ဂရမ်မီဆုနှစ်ခုပိုင်ရှင် အဆိုကျော် Tori Kelly ရဲ့ အောင်မြင်မှုလမ်းမပေါ်က သင်ခန်းစာ 

သူ့ရဲ့ စိတ်ပျက်ရတဲ့အကြောင်းတွေ၊ စိတ်ရှုပ်ထွေးမှုတွေနဲ့ ခံစားချက်တွေကို သူ့ရဲ့ မှတ်စုစာအုပ်မှာ ရေးဖြစ်ခဲ့ တယ်။ ပြီးတော့ “ဘုရားသခင် ကျွန်မကို လမ်းပြပေးပါ၊ ကျွန်မ သီချင်းမဆိုရဘူး၊ သီချင်းဆိုတာ အလုပ်မဖြစ်ဘူးဆိုရင် ကျွန်မကဘာလဲ၊ ကျွန်မဘာဆက်လုပ်ရမလဲ”ဆိုပြီး ဆုတောင်းစာလေးကိုလည်း ရေးခဲ့သေးတယ်။

Tori Kelly ဟာ အမေရိကန်အဆိုတော်ဖြစ်ပြီး အောင်မြင်တဲ့တေးရေးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူဟာ ဂရမ်မီ ဆုနှစ်ခုအပါအဝင် တခြားဂီတထူးချွန်ဆုတွေကိုလည်း ဆွတ်ခူးခဲ့ပြီး၊ ရုပ်ရှင်ဇာတ်ဝင်တေးတွေကိုလည်း ဆိုခဲ့ပါတယ်။ အောင်မြင်တဲ့ Animation ရုပ်ရှင်တစ်ခုဖြစ်တဲ့ Sing ဆိုတဲ့ဇာတ်ကားမှာလည်း ဆင်မလေး Meena နေရာကနေ အသံ သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ 


Tori Kelly ဟာ ဂီတပိုးရှိတဲ့ မိဘနှစ်ပါးကနေ မွေးဖွားလာခဲ့တာကြောင့် ငယ်ငယ်ကတည်းက အဆိုပိုင်းမှာ ပါရမီရှိတယ် လို့ ဆိုနိုင်တယ်။ သူ့အသက် (၁၀)နှစ်မှာ ‘Star Search’ ဆိုတဲ့ TV ရုပ်သံအဆိုပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့ပြီး၊ အသက် (၁၂)နှစ် အရွယ်မှာ America’s Most Talented Kids ဆိုတဲ့အစီအစဉ်မှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူ့အသံကို ကြား ရသူတိုင်းက ‘အံ့ဩစရာအသံပိုင်ရှင်လေး’ဆိုပြီး ချီးကျူးလေ့ရှိပြီး၊ သူ့ကိုယ်သူလည်း ‘အောင်မြင်မှုဟာ သူ့အတွက်ပဲ’ လို့ ယုံကြည်နေခဲ့တာပေါ့။ 


ဒါပေမယ့် ဒီယုံကြည်ချက်တွေဟာ သူ့အသက်(၁၂)နှစ်အရွယ်၊ တေးထုတ်လုပ်သူတစ်ဦးနဲ့ စာချုပ်ချုပ်ဖို့ ဆွေးနွေးချိန် ကစပြီး ပျက်ပြယ်သွားခဲ့ပါတယ်။ တေးထုတ်လုပ်သူတွေ တစ်ယောက်ပြီးတစ်ယောက်နဲ့ စာချုပ်ချုပ်ဖို့ အကြိမ်ကြိမ် စကားပြောကြည့်ခဲ့ပေမယ့် လူတိုင်းက “မင်းက လိုသေးတယ်၊ အရှက်ကြီးတယ်၊ စကားမပြောတတ်ဘူး” ဆိုပြီး သူ့မှာ မရှိတဲ့ ‘တက်တက်ကြွကြွနဲ့ ရှေ့ထွက်တတ်တဲ့ ပုံစံမျိုး’ကိုပဲ လိုချင်ကြတယ်။ ဒီလိုအပြောခံရဖန် များလာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် သူများနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်တတ်လာပြီး စိတ်ဓာတ်ကျလာခဲ့တယ်။ American Idol (Season 9) မှာလည်း ဝင်ပြိုင်ခဲ့ပေမယ့်၊ တော်တော်လေး အဆင်ပြေခဲ့ပြီးမှ နောက်ဆုံးမှာ အိမ်ပြန်ပို့ခံလိုက်ရတယ်။ 


