အိမ်ထောင်ရေးဖောက်ပြန်မှုတွေ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရပြီး အိမ်ထောင်ကိုအောင်မြင်စွာကုစားနိုင်ခဲ့တဲ့ Brian နဲ့ Alicia

Brian ရဲ့ ဖောက်ပြန်မှုက ရပ်တန့်မသွားဘဲ၊ (၄)ကြိမ်မြောက်အထိ ဖြစ်လာတဲ့အခါမှာတော့၊ Alicia က ကွာရှင်းပြတ်ဆဲဖို့ တောင်းဆိုခဲ့ပြီး၊ သူ့ကိုယ်သူလည်း အဆုံးစီရင်ဖို့ စဉ်းစားလာတယ်။ အချစ်မခံရ၊ တန်ဖိုးထား မခံရ၊ ငြင်းပယ်စွန့်ပစ်ခြင်းပဲ ခံရတယ်ဆိုတဲ့စိတ်တွေကြောင့် Alicia ဟာ စိတ်ကျရောဂါကို ခံစားလာရပြီး၊ (၃)နှစ်လောက် စိတ်ငြိမ်ဆေးတွေ သောက်ခဲ့ရတယ်။

Brian နဲ့ Alicia တို့ဟာ အိမ်ထောင်သက် နှစ်(၂၀)ကျော်ရှိပြီဖြစ်တဲ့ အိမ်ထောင်ဘက်တွေဖြစ်ပါတယ်။ စတိုးဆိုင်တစ်ခုမှာ သူတို့ အမှတ်မထင်ဆုံတွေ့ ခဲ့ကြပြီး တွေ့တွေ့ချင်းမှာပဲ Brian က Alicia ကို “ဒီကောင်မလေးကတော့ ငါ့ဘ၀ရဲ့ လက်တွဲဖော်ပဲ”လို့ ခံစားရတယ်။ ဒီလိုနဲ့ သူတို့ (၆)လလောက် ချိန်းတွေ့ခဲ့ကြပြီး၊ ချစ်သူ သက်တမ်း (၉)လအကြာမှာ သူတို့ လက်ထပ်ခဲ့ကြတယ်။ 


လက်ထပ်ပြီးနောက်မှာ Alicia က သူနာပြု တက္ကသိုလ်တက်တော့ နေ့ဘက်မှာ အိမ်မှာမရှိတာများတယ်။ Brian က အလုပ် မှာ ဒုတိယဆိုင်းအထိ အလုပ်လုပ်ရလို့ အိမ်ပြန်ချိန်ဟာ အမြဲနောက်ကျခဲ့တယ်။ သူတို့နှစ်ယောက်ကောင်းကောင်းတွေ့ဖြစ်၊ စကားပြောဖြစ်ချိန်ဟာ စနေ၊ တနင်္ဂနွေပဲဖြစ်ပေမယ့် ဆုံဖြစ်ချိန်မှာလည်း စကားများတာနဲ့ပဲ အချိန်ကုန်သွားတာ များတယ်။ ဒီလိုနဲ့ ‌Brian လည်း အိမ်မှာ နေတာထက် အပြင်မှာနေတာ ပိုများခဲ့တယ်။ တခါတလေ တစ်ပတ်၊နှစ်ပတ်အထိ အိမ်ပြန် မလာဘဲ နေခဲ့တယ်။ တကြိမ်မှာ တော့ လနဲ့ချီပြီး အိမ်ပြန်မလာဘဲ နေခဲ့တယ်။ 


ဒီလိုနဲ့ နှစ်အနည်းငယ်အကြာ ဒုတိယကလေးမွေးဖွားပြီးချိန် Brian ရဲ့ ဖောက်ပြန်မှုဇာတ်လမ်းကို Alicia သိသွားခဲ့ပြီး၊ စိတ်ထိခိုက်နာကျင်ခဲ့ရတယ်။ ဒါပေမယ့် သူ့ခင်ပွန်းကို ခွင့်လွှတ်ပြီး အိမ်ထောင်ရေးခရီးကို အတူဆက်သွားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် Brian ရဲ့ ဖောက်ပြန်မှုက ရပ်တန့်မသွားဘဲ၊ (၄)ကြိမ်မြောက်အထိ ဖြစ်လာတဲ့အခါမှာတော့၊ Alicia က ကွာရှင်းပြတ်ဆဲဖို့ တောင်းဆိုခဲ့ပြီး၊ သူ့ကိုယ်သူလည်း အဆုံးစီရင်ဖို့ စဉ်းစားလာတယ်။ အချစ်မခံရ၊ တန်ဖိုးထား မခံရ၊ ငြင်းပယ်စွန့်ပစ်ခြင်းပဲ ခံရတယ်ဆိုတဲ့စိတ်တွေကြောင့် Alicia ဟာ စိတ်ကျရောဂါကို ခံစားလာရပြီး၊ (၃)နှစ်လောက် စိတ်ငြိမ်ဆေးတွေ သောက်ခဲ့ရတယ်။ 


