ဂန္တဝင်ဘောလုံးသမားကြီး(၃)ယောက်ကပေးတဲ့သင်ခန်းစာ

ဒီပုံမှာ 𝐌𝐚𝐫𝐚𝐝𝐨𝐧𝐚, 𝐏𝐞𝐥𝐞 နဲ့ 𝐏𝐥𝐚𝐭𝐢𝐧𝐢 တို့(၃)ယောက်ကို ၁၉၈၈ ခုနှစ်၊ ပြင်သစ်မှာလုပ်တဲ့ ကစားပွဲတစ်ခုမှာ အတူတွေ့ရတာပါ။ အဲဒီ အချိန်တုန်းက 𝐌𝐚𝐫𝐚𝐝𝐨𝐧𝐚 က မူးယစ်ဆေးဝါးဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွလှုံ့ဆော်ခဲ့တာပါ။ သူတို့ရဲ့ ဂျာစီအင်္ကျီမှာတောင် 𝐍𝐨 𝐃𝐫𝐮𝐠𝐬 ဆိုပြီး အင်္ဂလိပ်ဘာသာနဲ့ရော၊ ပြင်သစ်ဘာသာနဲ့ရော ဖော်ပြခဲ့ကြတာကို တွေ့ရမှာပါ။ 𝐏𝐥𝐚𝐭𝐢𝐧𝐢 ကတော့ လာဘ်ပေးလာဘ်ယူမှုကို ဆန့်ကျင့်ခဲ့ပြီး၊ 𝐏𝐞𝐥𝐞 ကတော့ ကလေးတွေရဲ့ အခွင့်အရေးအတွက် ရပ်တည်ခဲ့သူပါ။

ဒီပုံဟာ သင်ခန်းစာတွေနဲ့ပြည့်နေတဲ့ သမိုင်းဝင်ဓာတ်ပုံပါ။ ဒီပုံမှာ 𝐌𝐚𝐫𝐚𝐝𝐨𝐧𝐚, 𝐏𝐞𝐥𝐞 နဲ့ 𝐏𝐥𝐚𝐭𝐢𝐧𝐢 တို့(၃)ယောက်ကို ၁၉၈၈ ခုနှစ်၊ ပြင်သစ်မှာလုပ်တဲ့ ကစားပွဲတစ်ခုမှာ အတူတွေ့ရတာပါ။ အဲဒီ အချိန်တုန်းက 𝐌𝐚𝐫𝐚𝐝𝐨𝐧𝐚 က မူးယစ်ဆေးဝါးဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွလှုံ့ဆော်ခဲ့တာပါ။ သူတို့ရဲ့ ဂျာစီအင်္ကျီမှာတောင် 𝐍𝐨 𝐃𝐫𝐮𝐠𝐬 ဆိုပြီး အင်္ဂလိပ်ဘာသာနဲ့ရော၊ ပြင်သစ်ဘာသာနဲ့ရော ဖော်ပြခဲ့ကြတာကို တွေ့ရမှာပါ။ 𝐏𝐥𝐚𝐭𝐢𝐧𝐢 ကတော့ လာဘ်ပေးလာဘ်ယူမှုကို ဆန့်ကျင့်ခဲ့ပြီး၊ 𝐏𝐞𝐥𝐞 ကတော့ ကလေးတွေရဲ့ အခွင့်အရေးအတွက် ရပ်တည်ခဲ့သူပါ။ 


