ဘုရားသခင်ထက် တားရော့ကဒ်ကို ရွေးချယ်ခဲ့ပေမယ့် ဘုရားသခင် မစွန့်ပစ်ခဲ့တဲ့ Gina Gomez

အရက်စွဲနေပြီးတော့ မိသားစုကို ဂရုမစိုက်တဲ့ ဖခင်၊ ဆီးချိုရောဂါသည် မိခင်နဲ့၊ ကျန်းကျန်းမာမာ အသက်ရှင် မွေးဖွားနိုင်ဖို့ အခွင့်အရေးက ၃ ရာခိုင်နှုန်း ဘဲရှိခဲ့ပေမယ့် သူမွေးဖွားလာခဲ့တယ်။ ဒါပေမယ့် စိတ်မကောင်းစရာ မွေးကတည်းကနေ အူကျွံနာ ခံစားခဲ့သလို၊ ကျောက်ကပ်ကလည်း တစ်ဖက်တည်းပါလာခဲ့တယ်။ သူမရဲ့ နာမည်ကတော့ Gina Gomez လို့ခေါ်ပါတယ်။
ဘုရားသခင်ထက် တားရော့ကဒ်ကို ရွေးချယ်ခဲ့ပေမယ့် ဘုရားသခင် မစွန့်ပစ်ခဲ့တဲ့ Gina Gomez
အရက်စွဲနေပြီးတော့ မိသားစုကို ဂရုမစိုက်တဲ့ ဖခင်၊ ဆီးချိုရောဂါသည် မိခင်နဲ့၊ ကျန်းကျန်းမာမာ အသက်ရှင် မွေးဖွားနိုင်ဖို့ အခွင့်အရေးက ၃ ရာခိုင်နှုန်း ဘဲရှိခဲ့ပေမယ့် သူမွေးဖွားလာခဲ့တယ်။ ဒါပေမယ့် စိတ်မကောင်းစရာ မွေးကတည်းကနေ အူကျွံနာ ခံစားခဲ့သလို၊ ကျောက်ကပ်ကလည်း တစ်ဖက်တည်းပါလာခဲ့တယ်။ သူမရဲ့ နာမည်ကတော့ Gina Gomez လို့ခေါ်ပါတယ်။
သူ့ရဲ့အသက် ၄ နှစ်အရွယ်မှာ သူချစ်ရတဲ့ မိခင်က ဆုံးပါးသွားခဲ့တယ်။ ချက်ခြင်းဆိုသလို သူ့ရဲ့ဖခင်က နောက်မိန်းမ တစ်ယောက်နဲ့ အိမ်ထောင်ပြုခဲ့တဲ့အတွက် သူ ငယ်ရွယ်စဉ်ကနေ သူမိထွေးရဲ့ အမျိုးမျိုး အနိုင်ကျင့်ခြင်းကို ခံခဲ့ရတယ်။ ဒီလို ခံရတဲ့အခါတိုင်းမှာ သူဘုရားသခင်ကို အပစ်တင်တယ်၊ “ဘုရားသခင် ဘာဖြစ်လို့ ကျွန်မ အမေကို သေခိုင်းရတာတယ်၊ ဘာဖြစ်လို့ ကျွန်မကို ဒီလို နာကျင်ရအောင် လုပ်တာလဲ ကျွန်မဘုရားသခင်ကို အရမ်းကို မုန်းမိတယ်” လို့ သူပြောပြခဲ့တယ်။ သူမရဲ့ မိထွေးနိုပ်စက်မှုကြောင့် ငယ်ငယ်ကတည်းကနေ ကျောင်းလည်း ကောင်းကောင်းမတက်ခဲ့ရသလို၊ အလုပ်လုပ်နိုင်တဲ့ အရွယ်ရောက်တဲ့အခါမှာလည်း အလုပ် အထိလိုက်ပြီးတော့ အနိုင်ကျင့်နှောင့်ယှက်နေခဲ့တယ်။ သူ့ရဲ့ဖခင်ကတော့ သူမရဲ့ အဖြစ်ကို လုံးဝမသိခဲ့ဘူး။ နောက်ဆုံးမှာတော့ သမီး လေးတစ်ယောက်ရှိလာတယ် အိမ်မှာ ဆက်မနေနိုင်တော့ဘဲ အိမ်ကနေ ဆင်းသွားခဲ့တယ်။ ပြီးတော့ သူငယ်ချင်း လုပ်ကိုင်ဖော်ဖက် တစ်ယောက်အိမ်မှာ သွားနေခဲ့တယ်။
