အပြာကား စွဲလန်းမှုနွံကနေ လွတ်မြောက်လာခဲ့တဲ့ Jessica Harris
စာသိပ်တော်တဲ့ Jessica ဟာ အစက ဆေးကျောင်းတက်ပြီး ဆရာဝန်လုပ်ဖို့ စိတ်ကူးခဲ့ပေမယ့်၊ နောက်တော့ အပြာ ရုပ်ရှင်ဇာတ်လမ်းတွေရဲ့ လွှမ်းမိုးခံရလွန်းလို့ ဆရာဝန်လုပ်မယ့်စိတ်ကူးကို စွန့်ပြီး၊ အပြာရုပ်ရှင်ဇာတ်လမ်းတွေမှာ သရုပ်ဆောင်ဖို့အထိတောင် စဉ်းစားလာတဲ့အပြင်၊ လျှောက်လွှာတောင် တင်ခဲ့လိုက်ပါသေးတယ်။
Jessica Harris ဟာ အပြာရုပ်ရှင်ကားတွေကို (၅)နှစ်ကြာ စွဲစွဲလန်းလန်းကြည့်ခဲ့တဲ့သူပါ။ အင်တာနက်တွေစပြီး ခေတ်စားလာချိန် ၂၀၀၃ လောက်မှာပဲ၊ ကျောင်းစာတစ်ခုအတွက် ဝဘ်ဆိုဒ်တွေကိုလေ့လာရင်းနဲ့ အပြာဆိုဒ်တစ်ခုကို အမှတ်မထင်ရောက်သွားခဲ့ပါတယ်။ အပြာကားကို ပထမဆုံး စ’ကြည့်ဖူးချိန်မှာ သူ့အသက် (၁၃)နှစ်ပဲ ရှိပါသေးတယ်။ နောက်(၄)နှစ်အကြာ အထက်တန်းကျောင်းပြီးသွားတဲ့အချိန်မှာတော့ အပြာကားစွဲလန်းမှုက သူ့ကို အနိုင်ယူသွားပါပြီ။ ကျောင်းဆင်းလို့ အိမ်ပြန်ရောက်ရင် အမေ့ရဲ့ ကွန်ပြူတာကနေ အပြာကားတွေ ကြည့်နေတတ်တယ်။ ကောလိပ်ရောက် တော့ ကျောင်းရဲ့ကွန်ပြူတာကနေတောင် အပြာကားတွေကို ဆက်ကြည့်နေခဲ့တယ်။ မနက်ပိုင်း Chemistry ချိန်တွေမှာ အတန်းမတက်ဘဲ အခန်းထဲမှာ အိပ်နေတာမျိုး၊ (ဒါမှမဟုတ်) သူစိမ်းယောကျာ်းလေး၊ မိန်းကလေးတွေနဲ့ Sex Chat နေတာမျိုးတွေ လုပ်နေတတ်ပါတယ်။ နောက်တော့ ပိုအတင့်ရဲလာပြီး သူ့ရဲ့ အဝတ်မဲ့၊ ကိုယ်လုံးတီးပုံတွေကို သူစိမ်း ယောကျာ်းလေးတစ်ယောက်ဆီပို့ခဲ့ပြီး လိင်ပိုင်းဆိုင်ရာဖျော်ဖြေသူတစ်ယောက်အဖြစ်ကို ရောက်လုနီးနီး ဖြစ်ခဲ့တယ်။
စာသိပ်တော်တဲ့ Jessica ဟာ အစက ဆေးကျောင်းတက်ပြီး ဆရာဝန်လုပ်ဖို့ စိတ်ကူးခဲ့ပေမယ့်၊ နောက်တော့ အပြာ ရုပ်ရှင်ဇာတ်လမ်းတွေရဲ့ လွှမ်းမိုးခံရလွန်းလို့ ဆရာဝန်လုပ်မယ့်စိတ်ကူးကို စွန့်ပြီး၊ အပြာရုပ်ရှင်ဇာတ်လမ်းတွေမှာ သရုပ်ဆောင်ဖို့အထိတောင် စဉ်းစားလာတဲ့အပြင်၊ လျှောက်လွှာတောင် တင်ခဲ့လိုက်ပါသေးတယ်။
တစ်ရက်တော့ ကျောင်းကွန်ပြူတာကနေ အပြာကားတွေ ကြည့်နေတုန်း သူ့ကို ဌာနမှူးက မိသွားပါတယ်။ ဌာနမှုးက သူ့ကို ရုံးခန်းထဲခေါ်လိုက်ပြီး၊ သူ့ရဲ့ Internet History Report ကို ပြတယ်။ ပြီးတော့ ဌာနမှူးက “ဒါဟာ ရွံစရာကောင်းပြီး၊ သူတို့တွေ့ဖူး၊ကြုံဖူးသမျှဖြစ်ရပ်တွေထဲက အဆိုးဆုံးကိစ္စတစ်ခုပဲ”လို့ ဆိုပါတယ်။ ဆက်ပြီးတော့ “ဒါတွေကို မင်းကြည့် တာ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ မိန်းကလေးတွေက ဒါမျိုးမလုပ်တတ်ကြဘူး”လို့ ဌာနမှူးက