ရင်မောစရာတွေကြားက စိတ်ငြိမ်သက်အေးချမ်းစရာ

ဒုက္ခသည်စခန်းမှာ တာဝန်ရှိသူတွေက ကလေးတွေကို မေးမြန်းတဲ့အခါ ကလေးတွေက “သူတို့ နောက် တရက် နိုးလာတဲ့အခါ စားစရာသောက်စရာမရှိဘဲ ပြေးလွှားနေရမှာကို စိုးရိမ်လို့ အိပ်မပျော်နိုင်ကြတာဖြစ်ကြောင်း” ပြော ပြပါတယ်။ စခန်းက တာဝန်ရှိသူတွေကလည်း ဒါနဲ့ပတ်သက်ပြီး မစိုးရိမ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကလေးတွေကိုပြောပြပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။



ရင်မောစရာတွေကြားက စိတ်ငြိမ်သက်အေးချမ်းစရာ


တခါက ဆရာဝန်တစ်ယောက်က သူ့ရဲ့ လူနာတွေကို လေ့လာမှုစစ်တမ်းတစ်ခု လုပ်ခဲ့ပါတယ်။ ဆေးခန်းလာပြတဲ့လူနာတွေ ကို မေးခွန်းတွေပါတဲ့စာရွက်တစ်ရွက်ပေးပြီး ဖြေခိုင်းပါတယ်။ မေးခွန်းတွေထဲကတစ်ခုက “ခင်ဗျားအတောင့်တဆုံးဆန္ဒက ဘာဖြစ်သလဲ” ဖြစ်ပါတယ်။ ဖြေဆိုသူ ၆၇% က “စိတ်ငြိမ်သက်အေးချမ်းမှု” (peace of mind) လို့ ဖြေဆိုကြပါတယ်။ 


လူတွေဟာ စိတ်ငြိမ်သက်အေးချမ်းမှုကို ဘယ်လောက်ထိ ငတ်မွတ်လိုချင်နေကြသလဲဆိုတာကို ဒီဖြစ်ရပ်က ဖော်ပြနေပါ တယ်။ ဒါပေမယ့် ရင်လေး၊ရင်မောစရာတွေကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေရတဲ့ ဒီခေတ်ကြီးထဲမှာ စိတ်အေးချမ်းသက်သာ ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား? ဒီလောက် ဗလောင်ဆူနေတဲ့ လောကကြီးထဲမှာ စိတ်ငြိမ်အေးချမ်းမှုဆိုတာ ရှိနိုင်ပါ့မလား? 

The Personnel Journal က စိတ်ဝင်စားစရာကောင်းတဲ့တွေ့ရှိချက်တစ်ခုကို ဖော်ပြခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၅၃၀)အတွင်းမှာ ကမ္ဘာကြီးမှာ ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့တဲ့အချိန်က (၂၆၈)နှစ်ပဲ ရှိတယ်။ ပြီးခဲ့တဲ့ ရာစု(၃)ခုအတွင်းမှာ ဥရောပတိုက်တစ်ခုတည်းမှာပဲ စစ်ပွဲပေါင်း (၂၈၆)ကြိမ် ဖြစ်ပွားခဲ့တယ်။ ဘီစီ (၆၅၀)ကနေ ဒီနေ့အချိန်အထိ လက်နက်ပြိုင် ဆိုင်မှုပေါင်း (၁၆၅၆)ကြိမ် ရှိခဲ့ပြီး၊ စစ်ဖြစ်တဲ့အနေအထားအထိ မရောက်ခဲ့တာဆိုလို့ (၁၆) ကြိမ်ပဲ ရှိခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၅၀၀) ကျော်အတွင်းမှာ ငြိမ်းချမ်းရေးစာချုပ်ပေါင်း (၈၀၀၀)ကျော် ချုပ်ဆိုခဲ့ပေမယ့်၊ ချိုးဖျက်ပျက်ပြယ်သွား ခဲ့ကြတယ်။ ဒီတော့ လူမှုရေးကတောက်ကဆကနေ နိုင်ငံရေး၊ လူမျိုးရေးပဋိပက္ခတွေအဆုံး လူမှုအနိဌာရုံတွေကို နေ့တိုင်း ဖြစ်ပျက်နေတဲ့ ဒီနေ့လိုအချိန်မှာ စိတ်ငြိမ်သက်အေးချမ်းမှုဆိုတာကို ရှာလို့ရော တွေ့နိုင်ပါ့လားဆိုတာ စဉ်းစားစရာဖြစ်လာ ပါတယ်။ 


