ဘုရားသခင်တကယ်ရှိမရှိ ဘဝနဲ့ရင်းပြီးလောင်းကြေးထပ်ခဲ့တဲ့ Bruce

ကိုယ်ဝန်ရှိလအရွယ်အချိန် ဖခင်မရှိဘဲ ကြီးပြင်းလာခဲ့ရတယ်။ သူ့ရဲ့ အဖေမရှိတဲ့ အတွက် အမေက ကောင်းတ၊ မကောင်းတာတွေ ဘာမှစဉ်းစားမနေဘဲ ခက်ခက်ခဲခဲ နည်းမျိုးစုံနဲ့ ကြိုးစားပြီးရှာဖွေ ကျွေးမွေးခဲ့တယ်။ ဒီလိုနဲ့ ငါးတန်း အရွယ်လောက် ရောက်လာတဲ့ အခါမှာ မူးယစ်ဆေးဝါး ရောင်းဝယ် တတ်လာတယ်။ သူကတော့ Bruce ဖြစ်ပါတယ်။
ဘုရားသခင်တကယ်ရှိမရှိ ဘဝနဲ့ရင်းပြီးလောင်းကြေးထပ်ခဲ့တဲ့ Bruce
ကိုယ်ဝန်ရှိလအရွယ်အချိန် ဖခင်မရှိဘဲ ကြီးပြင်းလာခဲ့ရတယ်။ သူ့ရဲ့ အဖေမရှိတဲ့ အတွက် အမေက ကောင်းတ၊ မကောင်းတာတွေ ဘာမှစဉ်းစားမနေဘဲ ခက်ခက်ခဲခဲ နည်းမျိုးစုံနဲ့ ကြိုးစားပြီးရှာဖွေ ကျွေးမွေးခဲ့တယ်။ ဒီလိုနဲ့ ငါးတန်း အရွယ်လောက် ရောက်လာတဲ့ အခါမှာ မူးယစ်ဆေးဝါး ရောင်းဝယ် တတ်လာတယ်။ သူကတော့ Bruce ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ်ရင်း နဲ့ နောက်ဆုံးမှာတော့ အဖမ်းခံရပြီး ပြုပြင်ထိန်းသိမ်းရေး စခန်းကို ပြန်ရောက်သွားတယ်။ မကြာခင်မှာ ပြန်ထွက်လာလိုက် မူးယစ်ဆေး ပြန်ရောင်းလိုက် ပြန်ပြီးတော့ အဖမ်းခံရလိုက်နဲ့ လည်ပတ်နေခဲ့တယ်။ သူက "ထောင်ထဲဝင်လိုက် ထွက်လိုက်လုပ်ရတာ ကိုယ့်ကိုကိုယ် ဂုဏ်ယူစရာလို့ ထင်ခဲ့တယ် တစ်ခါဝင်ပြီး ပြန်ထွက်လာရင် ပုခုံးမှာ အပွင့်တစ်ခု ထိုးလာသလိုပဲ" ဒီလိုပြောပြခဲ့တယ်။
သူ့ပတ်ဝန်းကျင်နဲ့ သူကိုယ်တိုင်က ဒါကို အထင်ကြီးစရာ အားကျစရာလို့ ထင်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် စိတ်ထဲမှာတော့
သူအထီးကျန်နေခဲ့တယ်၊ ဘယ်သူ့ကို ယုံကြည်လို့ရမလဲ မသိဘူး၊ အားကစားကွင်းထဲမှာ တစ်ယောက်ထဲ အမှောင်ထဲမှာ နေရသလို သူခံစားနေရတယ်။ သူက ဆက်ပြီးပြောတယ် "ဘဝမှာ ငြိမ်းချမ်းမှုရဖို့ ဆေးခြောက်ရှူရတယ်၊ ဘဝမှာ ပျော်ရွှင်ဖို့ ကလပ်တက် ပျော်ပါးရတယ်။ ဘဝမှာ အချစ်ခံရဖို့ မိန်းမတွေနဲ့ ပတ်သက်ပျော်ပါးခဲ့တယ်...။ ဒါပေမယ့် အားလုံးကအတု မနက်နိုးလာရင် ငြိမ်းချမ်းမှု၊ ပျော်ရွှင်ခြင်း နဲ့ ချစ်ခြင်းမေတ္တာတွေ ဘာမှမရှိ တော့ဘူး၊ အဆိပ်မိနေတဲ့ ကိုယ်ခန္ဓာကြီးလို ခံစားရတယ်"