သူ့ကိုပြောသွားပါသေး တယ်။ အဲဒီ့စကားက Jessica ကို သက်သာရာရစေမယ့်အစား၊ စိတ်ပျက်စရာ ဖြစ်စေခဲ့ပါတယ်။ အကြောင်းကတော့ တခြားမိန်းကလေးတွေက အပြာကားတွေနဲ့ မပတ်သက်ချိန်မှာ သူတစ်ယောက်ပဲ အပြာကားတွေကို စွဲလန်းမိနေတော့ သူ့ကိုယ်သူ “ငါဟာ မသန့်တဲ့မိန်းကလေး”ဆိုပြီး တော်တော်စိတ်ပျက်သွားခဲ့ပါတယ်။ ဒါနဲ့ အပြာကားတွေကို စွန့်လွှတ်ဖို့ သူစပြီး စဉ်းစားလာတယ်။
သူ့ရဲ့ အပြာကားစွဲလန်းမှုက ကြီးမားလွန်းလို့၊ သူ့စိတ်ခွန်အားနဲ့ လွတ်မြောက်ဖို့ မလွယ်ကူလို့ အကူအညီ ရှာခဲ့ပါတယ်။ စာအုပ်တွေကိုဖတ်ကြည့်တော့လည်း အမျိုးသားတွေအတွက် ရေးထားတဲ့စာအုပ်တွေပဲ ဖြစ်နေပြန်တော့၊ အပြာကား ကြည့်တဲ့မိန်းကလေးက ကမ္ဘာပေါ်မှာ ငါတစ်ယောက်ပဲလားဆိုပြီး စိတ်ပျက်ခဲ့ပြန်တယ်။ Jessica ဟာ အပြာကားကြည့် တာကိုတော့ သူမရပ်ချင်ခဲ့ဘူး၊ ထိန်းထားနိုင်ဖို့ပဲ သူကြိုးစားခဲ့တယ်။ အတော်လေး ရုန်းကန်ပြီးနောက်မှာ (၁၀)နှစ်ကျော် လောက် အပြာကားတွေကို အတိုင်းအတာတစ်ခုအထိ သူရှောင်နိုင်ခဲ့ပါတယ်။ ဆယ်နှစ်တာအတွင်းမှာ ကြည့်ချင်စိတ် တွေ ခဏခဏ ပေါ်လာခဲ့တယ်၊ “ဒီနေ့တော့ ငါမကြည့် တော့ဘူး”ဆိုပြီး သူ့ကိုယ်သူ ပြောခဲ့ပေမယ့်၊ သူ့ခြေထောက်တွေ က ကွန်ပြူတာစားပွဲဆီအလိုလိုရောက်သွားပြီး ကြည့်မိ ပြန်ပါတယ်။ မကြည့်မိအောင်ဆိုပြီး Computer Password ပြောင်းခဲ့ပေမယ့် မရပါဘူး။ တခြားဝါသနာတွေနဲ့ အစားထိုးခဲ့ပေမယ့်လည်း မအောင်မြင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တဲ့နည်းတွေကိုတောင်သုံးခဲ့ပေမယ့် အကူအညီ မဖြစ်ခဲ့ပါဘူး။ “ဒါကြီးကနေ ငါဘယ်တော့မှ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး”ဆိုပြီး အတွေးပေါ်ခဲ့တဲ့နေ့တွေတောင် ရှိခဲ့တယ်လို့ Jessica က ဆိုပါတယ်။ အပတ်တိုင်း ဘုရားကျောင်း ပုံမှန်တက်တဲ့သူဖြစ်ပေမယ့်၊ ဘုရားကတောင် ငါ့ကို ဒီအဖြစ်ကနေ ကယ်တင်နိုင်မှာ မဟုတ်ဘူးဆိုပြီး သူစိတ်ဓာတ်ကျ လာခဲ့တယ်။
တစ်ရက်တော့ ကျောင်းရဲ့ အမျိုးသမီးအစီအစဉ်တစ်ခုမှာ “မိန်းကလေးတွေမှာလည်း အပြာကားစွဲလန်းတဲ့ပြဿနာ ရှိတတ်တယ်”ဆိုပြီး တစ်ယောက်ယောက်ပြောလိုက်တာကို သူပထမဆုံးအကြိမ် ကြားသွားတယ်။ ဒီစကားက သူ့အတွက် မျှော်လင့်ချက် ဖြစ်စေခဲ့တယ်။ ဒီပြဿနာရှိနေတာ ငါတစ်ယောက်တည်း မဟုတ်ဘူးပဲလို့လည်း ခံစား ရလာတယ်။ နောက်တော့ အပြာကားစွဲလန်းမှုကနေ လွတ်မြောက်အောင်မြင်တဲ့ဘ၀အကြောင်းကို သူလေ့လာခဲ့တယ်။ (၂)နှစ်လောက် လေ့လာရင်း၊ တစိုက်မတ်မတ် ဆွေးနွေးတွဲခေါ်ပေးသူတွေရဲ့ ကျေးဇူးကြောင့် ဘုရားရဲ့ ချစ်ခြင်းမေတ္တာကို သူနက်နက်ရှိုင်းရှိုင်းခံစားရလာတယ်။၊ အဲဒီ့ချစ်ခြင်းမေတ္တာထဲက ကျေးဇူးကရုဏာ၊ မျှော်လင့်ချက် နဲ့ လွတ်မြောက်မှုကို သူတွေ့ရှိသွားခဲ့တယ်။ ဒီလိုနဲ့ သူလုံး၀မထင်မှတ်ခဲ့တဲ့ အပြာကားစွဲလန်းမှုနွံကနေ လွတ်မြောက် အောင်မြင်တဲ့ဘ၀နဲ့ အတူ၊ ပျော်စရာကောင်းတဲ့မိသားစုဘ၀ကို သူပိုင်ဆိုင်လာခဲ့တယ်။
