ဘုရားသခင်ကို မုန်းခဲ့ပေမယ့် ဘုရားအားဖြင့်ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့တဲ့ Christiana

ဘုရားမရှိဘူးလို့ယုံကြည်တဲ့ အဖေနဲ့ အမည်ခံခရစ်ယာန် အမေတို့နဲ့အတူ ဘုရားသခင်ကို မလိုအပ်တဲ့ မိသားစုမှာ သူ ကြီးပြင်းလာခဲ့ပါတယ်။ အသက် ၁၄ နှစ် ရောက်တဲ့အခါ ကလပ်တက်တယ် ပျော်ပါးတယ် မူးယစ်ဆေးဝါးနဲ့အတူ လမ်းမှား ရောက်သွားပြီး သူ့ရဲ့ဘဝဟာ တစ်စပြီးတစ်စ ပျက်စီးလာခဲ့ပါတယ်။ သူ့ကိုသူ နာကျင်အောင်လုပ်ပြီးမှဘဲ ငါအသက် ရှင်သေးပါလားဆိုပြီး သူ့ကိုသူ ပြောလေ့ရှိတယ်။ သူ့နာမည်ကတော့ Christina baker ပါ။

ဘုရားသခင်ကို မုန်းခဲ့ပေမယ့် ဘုရားအားဖြင့်ဘဝတစ်ခုလုံး ပြောင်းလဲသွားခဲ့တဲ့ Christiana


ဘုရားမရှိဘူးလို့ယုံကြည်တဲ့ အဖေနဲ့ အမည်ခံခရစ်ယာန် အမေတို့နဲ့အတူ ဘုရားသခင်ကို မလိုအပ်တဲ့ မိသားစုမှာ သူ ကြီးပြင်းလာခဲ့ပါတယ်။ အသက် ၁၄ နှစ် ရောက်တဲ့အခါ ကလပ်တက်တယ် ပျော်ပါးတယ် မူးယစ်ဆေးဝါးနဲ့အတူ လမ်းမှား ရောက်သွားပြီး သူ့ရဲ့ဘဝဟာ တစ်စပြီးတစ်စ ပျက်စီးလာခဲ့ပါတယ်။ သူ့ကိုသူ နာကျင်အောင်လုပ်ပြီးမှဘဲ ငါအသက် ရှင်သေးပါလားဆိုပြီး သူ့ကိုသူ ပြောလေ့ရှိတယ်။ သူ့နာမည်ကတော့ Christina baker ပါ။ သူမဟာ အသက် ၁၅ အရွယ် ရောက်တဲ့အခါမှာတော့ သူက “ညနက်ကြီးမှာ အိမ်ရှေ့ကိုရောက်တော့ ပထွေးက တံခါးဝကနေစောင့်နေတယ် ကျွန်မကို တွန်းထုတ်လိုက်မယ့်အချိန်မှာ အမေရောက်လာတော့ သူက မေးတယ် ငါ့ကိုရွေးမှာလား သမီးကို ရွေးမလားတဲ့ အမေက ကျွန်မကိုမရွေးခဲ့ဘူး၊ ဆိုတော့အသက်၁၅ နှစ်မှာ စိတ်ပျက်စရာ ကောင်းလွန်းလို့ ကျွန်မ အိမ်ကနေ ဆင်းခဲ့ရတယ်”


အိမ်ခြေရာမဲ့တစ်ယောက်အနေနဲ့ အသက်ရှင်ခဲ့ရတယ် မူးယစ်ဆေးစွဲပြီး ပျက်စီးနေတဲ့သူ့ကို ဘယ်သူကမှမလိုချင်ကြဘူး၊ တစ်အိမ်တက်ဆင်း သူ့ကိုလက်ခံမဲ့အိမ်ရှာခဲ့တယ်၊ မြို့တစ်မြို့ပြီးနောက်တစ်မြို့နဲ့ နောက်ဆုံးမှာတော့ မိသားစုတစ်ခုက သူ့ကို လက်ခံပေးတယ် ဒါပေမယ့် အပတ်တိုင်း Sunday ရောက်ရင် ဘုရားကျောင်း အတူတူသွားရမယ်လို့ ကတိပေးခဲ့ ပါတယ်။ ဘုရားကျောင်းမှာ ဘုရားသခင်အကြောင်း ဘုရားသခင် ချစ်ခြင်းမေတ္တာရှင်ဖြစ်ကြောင်း သူမကြားလိုက်တဲ့အခါမှာ ဒီလိုသူပြောပြခဲ့တယ် “ကျွန်မ ဘုရားသခင်ကို လက်မခံနိုင်ဘူး မလိုချင်ဘူး၊ ဘုရားသခင်ရှိတယ်ဆိုရင် ကျွန်မကို ဘာလို ဒီလိုလုပ်ရတာလဲ ကျွန်မပိုပြီးတော့ ဒေါသထွက်လာတယ် ဘုရားသခင်ကို အရမ်းမုန်းခဲ့တယ်”