တစ်ရက်မှာ ကဒ်တွေကို အသုံးပြုပြီးတော့ အနာဂတ်အကြောင်းပြောတတ်တဲ့သူနဲ့ ဆုံခဲ့တယ်၊ သူက ကဒ်တွေကိုကြည့်ရင်း ရုတ်တရပ် ရပ်တန်သွားတယ် သူမကတော့ မကောင်းတာတစ်ခုခုတွေ့ရလို့ဖြစ်မယ်လို့ ထင်ခဲ့ပေမယ့် အနာဂတ်အကြောင်း ပြောတဲ့သူက “မင်း အတွက် ငါကဒ်တွေကို ဆက်ကြည့်လို့ မရတော့ဘူး ဘုရားသခင်က မင်းကို စကားပြောချင်နေတယ်၊ ပထမဆုံးသူ ပြောချင်တာက မင်းကိုချစ်တယ်တဲ့၊ ဒုတိယကတော့ သူမင်းကို ကူညီပေးချင်တယ်၊ တတိယကတော့ မင်း သူ့ကိုလက်ခံမှာလား” ဆိုပြီးတော့ မေးလိုက် တယ်။ Gina က ဘုရားသခင်ဆိုတဲ့စကား ချစ်တယ်ဆိုတဲ့စကား ကြားလိုက်တဲ့ အခါ ပိုပြီးတော့ တောင် ဒေါသထွက်လာတယ် သူ့အမေ အကြောင်းပြန်စဉ်းစားရင်း ဘုရားကို ပိုစိတ်နာလာတယ်။ သူမကို “ဆိုတော့ ငါကဒ်တွေကို ဆက်ကြည့်နိုင်ဖို့ မင်းတစ်ခုခုရွေးချယ်ရမယ် ဘုရားသခင်ကို ရွေးမလား ငါ့ရဲ့ကဒ်တွေကို ရွေးမလား” သူမက ဘုရားသခင်ကို မရွေးဘူး မင်းကဒ်တွေနဲ့ ဆက်ပြီး စကားပြောပါလို့ သူပြန်ဖြေခဲ့တယ်။ သူမက မင်းမကြာခင် ဒုက္ခရောက်မယ်လို့ ပြောခဲ့တယ်။ မကြာခင်မှာ သူ့ရဲ့ သူငယ်ချင်းက ပိုက်ဆံအားလုံး ခိုးသွား ခဲ့လို့ သူ့အိမ်ကနေ နောက်ထပ် သူငယ်ချင်းအိမ်ကို သမီးလေးနဲ့အတူ ပြောင်းခဲ့ရတယ်။
ဒီလိုနဲ့ ခက်ခဲမှုများစွာကြားမှာ သမီးလေးနဲ့အတူတူ ဘဝကိုခက်ခဲစွာ ဖြတ်သန်းခဲ့ကြပါတယ်။ တစ်ရက်မှာတော့ သူမအလုပ် ထုတ်ခံရတဲ့အချိန် အကူညီအရမ်းလိုနေတဲ့ အချိန်မှာ သူငယ်ချင်းတစ်ယောက်က ဘုရားကျောင်းသွားဖို့ ခေါ်ခဲ့တယ်။ သူမက အရင်ကတည်းက အမည်ခံခရစ်ယာန်တစ်ယောက်ဖြစ်ခဲ့လို့ ဘုရားကို မယုံကြည်နိုင် မုန်းတီး နေပေမယ့် နောက်ဆုံး မျှော် လင့်ချက် အနေနဲ့လိုက်သွားခဲ့တယ်။ ဘုရားကျောင်းမှာ တရားဟောတဲ့သူက သူမ အနာဂတ်ဟောတဲ့သူဆီကနေ ကြာခဲ့ဘူး တဲ့ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို ဆက်ပြီး ကြားခဲ့ရတယ်။ ဒီတစ်ခါမှာတော့ ဆက်မငြင်းနိုင်တော့ဘဲ လက်ခံ ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီအချိန်မှာ ထူးဆန်းစွာဘဲ မွေးကတည်းက ကျောက်ကပ်တစ်ခုတည်း ရှိလို့ နောက်ကျောနာတဲ့ ဒဏ် ရာအားလုံး ပျောက်ကင်းသွားတဲ့အခါ ဘုရားသခင်ကို တကယ်ယုံကြည်လက်ခံသွားခဲ့တယ်။ သူမဘဝ ပျော်ရွင်လာတယ်။
