ကြေကွဲစရာတွေထဲက ရုန်းထွက်နိုင်ခဲ့သူ

အချိန်ကြာလာလေလေ သူ့အမေရဲ့ စိတ်ဟာ ပိုပိုပြီး ခန့်မှန်းရခက်လာလေလေပဲ။ အခု စိတ်ကြည်နေရင်တောင် ခဏနေ စိတ်ဆိုးဒေါသထွက်လာပြီး သူ့ကို ဆူဆဲရိုက်နှက်တယ်။ ကြာတော့ သူ့အမေကို သူကြောက်လာခဲ့တယ်။


ကြေကွဲစရာတွေထဲက ရုန်းထွက်နိုင်ခဲ့သူ


စိတ်ပျက်စရာကောင်းတဲ့ မိသားစုမှာ ကြီးပြင်းခဲ့ဖူးလား၊ မိဘတွေဆီက အချစ်နဲ့ ကြင်နာမှုကို ခံစားရမယ့်အစား၊ ကြောက် စိတ်နဲ့ နာကျင်မှုတွေကိုပဲ ခံစားခဲ့ရတဲ့အဖြစ်မျိုး ကြုံခဲ့ဖူးလား။ 


Lauren ကတော့ ဒီအတွေ့အကြုံတွေကို သိတတ်စအရွယ်ကတည်းက ခံစားခဲ့ရတဲ့သူပါ။ သူ့အဖေရော၊ အမေပါ တချိန်လုံး မူးရူးနေပြီး သူ့ကိုလည်း ဂရုမစိုက်ကြပါဘူး။ သူ့အသက်(၃)နှစ်အရွယ်မှာ သူ့အဖေက သူတို့သားအမိကို ပစ်သွားခဲ့တယ်။ အဲဒီ့အချိန်ကစပြီး သူ့အမေဟာ ပိုဆိုးလာပြီး၊ စိတ်ပိုဆတ်လာပါတယ်။ စိတ်အတက်အကျလည်း အရမ်းမြန်ပြီး သူ့ကို မကြာမကြာရိုက်လေ့ရှိတယ်။ ရေဖိတ်ကျတာလို အသေးအဖွဲလေးတွေကိုတောင် သည်းမခံနိုင်ဘဲ ကြိမ်းမောင်းလေ့ရှိတယ် 


အချိန်ကြာလာလေလေ သူ့အမေရဲ့ စိတ်ဟာ ပိုပိုပြီး ခန့်မှန်းရခက်လာလေလေပဲ။ အခု စိတ်ကြည်နေရင်တောင် ခဏနေ စိတ်ဆိုးဒေါသထွက်လာပြီး သူ့ကို ဆူဆဲရိုက်နှက်တယ်။ ကြာတော့ သူ့အမေကို သူကြောက်လာခဲ့တယ်။ ဘယ်လောက်ပဲ ကောင်းကောင်းလုပ်ပေးရင်လည်း သူ့အမေက သူ့အပေါ် စိတ်တိုင်းကျတယ်ဆိုတာ မရှိဘူး။ နောက်တော့ သူ့ကိုယ်သူ စိတ်ဓာတ်ကျ၊ စိတ်ပျက်အားငယ်လာပြီး၊ သူမွေးဖွားလာတာကိုက “အမှားအယွင်းတစ်ခု”လို့ ခံစားလာရတယ်။ 


ဒီအချိန်တွေမှာ သူ့အဖွားက သူ့အတွက် စိတ်သက်သာရာဖြစ်စေခဲ့တယ်။ ဒါပေမယ့်လည်း သူ့အသက် (၁၀)နှစ်အရွယ်မှာ သူ့အဖွား ဆုံးသွားပြန်တော့၊ ကောင်းကင်ကြီးပြိုသွားသလို ခံစားလိုက်ရတယ်။ 