Jessica ရေးထားတဲ့ စာအုပ်(၃)အုပ်ရှိပါတယ်။ Beggar’s Daughter ဆိုတဲ့စာအုပ်ကတော့ သူ့ရဲ့ ပထမဆုံးစာအုပ် ဖြစ်ပြီး၊ အပြာကား စွဲလန်းမှုနွံထဲ သူဘယ်လိုကျသွားခဲ့ကြောင်း၊ ဘယ်လိုရုန်းကန်ပြီး ဘယ်လိုလွတ်မြောက်လာခဲ့ ကြောင်းကို အသေးစိတ်ပြောပြထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဒုတိယစာအုပ်ကတော့ Quenched ဆိုတဲ့စာအုပ်ဖြစ်ပြီး အပြာကားစွဲလန်းမှုနဲ့ လိင်ပိုင်းဆိုင်ရာရှက်ရွံ့မှုကို ခံစားနေရတဲ့အမျိုးသမီးတွေအတွက် ရည်ရွယ်ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ တတိယစာအုပ်ကတော့ Love Done Right ဖြစ်ပြီး အတုအယောင်ချစ်ခြင်းမေတ္တာကနေ စစ်မှန်တဲ့ဘုရားရဲ့ မေတ္တာကို ဘယ်လိုခံစားရနိုင်ကြောင်း သူ့အတွေ့အကြုံတွေကိုအခြေခံပြီး ဝေမျှထားတဲ့စာအုပ် ဖြစ်ပါတယ်။ Beggar’s Daughter ဆိုတဲ့နာမည်နဲ့ပဲ သူ့ရဲ့ကိုယ်ပိုင်ဝဘ်ဆိုဒ်တစ်ခုကို ဖွင့်ထားပြီး၊ အပြာကား စွဲလန်းမှု ကနေ ရုန်းထွက်လွတ်မြောက်နိုင်ဖို့ စာစုလေးတွေကို ဖော်ပြထားပါတယ်။
Jessica Harris ပြောဖူးတဲ့စကားတစ်ခွန်းရှိတယ်။ အပြာကားတွေက သူ့ရဲ့ လိင်ကိစ္စအပေါ်၊ ချစ်ခြင်းမေတ္တာ၊ ခန္ဓာကိုယ်နဲ့ အိမ်ထောင်ရေးအပေါ်ထားရှိတဲ့ သူ့အမြင်တွေကို ဖျက်ဆီးပစ်ခဲ့တယ်။ ချစ်ကြင်နာစရာ ဘ၀ လက်တွဲဖော်တစ်ဦးလို ကိုယ့်ကိုယ်ကိုယ် မမြင်ဘဲ၊ လိင်ဖျော်ဖြေသူတစ်ဦးလို မြင်စေခဲ့တယ်။ ရှက်ရွံ့မှု၊ စိုးရိမ်မှုနဲ့ အကြောက်တရားတွေနဲ့ လုံးထွေးစေခဲ့တယ်။ ဒါကိုလည်း ကိုယ်နဲ့ထိုက်တန်တဲ့ အပြစ်ဒဏ်တစ်ခုလို့ မှတ်ယူစေပြန် တယ်။ ဒါကြောင့် အပြာကား တွေနဲ့ပတ်သက်လာရင် ဒါကို စွဲလန်းမှုပြဿနာတစ်ခု၊ အပြစ်တစ်ခုအနေလောက်သာ မမြင်ဘဲ၊ Trauma and Abuse စိတ်ဒဏ်ရာနဲ့ မတရားပြုကျင့်မှုလို့လည်း မြင်တတ်ဖို့လိုတယ်လို့ ဆိုတယ်။ ဒီစွဲလန်းမှု နွံကနေ ရုန်းထွက်ဖို့ခက်ခဲနိုင် ပေမယ့်၊ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ဘုရားရဲ့ချစ်ခြင်းမေတ္တာက လွတ်မြောက်အောင် ကူညီပေးနိုင်ပါတယ်။ ဒီလွတ်မြောက်ခြင်းကို သင်စတင်လိုချင်လာပြီဆိုတာနဲ့၊ ဘုရားရဲ့ ကုစားပေးခြင်းကို ခံစားလာရမှာပါ လို့ ဆိုပါတယ်။





