အိုလံပစ်ရွှေတံဆိပ်ဆုရှင် ကျွမ်းဘားမယ်ဟောင်း Shawn Johnson ပြောတဲ့ အောင်မြင်မှုဝိရောဓိ 

တပတ်ကို နာရီ(၄၀)လောက် ပုံမှန်လေ့ကျင့်ခဲ့ပေမယ့် သူ့ ကိုယ်အလေးချိန်က ကျမသွားခဲ့ဘူး။ ညဆိုရင် လည်း ကောင်းကောင်းအိပ်မပျော်တာ ပုံမှန်ဖြစ်လာတယ်။ အစားလည်း ကောင်းကောင်းမစားနိုင်ဘူး။

Shawn Johnson ဟာ ကျွမ်းဘားအားကစားလောကမှာ ဩဇာတိက္ကမ ကြီးမားလွန်းတဲ့ “စွယ်စုံကျွမ်းဘား အားကစား ချန်ပီယံဆု”ကို ၂၀၀၇ ခုနှစ်မှာ ဆွတ်ခူးခဲ့ပြီး၊ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာကျင်းပတဲ့  ၂၀၀၈ ကမ္ဘာ့အိုလံပစ်ပွဲတော်မှာ ရွှေတံဆိပ်ဆုတစ်ခုနဲ့ ငွေတံဆိပ်ဆု(၃)ခု ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။၊ အသင်းလိုက်ပြိုင်ပွဲဆုတွေကိုလည်း ၂၀၀၇ နဲ့ ၂၀၁၁ မှာ ဆွတ်ခူးခဲ့ပါသေးတယ်။ ၂၀၀၉ ခုနှစ်မှာလည်း အမေရိကန် TV စီးရီးအစီအစဉ်လည်းဖြစ်၊ အကပြိုင်ပွဲလည်းဖြစ်တဲ့ Dancing with the Stars (Season 8) မှာလည်း Winner ဆုရှင် ဖြစ်ခဲ့ပါသေးတယ်။ 


အပြုံးချိုချိုနဲ့ ချစ်စရာမျက်နှာပိုင်ရှင် Shawn Johnson ဟာ အသက်(၃)နှစ်အရွယ်ကတည်းက ကျွမ်းဘား ကစားခဲ့တာ ကြောင့်၊ ကျွမ်းဘားအားကစားမှာ အရမ်းထူးချွန်ပါတယ်။ ၂၀၀၈ ခုနှစ်မှာပဲ သူ့အသက်(၁၆)နှစ်ပြည့်လို့ အိုလံပစ်ပွဲတော် မှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး၊ အမေရိကန်နိုင်ငံအတွက် ဆုတံဆိပ်(၄)ခုအထိ ယူပေးခဲ့ပါတယ်။ 

အများရဲ့ အမြင်မှာ ကမ္ဘာ့အဆင့် ထူးချွန်အောင်မြင်တဲ့အားကစားသမားတစ်ယောက်ဖြစ်လို့ အားကျစရာတွေရှိပေမယ့်၊ အောင်မြင်မှုနဲ့အတူ သူရုန်းကန်ခဲ့ရတာတွေကိုတော့ တော်တော်များများကမသိကြပါဘူး။ ၂၀၀၈ ဘေဂျင်းအိုလံပစ်ပွဲမှာ သူပထမဆုံးရတဲ့ဆုက ငွေတံဆိပ်ဆုပါ။ ဆုကိုလက်ခံရယူချိန်မှာ ဆုပေးသူက သူ့ကို I am sorry (စိတ်မကောင်းပါဘူး) ဆိုပြီး ပြောခဲ့တယ်။ အဲဒီ့စကားက သူ့ကိုအတော်လေး နာကျင်စေခဲ့ပါတယ်။ အဲဒီအတွေ့အကြုံနဲ့ပတ်သက်ပြီး Shawn Johnson က အခုလို ပြန်ပြောပြပါတယ်။ 