တစ်ရက်တော့ ဆေးတစ်ဗူးလုံး အကုန်သောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ သူလုပ်ခဲ့တယ်။ ဒါနဲ့ ဆရာဝန်ရဲ့ ဆေးစာ အတိုင်း သူ့အတွက် ဆေးဝယ်လာပေးဖို့ သူ့ယောကျ်ားကို ဖုန်းဆက်မှာခဲ့တယ်။ ဒါပေမယ့် အိမ်ရောက်လို့ ဆေးဗူးဖွင့်ကြည့် ချိန်မှာ ဆေးက (၃)လုံးပဲ ရှိနေတာ တွေ့လိုက်တယ်။ ဒါနဲ့ “ဆေးတွေက ရာချီရှိရမှာ၊ ဘာကြောင့် (၃)လုံးပဲ ရှိရတာလဲ”လို့ သူ့ယောကျာ်းကိုမေးတော့ ‘ဆေးဆိုင်က မှတ်ပုံတင်ဖို့ နောက်ကျသွားလို့ ဆေးပြတ်နေတာ’လို့ သိခဲ့ရတယ်။ ဒီအချိန်မှာပဲ Alicia ဟာ သူ့ဘ၀ရဲ့ အဆိုးဆုံး၊ အောက်ဆုံးရောက်နေချိန်မှာ သူ့ဘ၀ထဲကို ဘုရားက ချင်းနင်းဝင်ရောက်လာပြီး ကယ်တင် ပေးခဲ့တယ်လို့ ခံစားလိုက်ရတယ်။ “ဒါဆိုရင် Brian ကို ကျွန်မ ဘယ်လိုလုပ်ရမလဲ အရှင်ဘုရား”လို့ မေးတဲ့အချိန်မှာ ဘုရား က “Brian ကို နောက်တစ်ကြိမ်အခွင့်အရေးထပ်ပေးနိုင်မလား”လို့ စာနာကြင်နာစွာနဲ့ ပြောတာကို သူခံစားခဲ့ရတယ်။ 


တချိန်တည်းမှာပဲ Brian ကလည်း သူ့လုပ်ရပ်အမှားတွေကြောင့် သူ့မိသားစုကို အားနာပြီး၊ သူ့ကိုယ်သူလည်း ရှက်လွန်း၊ စိတ်ပျက်လွန်း၊ မွန်းကြပ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့  သူ့အဖိုးရဲ့ ခြံထဲသွားပြီး သေနတ်ကို မေးစေ့အောက်မှာ ချိန်ပြီး မောင်းခလုတ်ကို ဆွဲလိုက်ပါတယ်။ ဒါပေမယ့် ကျည်မထွက်ဘဲ ဂျန့် ဖြစ်သွားခဲ့တယ်။ ဒီအချိန်မှာပဲ “ဒါဟာ ငါ့ကို ဘုရားက အခွင့်အရေးပေးတာပဲ”လို့ Brian ခံစားရပြီး၊ ဖခင်ကောင်း၊ ခင်ပွန်းကောင်းတစ်ယောက်အနေနဲ့ ရှင်သန်သွားဖို့ သူ့ဘ၀ကို ဘုရားသခင်ဆီမှာ ဆုတောင်းပြီး ဆက်ကပ်ခဲ့တယ်။ 

အဲဒီ့နောက်မှာတော့ Brian လည်း သူ့ဇနီးကိုတောင်းပန်ခဲ့ပြီး၊ သူတို့ ဇနီးမောင်နှံနှစ်ယောက်လုံး အိမ်ထောင်ရေး ဆွေးနွေး ကုစားပေးခြင်းအစီအစဉ်ကို တက်ရောက်ခဲ့ကြတယ်။ ဘုရားကို ပစ်ပြီး ဘ၀ကို ကိုယ့်စိတ်ကြိုက်အသက်ရှင်ခဲ့တာတွေ အတွက် နောင်တရပြီး၊ သူတို့ဘ၀နဲ့ သူတို့အိမ်ထောင်ရေးမှာ ဘုရားသခင်ကိုပဲ ဦးထိပ်ထားဖို့ ပြန်လည် ဆက်ကပ်လာတဲ့ အခါ သူတို့အကြားက အချစ်တွေဟာ အရင်အချိန်တွေကထက် ပိုပြီး ရှင်သန်ခိုင်မာလာခဲ့တယ်။ 


Brian နဲ့ Alicia တို့ အိမ်ထောင်ရေးဇာတ်လမ်းကနေ သင်ခန်းစာ (၃)ခုကို‌တွေ့ရပါတယ်။ 

  1. ဇနီးမောင်နှံနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အချိန်ကောင်းကောင်းပေးဖို့ အရေးကြီးတယ်။ 
  2. ဖောက်ပြန်မှုတွေရှိနေတဲ့ အိမ်ထောင်တွေကလည်း ပြန်လည်ကောင်းမွန်လာနိုင်တာကိုလည်း တွေ့ရပါတယ်။ ဒ
  3. အိမ်ထောင်ရေးပြိုလဲမှုတွေ၊ ဇနီးမောင်နှံကြား ချစ်ခြင်းမေတ္တာခမ်းခြောက်နေတာတွေကို ပြန်လည်ကုစားပေးဖို့ ယေရှုဘုရားကူညီပေးနိုင်တယ်ဆိုတာကိုလည်း တွေ့ရပါတယ်။ တကယ်တော့ အိမ်ထောင်မိသားစုဘ၀ကို အဦးဆုံး အစပြုတည်ဆောက်ပေးခဲ့သူဟာ ဘုရားကိုယ်တိုင်ဖြစ်လို့ အိမ်ထောင်တိုင်းကို သာယာခိုင်မာစေချင်တာ ဘုရားရဲ့ အလိုတော်ပါ။ ကိုယ့်ရဲ့ ခံစားချက်တွေနောက်ကိုလိုက်ပြီး စဉ်းစားဆုံးဖြတ်တာထက် ဘုရားသခင် ဘက်ကိုလှည့်ပြီး အကူအညီရယူတာက ပိုအကျိုးရှိတယ်ဆိုတဲ့သင်ခန်းစာကိုလည်း တွေ့ရပါတယ်။ 

ချစ်သူတိုင်း၊ အိမ်ထောင်တိုင်း သာယာပျော်ရွှင်ကြပါစေ။ အာမင်။ 


By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More