သူ့အတွက် အခွင့်အလမ်းတံခါးတွေ တစ်ချပ်ပြီးတစ်ချပ် ပိတ်သွားသလို ခံစားရပြီး၊ တော်တော်လေး စိတ်ပျက်သွားခဲ့ တယ်။ သူ့ရဲ့ စိတ်ပျက်ရတဲ့အကြောင်းတွေ၊ စိတ်ရှုပ်ထွေးမှုတွေနဲ့ ခံစားချက်တွေကို သူ့ရဲ့ မှတ်စုစာအုပ်မှာ ရေးဖြစ်ခဲ့ တယ်။ ပြီးတော့ “ဘုရားသခင် ကျွန်မကို လမ်းပြပေးပါ၊ ကျွန်မ သီချင်းမဆိုရဘူး၊ သီချင်းဆိုတာ အလုပ်မဖြစ်ဘူးဆိုရင် ကျွန်မကဘာလဲ၊ ကျွန်မဘာဆက်လုပ်ရမလဲ”ဆိုပြီး ဆုတောင်းစာလေးကိုလည်း ရေးခဲ့သေးတယ်။


“ငါ့ပုံစံက အရှက်အကြောက်ကြီးပြီး၊ လူတွေကြိုက်တတ်တဲ့ တက်တက်ကြွကြွနဲ့ လန်းတဲ့ပုံစံမျိုး မဟုတ်ဘူး၊ ရုပ်လည်း မလှဘူး၊ ငါ့ရဲ့ ပင်ကိုယ်သဘာဝကိုက ငြီးငွေ့စရာပုံပေါက်နေတယ်”ဆိုပြီး သူတချိန်လုံး ခံစားခဲ့ရတယ်။ နောက်တော့ “ဒါတွေဟာ အလိမ်အညာတွေပဲ။ အမှန်တရား မဟုတ်ပါဘူး။ ငါက ရည်ရွယ်ချက်ရှိရှိနဲ့ ဘုရားရဲ့ စိတ်တိုင်းကျ ဖန်ဆင်း ထားတဲ့ လက်ရာဖြစ်တယ်”ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လက်ခံလာတဲ့အခါ သူ့ကိုယ်သူ သူများနဲ့ နှိုင်းယှဉ်နေတာတွေ မလုပ် တော့ဘူး။ 


ဒီနောက်မှာတော့ သူ့ရဲ့ ဖြစ်တည်မှုအတိုင်း ရှင်သန်လာပြီး၊ သူ့ခံစားချက်တွေကို သံစဉ်တေးသွားတွေအဖြစ် ပြောင်းလဲ လိုက်တယ်။ “အရင်ကတော့ ကျွန်မဘာပြောရမလဲဆိုတာကို ဘေးလူတွေက သတ်မှတ်ပေးခဲ့ကြတယ်၊ ဒီတစ်ခါတော့ မတူတော့ဘူး၊ ကျွန်မကိုယ်တိုင် ကိုယ်ပြောချင်တဲ့စကား၊ ကိုယ်ပေးချင်တဲ့ message ကို ကိုယ်တိုင်ပြောတော့မယ်” ဆိုပြီး ဂစ်တာကို ကောက်ကိုင်လိုက်ပြီး ကိုယ်ပိုင်သံစဉ်တေးတွေ ရေးစပ်သီဆိုခဲ့တယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုကိုလည်း အရှိအတိုင်း လက်ခံလိုက်နိုင်ပြီဖြစ်တာကြောင့် ဘုရားသခင်ကိုလည်း ဒီလိုပြောခဲ့ တယ်။ “ဘုရားသခင်၊ ကိုယ်တော့်မှာ သမီးဘဝအတွက် ရည်ရွယ်ချက်ရှိတယ်ဆိုတာ သမီးသိတယ်။ ဘုရားသခင်ရဲ့ အစီအစဉ်ကို သမီးယုံကြည်တယ်။ သမီး နာမည်ကြီးပြီး ကျော်ကြားတဲ့သူမဖြစ်ရင်လည်း ကိစ္စမရှိဘူး။ အရာအားလုံးကို ကိုယ်တော့်လက်ထဲမှာ အပ်နှံပါတယ်” လို့ ဆုတောင်းခဲ့တယ်။ 