အချိန်တစ်ခုကြာလာပြီးနောက်မှာ 𝐌𝐚𝐫𝐚𝐝𝐨𝐧𝐚 က ဆေးသမား ဖြစ်လာခဲ့ပြီး၊ 𝟏𝟗𝟗𝟏 မှာ ကိုကိန်းသုံးလို့ဆိုပြီး ကစားပွဲတွေကနေ (၁၅)လ ပယ်ခံခဲ့ရပါတယ်။ အားကစားလောက ကနေ အနားယူပြီးနောက်မှာလည်း 𝐌𝐚𝐫𝐚𝐝𝐨𝐧𝐚 ဟာ အရက်နဲ့ မူးယစ်ဆေးတွေသုံးလို့ အတော်ပင်ပန်းခဲ့ရပါ တယ်။ တစ်ကြိမ်မှာဆိုရင် ကိုကိန်းသုံးရင်း နှလုံးရှော့ခ်ဖြစ်ပြီး သေလုနီးပါး ဖြစ်ခဲ့တာပါ။ 


𝐏𝐥𝐚𝐭𝐢𝐧𝐢 ဟာလည်း အစပိုင်းမှာ ပွင့်လင်းမြင်သာမှုနဲ့ အကျင့်ပျက်ချစားမှုတိုက်ဖျက်ရေးမှာ တက်ကြွလှုပ်ရှားခဲ့ပေ မယ့်၊ နောက်ပိုင်း 𝐔𝐄𝐅𝐀 ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖြစ်လာတဲ့အခါ လာဘ်ပေးလာဘ်ယူ လုပ်လို့ ဆိုပြီး၊ 𝐅𝐈𝐅𝐀 ရဲ့ ကျင့်ဝတ်ကော်မတီက 𝐏𝐥𝐚𝐭𝐢𝐧𝐢 ကို ဘောလုံးနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေကနေ (၆)နှစ်ပိတ်ပင်အရေးယူခဲ့ပါတယ်

𝐏𝐞𝐥𝐞 ဟာလည်း ပရဟိတလုပ်ငန်းတွေများစွာမှာပါဝင်ခဲ့ပြီး ကလေးသူငယ်အခွင့်အရေးအတွက် ရပ်တည်ခဲ့သူ ဖြစ်ခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ အိမ်ဖော်တစ်ယောက်နဲ့ ဖောက်ပြန်ပြီးရခဲ့တဲ့၊ သူ့ရဲ့သမီးရင်း 𝐒𝐚𝐧𝐝𝐫𝐚 𝐑𝐞𝐠𝐢𝐧𝐚 𝐀𝐫𝐧𝐚𝐭𝐞𝐬 ကို အသိအမှတ်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး 𝐒𝐚𝐧𝐝𝐫𝐚 က မကျေနပ်လို့ တရားစွဲပြီး၊ 𝐃𝐍𝐀 စစ်တဲ့အခါ 𝐏𝐞𝐥𝐞 ဟာ သူ့ရဲ့ အဖေရင်းဖြစ်နေတာ ပေါ်သွားခဲ့ပါတယ်။ 𝐒𝐚𝐧𝐝𝐫𝐚 က နောက်ပိုင်းမှာ ‘𝐓𝐡𝐞 𝐃𝐚𝐮𝐠𝐡𝐭𝐞𝐫 𝐓𝐡𝐞 𝐊𝐢𝐧𝐠 𝐃𝐢𝐝 𝐍𝐨𝐭 𝐖𝐚𝐧𝐭’ (ရှင်ဘုရင်ကအလိုမရှိတဲ့သမီးတော်) ဆိုတဲ့စာအုပ်ကိုရေးသားခဲ့ပြီး သူ့အမေနဲ့ 𝐏𝐞𝐥𝐞 တို့ရဲ့ အရှုပ်တော်ပုံကို ဖွင့်ချခဲ့ပါတယ်။ 𝐏𝐞𝐥𝐞 ဟာ ကလေးထောက်ပံ့မှုနဲ့ပတ်သက်ပြီး သူ့ရဲ့ ဆယ်ကျော်သက်မြေးနှစ်ယောက်ရဲ့ တရားစွဲဆိုခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ 