စိတ်ငြိမ်သက်အေးချမ်းမှုနဲ့ ပတ်သက်ပြီး လူအများစုရှာဖွေတဲ့နည်းလမ်း (၃)ခု ရှိပါတယ်။ အဲဒါတွေကတော့ ဆေးတန်ခိုး၊ စိတ်တန်ခိုးနဲ့၊ ခိုလှုံရာတန်ခိုး ဖြစ်ပါတယ်။ ဆေးတန်ခိုးဆိုတာက ဆေးဝါးအကူအညီနဲ့ စိတ်ငြိမ်သက်မှုကို ရှာဖွေတာမျိုးကို ဆိုလိုတာပါ။ စိတ်ငြိမ်ဆေးတွေသောက်တဲ့အခါ၊ စိတ်ရောဂါဆရာဝန်တွေနဲ့ ပြတဲ့အခါ စိတ်သက်သာရာရသွားတာမျိုး ဖြစ်ပါတယ်။ စိတ်တန်ခိုးဆိုတာကတော့ စိတ်အာရုံတွေကိုစုစည်းပြီး တရားထိုင်တာ၊ တရားမှတ်တာမျိုးကို ဆိုလိုတာပါ။ ခိုလှုံရာတန်ခိုးဆိုတာကတော့ ဘဏ်မှာစုထားတဲ့ငွေပမာဏကြီးလာတာနဲ့အမျှ စိတ်လုံခြုံမှု ပိုခံစားရတာမျိုး၊ အကူအညီ လိုတဲ့အခါ ကျွမ်းကျင်ပညာရှင်တွေ၊ အားကြီးသူတွေကို ဆက်သွယ်နိုင်၊ အားထားနိုင်သရွေ့ စိတ်လုံခြုံမှုခံစားရတာမျိုးကို ဆိုလိုပါတယ်။ ဒါတွေက စိတ်သက်သာအေးချမ်းမှုကို လူတွေရှာဖွေလေ့ရှိတဲ့နည်းလမ်း(၃)ခု ဖြစ်ပါတယ်။ 


သမ္မာကျမ်းစာက ဒီနည်းလမ်း(၃)ခုကို လောကီသားတွေပေးတဲ့ငြိမ်သက်ခြင်းလို့ ဆိုပါတယ်။ ယေရှုဘုရားက ဒီလို ပြောခဲ့ ပါတယ်။ “ငါ​၏​ငြိမ်​သက်​ခြင်း​ကို​ သင်​တို့​အား​ငါ​ပေး​၏။ လော​က​သား​တို့​ပေး​သ​ကဲ့​သို့​မ​ဟုတ်။ သင်​တို့ စိတ်​မ​ပူ​ပန်​ကြ​နှင့်။” (ယောဟန် ၁၄း ၂၇) ဒီနေရာမှာ ယေရှုဘုရားပေးတဲ့ စိတ်ငြိမ်သက်အေးချမ်းမှုက ပြဿနာတွေ၊ နာကျင်မှုတွေကို ဖယ်ရှား ပေးခြင်း (သို့မဟုတ်) အဲဒီ့အရာတွေကနေ ရှောင်ပြေးခြင်းကနေလာတဲ့ ငြိမ်းအေးချမ်းမှုမျိုး မဟုတ်ပါဘူး။ ယေရှုဘုရား ပေးတဲ့ငြိမ်းအေးချမ်းမှုဆိုတာ ပြဿနာတွေနဲ့ နာကျင်စရာတွေကြားမှာ တည်ငြိမ်အေးချမ်းစွာ ရင်ဆိုင်နိုင်စွမ်း ဖြစ်ပါတယ်။ 


