျွန်တော်တို့ မသိလိုက်တဲ့အချိန်မှာပဲ ကျွန်တော်တို့ဘ၀ကို ဖြိုလှဲသွားနိုင်လောက်အောင် သူတို့က သန်မာနေကြလို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ အသိဝင်လာတဲ့အချိန်မှာ နောက်ကျသွားပြီဆိုတဲ့အခြေအနေမျိုး ဖြစ်တတ်ပါတယ်။
  2. ဒီစွဲလမ်းမှုတွေက ကျွန်တော်တို့ရဲ့ အရည်အချင်းနဲ့ ဘ၀အိပ်မက်တွေက ဖျက်ဆီးလေ့ရှိတယ်။ လူတိုင်းမှာ စိတ်ကူး အိပ်မက်နဲ့ အရည်အချင်းတွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ဒီစိတ်ကူးအိပ်မက်နဲ့ အရည်အချင်းတွေကို ပြန်လည် အဖတ်ဆည်လို့မရနိုင်လောက်တဲ့အထိ ဒီစွဲလမ်းမှုတွေက ဖျက်ဆီးလေ့ရှိပါတယ်။ 
  3. ဒီစွဲလမ်းမှုတွေက ကိုယ်နဲ့စပ်ဆိုင်သူတွေအားလုံးကို ဒုက္ခသောကများစွာ ပေးလေ့ရှိတယ်။ ဒီစွဲလမ်းမှုတွေရဲ့ ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားရမှာက ကိုယ်တစ်ယောက်တည်းသာမဟုတ်ဘဲ၊ ကိုယ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ မိသားစု ဝင်တွေ၊ ချစ်ရခင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းနဲ့ လုပ်ဖော်ဆောင်ဖက်တွေလည်း ကိုယ့်ကြောင့် စိတ်ပင်ပန်းခြင်း၊ မလုံခြုံခြင်း၊ ကြောက်ရွံ့ထိတ်လန့်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ စိုးရိမ်ပူပန်ခြင်းတွေ ဆိုတဲ့ စိတ်သောကတွေများစွာ ခံစားရမှာ အသေအချာပဲ ဖြစ်ပါတယ်။


စွဲလမ်းမှုတွေကို ဘယ်လိုသတိပြုရှောင်ရှားနိုင်မလဲ

စွဲလမ်းမှုတွေဟာ အချိန်အတိုင်းအတာ၊ အကြိမ်အတိုင်းအတာပေါ်မူတည်ပြီး အဆင့်(၅)ဆင့်ကို ကျော်ဖြတ်ပြီးမှ ဖြစ်တည်ခိုင်မာလာတာမျိုး ဖြစ်ပါတယ်။ အဲဒါတွေကတော့ နားယောင်တဲ့အဆင့်၊ စမ်းသပ်တဲ့အဆင့်၊ နှစ်သက်တဲ့အဆင့်၊ စွဲလန်းတဲ့အဆင့်နဲ့ နစ်မြုပ်တဲ့အဆင့်တို့ ဖြစ်ပါတယ်။ နားယောင်တဲ့အဆင့်ဆိုတာကတော့ ကြားကြားချင်း၊ မြင်မြင်ချင်းမှာ စိတ်ထဲက လက်မခံနိုင်ပေမယ့်၊ ကြားဖန်များ၊ မြင်ဖန်များလာတဲ့အခါ နားယဉ်လာ၊ မျက်စိယဉ်လာပြီး နားယောင်ပါသွားတာမျိုး ဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ လက်တွေ့ စမ်းကြည့်ချင်လာမယ်၊ စမ်းကြည့်ရာကနေ အကြိမ်အတိုင်းအတာ တစ်ခုရောက်တဲ့အခါ နှစ်သက်လာမယ်၊ နှစ်သက်ရာကနေ စွဲလမ်းလာပြီး၊ အဆုံးမှာ ကိုယ်တိုင်မနှစ်မြို့ဖြစ်လာပြီး ရုန်းထွက်ချင်တဲ့အခါမှာတောင် ရုန်းမထွက်နိုင်တော့ဘဲ နစ်မြုပ်သွားတဲ့အဆင့်ကို ရောက်သွားတာမျိုး ဖြစ်ပါတယ်။ 


ဒါကြောင့် ဒီလိုစွဲလမ်းမှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် နားယောင်တဲ့အဆင့်မှာ အထူးသတိထားရမှာပါ။ ကိုယ့်ဘ၀ကို နစ်နာစေမယ့် စွဲလမ်းစရာတွေကို တစ်ယောက်ယောက်က ဝေမျှစည်းရုံးလာရင် ရှောင်ထွက်သွားလိုက်တာ အကောင်းဆုံးပါပဲ။ 

By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More