ဒီလိုစိတ်ပိုင်းဖြတ်ပြီး ဘ၀ကို ဘုရားလက်ထဲ ယုံယုံကြည်ကြည်ပုံအပ်ခဲ့ချိန်ကစလို့ အခွင့်အလမ်းတံခါးတွေ တစ်ခုပြီး တစ်ခု ပွင့်လာခဲ့ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်သံစဉ်သီချင်းတွေဟာ အွန်လိုင်းမှာ ပေါက်သွားခဲ့ပြီး၊ တေးထုတ်လုပ်သူတွေက လည်း သူ့ကို စီးရီးထုတ်ပေးပါရစေဆိုပြီး ကမ်းလှမ်းလာကြတယ်။ နောက်တော့ TVရုပ်သံအစီအစဉ်တွေ၊ အဆိုခရီးစဉ် Tour တွေတစ်ခုပြီးတစ်ခု ဖြစ်လာခဲ့ပြီး၊ ဂရမ်မီဆုတွေကိုလည်း ဆွတ်ခူးရရှိခဲ့တယ်။ Sing ဆိုတဲ့ကာတွန်းကားလေးမှာ ဆင်မလေး Meena နေရာကနေလည်း ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တယ်။  ဒီလိုနဲ့ သူ့ရဲ့ စိတ်ကူးအိပ်မက်တွေ တစ်ခုပြီး တစ်ခု ပြည့်စုံလာခဲ့တယ်။ 


Tori Kelly က ပြောဖူးတယ်။ “ကိုယ့်ဘ၀ကိုပြည့်ကြည့်ပြီး ကျွန်မနားလည်လာတဲ့အရာတစ်ခုရှိတယ်။ ‘အခု ငါ ကြိုးစား ပြီး ရှာဖွေရရှိထားတဲ့အရာတွေ မရှိတော့ရင်တောင်၊ ဘဝမှာ ယေရှုဘုရားရှိနေသေးရင် ငါ အဆင်ပြေနိုင်ဦးမလား’လို့ ကိုယ့်ကိုယ်ကိုယ် မေးခဲ့တယ်။ ကျွန်မကို ယေရှုဘုရား ပေးခဲ့တဲ့အရာတွေကို ပြန်စဉ်းစားလိုက်ရင် ဒီမေးခွန်းအတွက် ကျွန်မအဖြေက ‘အဆင်ပြေပါတယ်’ဆိုတဲ့အဖြေပါပဲ။ ကျွန်မ အဆင်ပြေတယ်၊ ဘာလို့လဲဆိုတော့ သူက ကျွန်မအတွက် အရာရာ ဖြစ်ပါတယ်။ ယေရှုဘုရားကြောင့်၊ ကျွန်မဟာ သူများပြောသလို အသက်ရှင်ဖို့ မလိုတော့တဲ့အပြင်၊ ယေရှု ဘုရားရဲ့ မေတ္တာ က ကျွန်မကို ဝန်းရံထားသေးတယ်”လို့ ဆိုခဲ့တယ်။ 


Tori Kelly ရဲ့ အဖြစ်က အောင်မြင်ဖို့အတွက် ဖိအားတွေရှိသလို၊ အောင်မြင်လို့ရလာတဲ့ ဖိအားတွေလည်း ရှိကြောင်း သတိပေးနေပါတယ်။ ဒါပေမယ့် ဘ၀မှာ ပတ်ဝန်းကျင်ကဖန်တီးတဲ့ ဘ၀ပုံရိပ်ထက်၊ ဘုရားရဲ့ အချစ်ကြောင့် ခံစားရ တဲ့ဘ၀ပုံရိပ်က ပိုပြီးချိုမြိန်အေးမြကြောင်း ဖော်ပြနေပါတယ်။ မိတ်ဆွေရော ဘယ်လိုထင်လဲ? 



By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More