တခါက Chicago မှာလုပ်တဲ့ တရားပွဲတစ်ခုမှာ Booth Tucker ဆိုသူက ‘ယေရှုဘုရားရဲ့ ကြင်နာစာနာမှု’ဆိုတဲ့ခေါင်းစဉ်နဲ့ တရားဟောပါတယ်။ တရားပွဲအပြီးမှာ လူတစ်ယောက်က Booth Tucker ဆီလာပြီး၊ “အကယ်၍ ခင်ဗျားသာ ကျွန်တော့် လို မကြာသေးခင်ကပဲ ဇနီးဆုံးသွားခဲ့မယ်ဆိုရင်၊ ပြီးရင် ဘယ်တော့မှပြန်မလာနိုင်တော့မယ့်သူတို့အမေအတွက် ကလေး တွေက ငိုယိုနေတာကို မြင်ရမယ်ဆိုရင် ခင်ဗျား ဒီလိုတရားမျိုး ဟောနိုင်မှာ မဟုတ်ဘူး”လို့ ပြောပါတယ်။ ရက်အနည်းငယ် အကြာမှာ Booth Tucker ရဲ့ ဇနီးဟာ မီးရထားမတော်တဆမှုတစ်ခုမှာ အသက်ဆုံးသွားခဲ့ပြီး၊ သူ့ရဲ့ ဈာပနကို မကြာသေး ခင်က သူတရားပွဲလုပ်ခဲ့တဲ့ဘုရားကျောင်းမှာပဲ လုပ်ခဲ့ကြပါတယ်။ ဈာပနပွဲအပြီးမှာ ပူဆွေးနေတဲ့ Booth Tucker က ဈာပန ပွဲလာကြသူတွေဘက်ကိုလှည့်ပြီး၊ “လွန်ခဲ့တဲ့တရက်က လူတစ်ယောက်က ကျွန်တော့်ဆီလာပြီး ခင်ဗျားရဲ့ဇနီးသာ ဆုံးသွားခဲ့ရင် ယေရှုဘုရားရဲ့ ကြင်နာစာနာမှုအကြောင်း ခင်ဗျားဟောနိုင်မှာ မဟုတ်ဘူးလို့ ပြောလာပါတယ်။ အကယ်၍ အဲဒီ့ပုဂ္ဂိုလ် ဒီနေရာမှာ ရှိနေတယ်ဆိုရင် ယေရှုဘုရားဟာ ဘ၀အတွက် လုံလောက်ကြောင်း သူ့ကို ပြောပြချင်ပါတယ်။ ကျွန်တော့်ရဲ့ နှလုံးသားက ကြေကွဲနေပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို သီချင်းဆိုနိုင်ဖို့ ယေရှုဘုရားက ကူညီပေးနေတယ်။ ယေရှုဘုရားက ကျွန်တော့်ကို စာနာနှစ်သိမ့်ပေးတယ်ဆိုတာကို သူ့ကို ကျွန်တော်သိစေချင်တယ်”လို့ ဆိုပါတယ်။ 


ယေရှုဘုရားက စိတ်အေးချမ်းသက်သာမှုကို နည်းလမ်း(၃)မျိုးနဲ့ ပေးပါတယ်။

 ၁) သူဟာ ကျွန်တော်တို့အကျိုးနည်းစေဖို့ ဘယ်အရာကိုမှ ခွင့်ပြုမှာ မဟုတ်ဘူး၊

၂) သူဟာ ကျွန်တော်တို့ကို ဘယ်တော့မှ စွန့်ပစ်သွားမှာ မဟုတ်ဘူး၊

၃) ဒါတွေကို ကျွန်တော်တို့ ရင်ဆိုင်နိုင်ဖို့ ခံနိုင်ရည်ခွန်အားနဲ့ ဉာဏ်ပညာကို သူမပေးဘဲ မနေဘူးဆိုတဲ့ ဒီအချက်(၃)ခုက ဘုရားရဲ့ ချစ်ခြင်း မေတ္တာနဲ့ သူ့ရဲ့ အစီအစဉ်အပေါ် ကျွန်တော်တို့ကို စိတ်ချမှုကို ပေးတယ်၊ ဒီစိတ်ချမှုက ကျွန်တော်တို့ကို စိတ်ငြိမ်သက် အေးချမ်းမှုကို ဖြစ်စေတယ်။ ဒီစိတ်ငြိမ်သက်အေးချမ်းမှုကို ပြဿနာတွေ၊ နာကျင်မှုတွေနဲ့ မရေရာမသေချာမှုတွေကြားမှာ တည်ငြိမ်အေးချမ်းစွာ ရှေ့ဆက်နိုင်ဖို့ ကူညီပေးတယ်။ 