“ကျွန်မရှေ့က ကစားသွားတဲ့ ကစားသမားရဲ့ရမှတ်က အမှတ်အများဆုံးရထားတဲ့သူထက် တစ်မှတ်သာနေတာ ကို မြင်လိုက်တော့၊ စိတ်ထဲမှာ ချက်ခြင်းဆိုသလို “ငါတော့ ရွှေတံဆိပ်ဆုကို မရနိုင်တော့ဘူး”လို့ ခံစားလိုက်ရ ပြီး၊ စိတ်ဓာတ်ကျသွားတယ်။ ဆက်ပြိုင်မလား၊ အရှုံးပေးမလား ဆိုပြီး စဉ်းစားနေခဲ့သေးတယ်။ ‘ဒါပေမယ့် ရွှေတံဆိပ်ဆုကို မရခဲ့ရင်တောင် ဒီဆုနဲ့ ထိုက်တန်ကြောင်းကိုတော့ ငါ ပြရမယ်’လို့ ဆုံးဖြတ်ပြီး၊ ကျွန်မဘ၀ တလျှောက် အကောင်းဆုံးပြကွက်တွေကို ထုတ်ကစားပြလိုက်တယ်။ ဒီချိန်မှာ တခါမှ မခံစားရဖူးတဲ့ ပေါ့ပါးမှု ကို ခံစားလိုက်ရပြီး၊ ကိုယ့်ကိုယ်ကိုယ် အမြင့်ဆုံးရောက်သွားသလို ခံစားလိုက်ရတယ်၊ ပရိတ်သတ် (၅၀၀၀၀) လောက် မတ်တပ်ရပ်ပြီး ဂုဏ်ပြုပေးကြချိန်ဟာ ကျွန်မဘ၀ရဲ့ ကျေနပ်စရာအကောင်းဆုံးအချိန်ပဲ။ ဒါပေမယ့် ဆုကိုလက်ခံတဲ့အချိန်မှာ ဆုပေးတဲ့သူက ကျွန်မကိုဖက်ပြီး I’m sorry (စိတ်မကောင်းပါဘူး) လို့ တိုးတိုးလေး ပြောသွားတာကို ကြားလိုက်ရတော့ ကိုယ့်ကိုယ်ကိုယ် အရှုံးသမားတစ်ယောက်လို ခံစားလိုက်ရတယ်။ နောက် ထပ် ငွေတံဆိပ်ဆုနှစ်ခုနဲ့ ရွှေတံဆိပ်ဆုတစ်ခု ထပ်ပြီးရခဲ့ပေမယ့် ကျွန်မမပျော်နိုင်တော့ဘူး။ ပြိုင်ပွဲမှာ (၂၀၀%) အားစိုက်ထုတ်ပြီး အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အရှုံးသမားတစ်ယောက်လိုပဲ ခံစားရတယ်…” လို့ Shawn Johnson က ပြန်ပြောပြပါတယ်။ 


Shawn Johnson ဟာ ဘေဂျင်းအိုလံပစ်ပွဲတော် အပြီးမှာ Dancing with the Stars ဆိုတဲ့ အကပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့ပြီး၊ Winner တစ်ယောက်ဖြစ်ခဲ့ပေမယ့် ပရိသတ်တွေက သူ့ရဲ့ ကိုယ်အလေးချိန်၊ ရုပ်ရည်အသွင်အပြင်၊ လူမှုဆက်ဆံရေးနဲ့ ပြုမူနေထိုင်ပုံအပေါ် ဝေဖန်မှုတွေကြောင့် ပြင်းပြင်းထန်ထန် နာကျင်ခဲ့ရပြန်ပါတယ်။ ကိုယ့်စိတ်ရှိတဲ့အတိုင်း လွတ်လွတ် လပ်လပ်နေဖို့ထက်၊ တခြားသူတွေ နေစေချင်တဲ့အတိုင်း ပြုမူနေထိုင်ဖို့ ဖိအားပေးခံရသလို ခံစားလာရတယ်။ ဒီခံစား ချက်က သူ့ကို အရမ်းပင်ပန်းစေခဲ့ပြီး၊ သူ့ ခွန်အားတွေအားလုံးကို စုပ်ယူသွားသလို ခံစားခဲ့ရတယ်။ ‘ဒီလိုမှ မနေရင် လည်း ကမ္ဘာကြီးက သူ့ကို လက်မခံနိုင်ဘူး’လို့ ခံစားရတယ်။ 