နောက်အပတ်တိုင်း ဘုရားကျောင်းသွားတဲ့အခါ ပိုပြီးဘဝမှာ ပျော်ရွင်လာတယ်၊ ဒါပေမယ့် မထင်မှတ်ဘဲ ဘုရားသခင်ရဲ့ ကြီးမားတဲ့ စိန်ခေါ်မှုကို ခံစားခဲ့ရတယ်။ အဲဒါကတော့ သူမကို အကြမ်းဖက် နိုပ်စက်ခဲ့တဲ့ မိထွေးကို တောင်းပန်ပြီး ခွင့်လွှတ် ပေးဖို့ ဖြစ်ပါတယ်။ ဒီအကြောင်းကို ပြန်တွေးရင်း ငယ်ငယ်က မိထွေးရဲ့ အမျိုးမျိုးသော အကြမ်းဖက် နိုပ်စက်ခဲ့ တာတွေ သူမကို ကြောက်ခဲ့ရတာတွေ ဝါယာကြိုးနဲ့ အရိုက်ခံရတာ၊ ကျောင်ကောင်းကောင်းးမတက်ရဘဲ အိမ်သန့်ရှင်းရေး လုပ်ရတာ၊ ကျောင်းကနေ အိမ်စာ ပါလာရင် အမျိုးမျိုး နိုပ်စက်ခဲ့တာတွေကို ပြန်ပြီးတော့ အမှတ်ရရင်း နာကျင်ခံစားခဲ့ရတယ်။
ဒါပေမယ့် ဘုရားသခင်ရဲ့ မေတ္တာကို ခံစားရတဲ့အတွက် ဘုရားခိုင်းတဲ့အတိုင်း လုပ်ဖို့အဖေရဲ့အိမ်ကို ပြန်သွားခဲ့တယ်။ အိမ် ရောက်တဲအခါ မိထွေးနဲ့ မီးဖိုချောင်မှာ တွေ့ကြတယ် လုံးမထင်မှတ်ဘဲ သူမရဲ့ မိထွေးက “ငါ့ကို ခွင့်လွှတ်ပေးပါ ငါမင်း အပေါ်တကယ်မကောင်းခဲ့ဘူး၊ မင်းကို နာကျင်စေခဲ့တာတွေ ငါ့အမှားတွေပါ ငါ့ကို ခွင့်လွှတ်ပါလို့” ပြောတဲ့အခါ သူမက လည်း “အရမ်းမုန်းခဲ့တဲ့အတွက် မကောင်းဆိုးရွားကြီးလို ထင်မှတ်ခဲ့တာတွေအတွက် ခွင့်လွှတ်ပါလို့” သူတို့ အပြန်အလှန် မျက်ရည်ကျရင်း တောင်းပန်ခဲ့ကြတယ်။ ဒီလိုနဲ့ Gina တစ်ယောက် သူမရဲ့ ငယ်ဘဝနာကျင်မှုတွေကို ကုသနိုင်ခဲ့သလို သူမ သမီးရဲ့ အကူအညီနဲ့ ကျောင်းလည်း ကောင်းကောင်းပြန်တက်နိုင်ခဲ့တယ်။ သူမရဲ့ ဖခင်၊ မိသားစုအားလုံး နဲ့အဆင်ပြေလာ သလို သူမဖခင်လည်း ဘုရားသခင်ချစ်ခြင်းမေတ္တာကို ခံစားရပြီး ဘဝပြောင်းလဲလာခဲ့တယ်။
နောက်ဆုံးမှာ ဒီလိုပြောခဲ့ပါတယ်” ဘုရားသခင်ကို ကျွန်မမရှာခဲ့ဘူး၊ သူဘဲ ကျွန်မကိုရှာခဲ့တယ်၊ သူရှိနေတယ်၊ ရိုးရှင်းတဲ့ ဘုရားသခင် ကျွန်မကို ကူညီပါ ဆိုတဲ့ ဆုတောင်းလေးကိုတောင် သူနားထောင်တယ်၊ နာကျင်တဲ့ဘဝကို အသစ်ဖြစ်အောင် သူပြောင်းလဲစေနိုင်တယ် ဘုရားသခင်က အခွင့်အရေးပေးနေတယ် လက်လွတ်မခံလိုက်ပါနဲ့”
အားလုံးကို ကျေးဇူးတင်ပါတယ်။
I Hated God, Until this Happened...(Testimony)