ဒုတိယကမ္ဘာစစ်ကာလတုန်းက ကလေးငယ်ထောင်ပေါင်းများစွာဟာ မိဘမဲ့ဘ၀ကို ရောက်ခဲ့ရပြီး၊ ထွက်ပြေးပုန်းရှောင် နေရချိန်မှာ ငတ်တလှည့်၊ပြတ်တလှည့် ဒဏ်တွေ ကြုံခဲ့ရတယ်။ ဒုက္ခသည်စခန်းကိုရောက်လာတဲ့ကလေးတွေကတော့ အစားအစာနဲ့ ပြုစုစောင့်ရှောက်မှုကို ရရှိကြတယ်။ ဒါပေမယ့် ကလေးအများစုက ညမှာ ကောင်းကောင်းအိပ်မပျော်ကြတာ ကို တွေ့ရတယ်။ ဒုက္ခသည်စခန်းမှာ တာဝန်ရှိသူတွေက ကလေးတွေကို မေးမြန်းတဲ့အခါ ကလေးတွေက “သူတို့ နောက် တရက် နိုးလာတဲ့အခါ စားစရာသောက်စရာမရှိဘဲ ပြေးလွှားနေရမှာကို စိုးရိမ်လို့ အိပ်မပျော်နိုင်ကြတာဖြစ်ကြောင်း” ပြော ပြပါတယ်။ စခန်းက တာဝန်ရှိသူတွေကလည်း ဒါနဲ့ပတ်သက်ပြီး မစိုးရိမ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကလေးတွေကိုပြောပြပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ လူတစ်ယောက်က အကြံတစ်ခုရပြီး ကလေးတွေ ညအိပ်တဲ့အခါ ပေါင်မုန့် တစ်လုံးစီ လက်ထဲမှာပိုက်ပြီး အိပ်ဖို့ လုပ်ပေးခဲ့ပါတယ်။ ဒီအကြံက အောင်မြင်သွားခဲ့ပါတယ်၊ အဲဒီ့ညကစပြီး ကလေးတွေ ကောင်းကောင်းအိပ်ပျော် နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ နောက်တစ်ရက်ကို ရင်ဆိုင်နိုင်ဖို့ သူတို့လက် ထဲမှာ စိတ်ချမှုနဲ့ အာမခံချက်ရှိလို့ ဖြစ်ပါတယ်။ ယေရှုဘုရားပေးတဲ့ စိတ်ငြိမ်သက်အေးချမ်းမှုကလည်း ဒီလိုပါပဲ။ မရေရာတဲ့နေ့ရက်တွေကို ရင်ဆိုင်နိုင်ဖို့ ရေရာသေချာတဲ့စိတ်ချမှုကို ပေးပါတယ်။ ဒီစိတ်ချမှုကြောင့် ရင်မောစရာ ဘ၀ လောကဓံတွေကြားမှာ စိတ်ငြိမ်သက် အေးချမ်းမှုကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ 


ငြိမ်သက်​ခြင်း​၏​သခင်​ ကိုယ်တော်​တိုင်​သည် မည်သည့်​အခြေအနေ​၌​မဆို သင်​တို့​အား ငြိမ်သက်​ခြင်း​ကို အစဉ်အမြဲ​ ပေး​တော်မူ​ပါစေသော။  (၂၊သက် ၃း၁၆ - စံမီကျမ်း) 

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည် စိတ်​နှ​လုံး​တည်​ကြည်​၍ ကိုယ်​တော်​ရှင်​ကို​ယုံ​ကြည်​ကိုး​စား​ကြ​သူ​တို့အား စစ်​မှန်​ သောငြိမ်း​ချမ်းသာ​ယာ​မှု​ကို ​ပေး​တော်မူ​ပါ​၏။ (ဟေရှာယ ၂၆း ၃ - ခေတ်သုံး)