Shawn Johnson ရဲ့ စိတ်အပင်ပန်းရဆုံးအချိန်က ၂၀၁၂ လန်ဒန်အိုလံပစ်ပွဲတော်မတိုင်ခင် (၆)လအလို အချိန်ကာလပဲ ဖြစ်ပါတယ်။ တပတ်ကို နာရီ(၄၀)လောက် ပုံမှန်လေ့ကျင့်ခဲ့ပေမယ့် သူ့ ကိုယ်အလေးချိန်က ကျမသွားခဲ့ဘူး။ ညဆိုရင် လည်း ကောင်းကောင်းအိပ်မပျော်တာ ပုံမှန်ဖြစ်လာတယ်။ အစားလည်း ကောင်းကောင်းမစားနိုင်ဘူး။  သူ့ဆံပင်တွေ ကျွတ်လာတယ်၊ သူ့မိဘတွေက သူ့ကို ပြင်းထန်တဲ့ စိတ်ကျဝေဒနာခံစားနေရတယ်ထင်ပြီး စိတ်ပညာရှင်ဆရာဝန်တွေနဲ့ ပြသဖို့တောင် လုပ်ကြသေးတယ်။ Shawn Johnson ကတော့ ဘယ်လောက်စိတ်ပင်ပန်းနေပါစေ၊ လေ့ကျင့်တာကို  မလျှော့ဘဲ ပြင်းပြင်းထန်ထန် ဆက်လေ့ကျင်ခဲ့တယ်၊ ‘ဒီလိုလုပ်ရင် ငါ့ကိုထောက်ပံ့အားပေးကြတဲ့ စပွန်ဆာတွေ၊ မိဘ တွေ၊ နည်းပြတွေ၊ အသင်းဖော်တွေ ပျော်ရွှင်ကြလိမ့်မယ်”ဆိုပြီး သူအရမ်းကြိုးစားခဲ့တယ်။ ဒါပေမယ့် လေ့ကျင့်ပြီး ပြန်လာတိုင်း သူပိုပိုပြီး ပင်ပန်းလာတယ်။ “ကျွန်မနေ့တိုင်း ငိုခဲ့ရတယ်၊ ဘ၀မှာ ငြိမ်ချမ်းပျော်ရွှင်မှုလည်း မရှိခဲ့ဘူး။ လူတိုင်းအတွက် အဆင်ပြေအောင် နေခဲ့ပေမယ့်၊ ကိုယ့်အတွက်တော့ အဆင်မပြေခဲ့ဘူး”လို့ Shawn Johnson က သူ့အဖြစ်ကို ဖွင့်ဟပြောပြတယ်။ 


ဒါပေမယ့် တစ်ရက်တော့ လေ့ကျင့်ခန်းလုပ်ဖို့ အားကစားရုံကိုရောက်လာတဲ့အခါ သူ့စိတ်ထဲကနေ ဘုရားရဲ့ စကားသံကို သူကြားလိုက်ရတယ်။ “မင်းက လူတွေ မင်းကို စိတ်ပျက်မှာကို သိပ်ကြောက်နေတယ်၊ ဒါ မင်းရဲ့အစစ်အမှန် မဟုတ်ဘူး၊ မင်းရဲ့ နှလုံးသားနောက်ကိုပဲ လိုက်ပါ၊ ကြောက်နေတာတွေကို နောက်မှာထားလိုက်ပါ’ ဒီလိုကြားလိုက်ပြီး ခဏချင်းမှာပဲ ကျွန်မပခုံးပေါ်တင်နေတဲ့ ကမ္ဘာကြီးကို ယူပစ်သလို ခံစားလိုက်ရတယ်”လို့ သူက ပြန်ပြောပြတယ်။ 


“ကျွန်မက ရွှေတံဆိပ်ဆုတစ်ခုအတွက်နဲ့၊ ကျွန်မရဲ့ နှလုံးသားနဲ့ စိတ်ဝိညာဉ်ကို မပျော်ရွှင်အောင် လုပ်မိခဲ့တယ်။ တကယ် တမ်း ရွှေတံဆိပ်ဆု (၁၂)ခု ရရင်တောင် ကျွန်မဟာ ပျော်ရွှင်နေမှာ မဟုတ်ဘူး”ဆိုတာ သူသိလာတယ်။ နောက်တော့ သူ့ဘ၀ရဲ့ တန်ဖိုးဟာ သူ့ရဲ့ ဆုတံဆိပ်တွေမဟုတ်ဘဲ၊ သူ့ကို အသက်ပေးပြီးချစ်တဲ့ ယေရှုဘုရားဖြစ်တာကို သူနားလည် လာတဲ့အခါ ဆုတံဆိပ်တွေ တစ်ခုပြီးတစ်ခုရယူနိုင်ဖို့ အသက်ရှင်မယ့်အစား၊ ဘုရားဖြစ်စေချင်တဲ့အတိုင်း အသက်ရှင် လာဖို့ သူ့ဘ၀ရည်ရွယ်ချက်ကို ပြောင်းလဲခဲ့တယ်လို့ Shawn Johnson က ဆိုပါတယ်။ 


Shawn Johnson ရဲ့ အဖြစ်က အောင်မြင်ဖို့အတွက် ဖိအားတွေရှိသလို၊ အောင်မြင်လို့ရလာတဲ့ ဖိအားတွေလည်း ရှိကြောင်း သတိပေးနေပါတယ်။ ဒါပေမယ့် ဘ၀မှာ ဆုတံဆိပ်တွေကပေးတဲ့ ဘ၀ပုံရိပ်ထက်၊ ဘုရားရဲ့ အချစ်ကြောင့် ခံစားရတဲ့ဘ၀ပုံရိပ်က ပိုပြီးချိုမြိန်အေးမြကြောင်း ဖော်ပြနေပါတယ်။ မိတ်ဆွေရော ဘယ်လိုထင်လဲ? 


By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More