ဒီအဖြစ်အပျက်တွေကနေ သင်ခန်းစာတစ်ခုတွေ့ရပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်ရပ်တည်တဲ့အရာတစ်ခု အပေါ် အဆုံးအထိ ခိုင်ခိုင်မာမာရပ်တည်နိုင်ကြပါရဲ့လား၊ ကျွန်တော်တို့ရဲ့ တည်ကြည် ပြတ်သားမှုတွေဟာလည်း သွေးဆောင်မှုရောင်စုံတွေကြားမှာ အချိန်ကြာလာတာနဲ့အမျှ အားပျော့သွားလေမလားဆိုပြီး ဆင်ခြင်မိပါတယ်။ ဒီအဖြစ်အပျက်ကိုကြည့်ရင် တချို့သော အလဲအထပ်တွေက ဘ၀နဲ့ ရင်း၊ အသက်နဲ့ ရင်း၊ ဂုဏ်သိက္ခာနဲ့ရင်းရတဲ့ အလဲအထပ်တွေဖြစ်တယ်ဆိုတာကိုလည်း တွေ့ရပါတယ်။ မိတ်ဆွေကိုယ်တိုင်လည်း ဒီလို အလဲအထပ်အမှား တွေကို လုပ်ခဲ့မိကောင်း လုပ်ခဲ့မိနိုင်ပါတယ်။ သူတို့လောက် မဆိုးရွားရင်တောင်၊ ကိုယ့်ရဲ့ တဒင်္ဂရွေးချယ်မှုအမှား တွေကြောင့် တန်ပြန်ခံစားရတဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့ နောင်တတွေက တနင့်တပိုးဖြစ်နေနိုင်ပါတယ်။ 


အကယ်၍ သင်ဒီလိုခံစားနေရတယ်ဆိုရင် စိတ်မလျှော့လိုက်ပါနဲ့ ဦး။ သင့်အတွက် နောက်ထပ်အခွင့်အရေးပေး နေတဲ့ ယေရှုဘုရားရှိပါသေးတယ်။ သူဟာ နောင်တနဲ့ ကြေကွဲပြီး၊ ပြင်ဆင်လိုသူတွေကို ဘ၀သစ် ပြန်ပေးလိုသူ ဖြစ်ပါတယ်။ ယေရှုဘုရားရဲ့ သက်တော်စဉ်ကိုကြည့်ရင် သူ့နားမှာ ဝန်းရံနေသူတွေဟာ ပြည့်စုံကောင်းမြတ်သူ တွေထက်၊ ဘ၀အမှားနဲ့ အမိုက်မှောင်ထဲက နောင်တရပြီး ပြန်လည်ရုံးထွက်လိုသူတွေ၊ ဘ၀ကိုပြန်ပြင်ဆင်လိုသူ တွေဖြစ်ပါတယ်။ ဒီလိုလူတွေကို ကြိုဆိုလက်ခံလိုသူ၊ လက်ခံနိုင်သူတွေက လက်ချိုးရေလို့ ရလောက်အောင် အရမ်းနည်းပါတယ်။ ဒါပေမယ့် ယေရှုဘုရားကတော့ အမြဲကြိုဆိုလို့ နေပါတယ်။ သူဟာ မကောင်းသူကိုပယ်၊ ကောင်းသူကိုပဲ ကယ်ဖို့ လာခဲ့တဲ့ဘုရားမဟုတ်ပါဘူး။ မကောင်းတဲ့သူတွေကိုလည်း မပယ်ရက်၊ မျက်နှာမလွှဲရက် ဘဲ လက်ကမ်းကယ်တင်ဖို့ ရောက်လာခဲ့တဲ့ဘုရားဖြစ်ပါတယ်။ သူ့ရဲ့မေတ္တာနဲ့ ကြင်နာမှုက သင့်ရဲ့ အမှားတွေ၊ အမိုက်တွေထက် ပိုကြီးမားလို့ သူ့ဆီ ယုံကြည်ဝမ်းမြောက်စွာနဲ့ လှည့်ပြန်လို့ရကြောင်း မေတ္တာဖြင့် သတင်း ကောင်း ပါးလိုက်ပါတယ်။ 


By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More