ကြေကွဲစရာတွေထဲက ရုန်းထွက်နိုင်ခဲ့သူ

စိတ်ပျက်စရာကောင်းတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ဖူးလား၊ မိဘတွေဆီက အချစ်နဲ့ ကြင်နာမှုကို ခံစားရမယ့်အစား၊ ကြောက် စိတ်နဲ့ နာကျင်မှုတွေကိုပဲ ခံစားခဲ့ရတဲ့အဖြစ်မျိုး ကြုံခဲ့ဖူးလား။ 

Lauren ကတော့ ဒီအတွေ့အကြုံတွေကို သိတတ်စအရွယ်ကတည်းက ခံစားခဲ့ရတဲ့သူပါ။ သူ့အဖေရော၊ အမေပါ တချိန်လုံး မူးရူးနေပြီး သူ့ကိုလည်း ဂရုမစိုက်ကြပါဘူး။ သူ့အသက်(၃)နှစ်အရွယ်မှာ သူ့အဖေက သူတို့သားအမိကို ပစ်သွားခဲ့တယ်။ အဲဒီ့အချိန်ကစပြီး သူ့အမေဟာ ပိုဆိုးလာပြီး၊ စိတ်ပိုဆတ်လာပါတယ်။ စိတ်အတက်အကျလည်း အရမ်းမြန်ပြီး သူ့ကို မကြာမကြာရိုက်လေ့ရှိတယ်။ ရေဖိတ်ကျတာလို အသေးအဖွဲလေးတွေကိုတောင် သည်းမခံနိုင်ဘဲ ကြိမ်းမောင်းလေ့ရှိတယ် 

အချိန်ကြာလာလေလေ သူ့အမေရဲ့ စိတ်ဟာ ပိုပိုပြီး ခန့်မှန်းရခက်လာလေလေပဲ။ အခု စိတ်ကြည်နေရင်တောင် ခဏနေ စိတ်ဆိုးဒေါသထွက်လာပြီး သူ့ကို ဆူဆဲရိုက်နှက်တယ်။ ကြာတော့ သူ့အမေကို သူကြောက်လာခဲ့တယ်။ ဘယ်လောက်ပဲ ကောင်းကောင်းလုပ်ပေးရင်လည်း သူ့အမေက သူ့အပေါ် စိတ်တိုင်းကျတယ်ဆိုတာ မရှိဘူး။ နောက်တော့ သူ့ကိုယ်သူ စိတ်ဓာတ်ကျ၊ စိတ်ပျက်အားငယ်လာပြီး၊ သူမွေးဖွားလာတာကိုက “အမှားအယွင်းတစ်ခု”လို့ ခံစားလာရတယ်။ 

ဒီအချိန်တွေမှာ သူ့အဖွားက သူ့အတွက် စိတ်သက်သာရာဖြစ်စေခဲ့တယ်။ ဒါပေမယ့်လည်း သူ့အသက် (၁၀)နှစ်အရွယ်မှာ သူ့အဖွား ဆုံးသွားပြန်တော့၊ ကောင်းကင်ကြီးပြိုသွားသလို ခံစားလိုက်ရတယ်။ 

သူ့ရဲ့ ဆယ်ကျော်သက်အရွယ်ဟာ သူများရဲ့ သဘောကျမှုနဲ့ အလေးထားမှုကိုခံရဖို့ ကြိုးစားရင်းနဲ့ ပင်ပန်းခဲ့ရတယ်။ “ငါ စာကြိုးစားရင်၊ စာတော်လာရင်၊ အားကစားမှာ ထူးချွန်ရင် လူတွေ ငါ့ကို နှစ်သက်မယ်၊ ငါနဲ့ အပေါင်းအသင်းလုပ်ချင်လာ မယ်၊ ငါ့ကို တန်ဖိုးထား‌လာကြမယ်”ဆိုတဲ့အတွေးနဲ့ အမြဲကြိုးစားလေ့ရှိတယ်။ ရည်းစားတွေလည်း ထားခဲ့ပြီး၊ သူ့ကို နှစ်သက်သူတွေရှိရင် ကျေနပ်ခဲ့တယ်။ ဒါပေမယ့် အထက်တန်းတက်နေချိန်မှာ ရည်းစားနဲ့ပြတ်သွားခဲ့ရာက အကြီးအကျယ် စိတ်ဓာတ်ကျသွားခဲ့ပြီး၊ စိတ်ကျရောဂါလည်း ရလာခဲ့တယ်။ နောက်တော့ ဆေးတဗူးလုံး အကုန်သောက်ပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့ လုပ်ခဲ့တယ်။ ကံကောင်းထောက်မလို့၊ အရေးပေါ်ခန်းထဲ အချိန်မီရောက်ခဲ့ပြီး  အသက်ရှင်ခွင့်ရခဲ့တယ်။ 