ဒီလိုအသက်ရှင်နေရင်း တစ်ရက်မှာတော့ သူပြန်ပြီး အဖမ်းခံခဲ့ရပါတယ်။ ဒီအချိန်ထိ သူ့ဘဝပြောင်းလဲဖို့ ဘာမှ မစဉ်းစား ခဲ့ဘူး။ ဒါပေမယ့် သူမထင်မှတ်ဘဲ ထောင်ထဲမှာ လူတစ်ယောက်နဲ့ တစ်ခန်းထဲမှာ တွေ့ဆုံရင်းနှီးခွင့်ရခဲ့တယ်။ ဘုရားသခင်က မင်းကိုချစ်တယ် ဆိုတဲ့အကြောင့်ကို ပြောပြနေတယ် သူ့မှာစာအုပ်အများကြီးရှိတယ် အဲဒီထဲကနေ မဂ္ဂဇင်းတစ်အုပ်ကိုဖတ် ရတဲ့အခါ ဘဝမှာ မခံစားဖူးတဲ့အရာကို စတင်ပြီး သူခံစားလာရတယ်။ သူ့ရဲ့ အခန်းဖော်က ထောင်ထဲမှာ တရားဟောပေးတဲ့ ဆရာတစ်ယောက်လည်း ဖြစ်တယ်။
Bruce ကဆက်ပြီးတော့ “ဒီလောက်ကောင်းတဲ့ တရားပါလား သူ့ရဲ့စကားအတိုင်း လိုက်နာပြီး အသက်ရှင်မယ်ဆိုရင်၊ ဘယ်သူမှ မဖွင့်နိုင်တဲ့ တံခါးကို ငါ့အတွက် သူဖွင့်ပေးမယ် ဘာလို့ဒီလောက်ကောင်းတဲ့တရားရှိနေတာကို အခုမှငါသိတာလဲ” ဆိုပြီး သူ့ကို သူ ပြန်ပြောနေခဲ့တယ်။ ဆက်ပြီး သူ့ဘဝမှာ ပထဆုံးအကြိမ်းအဖြစ် သူဆုတောင်းခဲ့တယ်၊ သူ့ရဲ့ ဆုတောင်းက
“ဘုရားသခင်က တကယ်စစ်မှန်ဖို့တော့ လိုမယ်နော် ကျွန်တော့်ဘဝတစ်ခုလုံးကို ပုံအပ်ပြီး ဘုရာသခင် နောက်ကိုလိုက်မယ်
ဘုရားသခင် အမှန်တကယ် ရှိပါတယ်နော်...”
သူ့ရဲ့ဘဝမှာ အကြီးမားဆုံးသော လောင်းကစားတစ်ခုကို သူလုပ်ခဲ့ပါတယ်။ ဒီကစားပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ ကစားပွဲကို Bruce နိုင်သွားလို့ ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့ပါတယ်၊ ဒီလို ပြောင်းလဲ နိုင်မယ်လို့ သူ့ကိုယ်သူ လုံးဝထင်မထားခဲ့ဘူး၊ ဒါပေမယ့် သူ့ဘဝမှာ မခံစားဖူးတဲ့ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတွေကို ထောင်ထဲမှာ ရောက်နေပေမယ့် အပြည့်အဝခံစားရတယ်။လောကကြီးက မပေးနိုင်တဲ့အရာတွေကို ဘုရားသခင်က သူ့ကိုပေးခဲ့တယ် ဒီအရာတွေက အတု အယောင် မဟုတ်ဘူး ၊ ပျောက်ကွယ်မသွားဘူး ဒီကြောင့် ဒီအရာတွေကို ပေးတဲ့ဘုရားသခင်ကလည်း အစစ်အမှန်ဖြစ်တယ်။
Bruce ပြောခဲ့တဲ့စကားနဲ့ ဒီVideo ကို အဆုံးသတ်ချင်ပါတယ်။ သူက “သင့်ရဲ့ဘဝဟာ ဘယ်လိုဘဲဖြစ်ခဲ့ပါစေ ဘုရားသခင်ဆီဘဝကို ပုံအပ်လိုက်ပါ သူဟာသင့်ကိုပြောင်းလဲပေးမယ် သူက စစ်မှန်တဲ့ ဘုရားဖြစ်တယ်”
အားလုံးကို ကျေးဇူးတင်ပါတယ်။
Is God Real? (Finding Jesus in Prison) - Bruce's Testimony