သူ့ရဲ့ ဆယ်ကျော်သက်အရွယ်ဟာ သူများရဲ့ သဘောကျမှုနဲ့ အလေးထားမှုကိုခံရဖို့ ကြိုးစားရင်းနဲ့ ပင်ပန်းခဲ့ရတယ်။ “ငါ စာကြိုးစားရင်၊ စာတော်လာရင်၊ အားကစားမှာ ထူးချွန်ရင် လူတွေ ငါ့ကို နှစ်သက်မယ်၊ ငါနဲ့ အပေါင်းအသင်းလုပ်ချင်လာ မယ်၊ ငါ့ကို တန်ဖိုးထား‌လာကြမယ်”ဆိုတဲ့အတွေးနဲ့ အမြဲကြိုးစားလေ့ရှိတယ်။ ရည်းစားတွေလည်း ထားခဲ့ပြီး၊ သူ့ကို နှစ်သက်သူတွေရှိရင် ကျေနပ်ခဲ့တယ်။ ဒါပေမယ့် အထက်တန်းတက်နေချိန်မှာ ရည်းစားနဲ့ပြတ်သွားခဲ့ရာက အကြီးအကျယ် စိတ်ဓာတ်ကျသွားခဲ့ပြီး၊ စိတ်ကျရောဂါလည်း ရလာခဲ့တယ်။ နောက်တော့ ဆေးတဗူးလုံး အကုန်သောက်ပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့ လုပ်ခဲ့တယ်။ ကံကောင်းထောက်မလို့၊ အရေးပေါ်ခန်းထဲ အချိန်မီရောက်ခဲ့ပြီး အသက်ရှင်ခွင့်ရခဲ့တယ်။ 


အဲဒီ့နောက်မှာတော့ သူ့လို စိတ်ဒုက္ခရောက်နေသူတွေကို ကူညီပေးနိုင်ဖို့ အတိုင်အပင်ခံ Counsellor ဖြစ်အောင် ကြိုးစား မယ်ဆိုပြီး ကောလိပ်တက်ခဲ့တယ်။ ကျောင်းပြီးတော့ လူတွေကို Life skills သင်ပေးသူ ဖြစ်လာတယ်။ လူတွေ သူ့နားမှာ ဝန်းရံနေတာကို သူသဘောကျပေမယ့်၊ သူ့စိတ်အတွင်းထဲက ဖိစီးမှုကတော့ အရင်လိုပဲ ပျောက်မသွားခဲ့ဘူး။ 


သူ စိတ်ကျရောဂါနဲ့ နပန်းလုံးနေရတဲ့အဖြစ်ကို လူတွေမသိစေချင်လို့ ဖုံးကွယ်ဖို့ သူကြိုးစားပေမယ့်လည်း နောက်ဆုံးမှာ သူ့ရဲ့ လုပ်ဖော်ဆောင်ဖက်တစ်ဦးဖြစ်တဲ့ Brian (ဘရိုင်ယန်)က သတိထားမိသွားတယ်။ ဘရိုင်ယန်က ယေရှုဘုရားရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကိုပြောပြတော့ ဘ၀မှာ မျှော်လင့်ချက်အလင်းရောင်ကို ပထမဆုံး ခံစားလိုက်ရတယ်။ အဲဒီ့ နောက်ပိုင်း ဘ၀မှာ ပြဿနာတွေကြုံလာတဲ့အခါတိုင်း ယေရှုဘုရားဆီမှာ မျှော်လင့်ချက်ရှိကြောင်း၊ ယေရှုဘုရားကို စိတ်ချအားကိုးနိုင်ကြောင်း Brian က မကြာခဏ ပြောပြတယ်။ တရက်တော့ အလုပ်ကိစ္စတစ်ခုနဲ့ သူတို့ခရီးသွားကြချိန်၊ လမ်းမှာ ဘရိုင်ယန်က ယေရှုဘုရားကို စိတ်နှလုံးထဲကနေ ဆုတောင်းစကားပြောကြည့်ပါလားလို့ ပြောလာတယ်။ ဘရိုင်ယန်ပြောတဲ့အတိုင်း လုပ်ကြည့်တဲ့အခါ ဘာနဲ့မှမတူတဲ့ထူးခြားမှုတစ်ခုကို Lauren စတင်ခံစားလိုက်ရတယ်။ အဲဒီ့နေ့ ကစပြီး Lauren ဟာ ပေါ့ပါးမှုနဲ့ လွတ်လပ်မှုကို တဖြည်းဖြည်း ခံစားလာရတယ်။ အခုတော့ ခွင့်လွှတ်ခြင်းနဲ့ ချစ်ခြင်းမေတ္တာ ကိုလည်း ခံစားရလာတယ်လို့ Lauren က ပြောပြတယ်။ 


Lauren ရဲ့ဘ၀ကို စိတ်ပျက်ကြေကွဲစရာတွေထဲက ကယ်တင်ပေးခဲ့တဲ့ယေရှုဘုရားက မိတ်ဆွေကိုလည်း ကူညီပေးနိုင်ပါ တယ်။ Lauren လိုပဲ ယေရှုဘုရားဆီ စိတ်ထဲကနေ ဆုတောင်းစကားပြောကြည့်ပါလား၊ ထူးခြားမှုကို သင်လည်း ခံစားရ လာမှာပါ။ 




By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More