အဲဒီ့နောက်မှာတော့ သူ့လို စိတ်ဒုက္ခရောက်နေသူတွေကို ကူညီပေးနိုင်ဖို့ အတိုင်အပင်ခံ Counsellor ဖြစ်အောင် ကြိုးစား မယ်ဆိုပြီး ကောလိပ်တက်ခဲ့တယ်။ ကျောင်းပြီးတော့ လူတွေကို Life skills သင်ပေးသူ ဖြစ်လာတယ်။ လူတွေ သူ့နားမှာ ဝန်းရံနေတာကို သူသဘောကျပေမယ့်၊ သူ့စိတ်အတွင်းထဲက ဖိစီးမှုကတော့ အရင်လိုပဲ ပျောက်မသွားခဲ့ဘူး။ 

သူ စိတ်ကျရောဂါနဲ့  နပန်းလုံးနေရတဲ့အဖြစ်ကို လူတွေမသိစေချင်လို့ ဖုံးကွယ်ဖို့ သူကြိုးစားပေမယ့်လည်း နောက်ဆုံးမှာ သူ့ရဲ့ လုပ်ဖော်ဆောင်ဖက်တစ်ဦးဖြစ်တဲ့ Brian (ဘရိုင်ယန်)က သတိထားမိသွားတယ်။ ဘရိုင်ယန်က ယေရှုဘုရားရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကိုပြောပြတော့ ဘ၀မှာ မျှော်လင့်ချက်အလင်းရောင်ကို ပထမဆုံး ခံစားလိုက်ရတယ်။ အဲဒီ့ နောက်ပိုင်း ဘ၀မှာ ပြဿနာတွေကြုံလာတဲ့အခါတိုင်း ယေရှုဘုရားဆီမှာ မျှော်လင့်ချက်ရှိကြောင်း၊ ယေရှုဘုရားကို စိတ်ချအားကိုးနိုင်ကြောင်း Brian က မကြာခဏ ပြောပြတယ်။ တရက်တော့ အလုပ်ကိစ္စတစ်ခုနဲ့ သူတို့ခရီးသွားကြချိန်၊ လမ်းမှာ ဘရိုင်ယန်က ယေရှုဘုရားကို စိတ်နှလုံးထဲကနေ ဆုတောင်းစကားပြောကြည့်ပါလားလို့ ပြောလာတယ်။ ဘရိုင်ယန်ပြောတဲ့အတိုင်း လုပ်ကြည့်တဲ့အခါ ဘာနဲ့မှမတူတဲ့ထူးခြားမှုတစ်ခုကို Lauren စတင်ခံစားလိုက်ရတယ်။ အဲဒီ့နေ့ ကစပြီး Lauren ဟာ ပေါ့ပါးမှုနဲ့ လွတ်လပ်မှုကို တဖြည်းဖြည်း ခံစားလာရတယ်။ အခုတော့ ခွင့်လွှတ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာ ကိုလည်း ခံစားရလာတယ်လို့ Lauren က ပြောပြတယ်။ 

Lauren ရဲ့ဘ၀ကို စိတ်ပျက်ကြေကွဲစရာတွေထဲက ကယ်တင်ပေးခဲ့တဲ့ယေရှုဘုရားက မိတ်ဆွေကိုလည်း ကူညီပေးနိုင်ပါ တယ်။ Lauren လိုပဲ ယေရှုဘုရားဆီ စိတ်ထဲကနေ ဆုတောင်းစကားပြောကြည့်ပါလား၊ ထူးခြားမှုကို သင်လည်း ခံစားရ လာမှာပါ။ 



By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More