အဲဒီအိမ်ကနေ အထက်တန်းပြီးတဲ့အခါ သူထွက်လာတယ် သူမကအရင်ဘဝလို ပြန်ပြီးအသက်ရှင်ခဲ့တယ် မူးယစ်ဆေးဝါး ပြန်ပြီး သုံးစွဲခဲ့တဲ့အပြင် မူးယစ်ဆေးကို ရောင်းဝယ်တဲ့အလုပ်ကိုပါ လုပ်ခဲ့တယ်။ သူမဘဝကို အောက်ဆုံးအထိ ထိုးဆင်းသွာ းခဲ့တယ်၊ ဒီလို နဲ့ ကိုယ်ဝန်ရလို့ ဖျက်ချဖို့ လုပ်နေတဲ့အချိန်မှာ အတူတူအလုပ်လုပ်တဲ့ အမျိုးသမီးရောက်လာပြီး “ကလေးကို မသတ်လိုက်ပါနဲ့ မင်းဘုရားသခင်ကို မယုံပေမယ့် ဘုရားသခင်ရှိတယ် သူကူညီပေးလိမ့်မယ်၊ ဘုရားသခင်က အားလုံးကို ချစ်တယ်၊ တန်ဖိုးထားတယ်” သူပြောပြတဲ့စကားကို ကြားတဲ့အခါ သူမနောင်တရပြီး “ဒီကလေးက သက်ရှိလို့တောင် ကျွန်မမထင်ခဲ့ဘူး၊ ကျွန်မဘဝအတွက် အနှောင့်အယှက်လို့ ထင်ခဲ့တယ် ဒါပေမယ့် သူ့ကို မွေးဖို့ ဆုံးဖြတ်ပြီး သားလေးကို ဘုရားသခင်က ကယ်တင်ပေးတယ် ဆိုပြီး Evan လို့ နာမည်ပေးခဲ့တယ်”


ကလေးမွေးပြီးတဲ့နောက်မှာလည်း ဆက်ပြီးတော့ မူးယစ်ဆေးဝါးနဲ့ပတ်သက်ခဲ့တယ် နေ့ပိုင်းမှာတော့ ကျောင်းတစ်ခုမှာ အလုပ်လုပ်ပြီးတော့ ညမှာတော့ မူးယစ်ဆေးဝါးသုံးစွဲပြီး အသက်ရှင်နေခဲ့တယ်။ တစ်ရက်မှာတော့ ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ထောင်ထဲရောက်သွားပေမယ့် အာမခံနဲ့ ပြန်ထွက်လာတယ်။ နောက်တော့ သူစဉ်းစားတယ် ကျွန်မဘာဆက်လုပ်မလဲ သေလိုက်တာပိုကောင်းမလား ဒီလိုဘဝနဲ့ အသက်မရှင်ချင်ဘူး လက်လျှောက်ရင်း စဉ်းစာနေတုန်းမှာ ကျောင်းက မိတ်ဆွေ ရောက်လာပြီးတော့ ဆုတောင်းအစီအစဉ်တစ်ခုမှာ အတူတူပါဝင်ဖို့ ဖိတ်ခဲ့တယ်။ သူမက “ကျွန်မ ဘယ်သူ့ဆီကို ဆုတောင်း ရမှာလဲ ယေရှုဘုရား၊ မိုဟာမက်လား၊ ဗုဒ္ဓလား မသိဘူး ကျွန်မအကူအညီအရမ်းလိုအပ်နေခဲ့တယ် ဘယ်သူဖစ်ဖစ်ဆိုပြီး ကျွန်မလိုက်သွားတယ်၊ ဆုတောင်းတဲ့နေရာကို ရောက်သွားတဲ့အခါ ခရစ်ယာန်တွေ ဆုတောင်းနေတာ မြင်ခဲ့တယ် သူတို့လို ဘုရားသခင် ကျွန်မကို ကူညီပါ ကျွန်မဆီကိုလာပါ ကျွန်မကို ပြောင်းလဲပေးပါလို့ ဆုတောင်းခဲ့တယ်”။


သူမက ဒီလိုဆုတောင်းပြီးတဲ့အခါ “ကျွန်မကိုယ်ကနေ လေးလံတဲ့အရာအားလုံး ယူသွားသလိုခံစားရတယ်၊ အသစ်ပြန်လည် မွေးဖွားသလို ခံစားရတယ်၊ မူးယစ်ဆေးကိုလည်း ရှင်းရှင်းလင်းလင်း ဖြတ်တောက်နိုင်ခဲ့သလို သားနဲ့အတူတူ ဘဝသစ် အစပြုခွင့်ရခဲ့တယ်၊ ကျွန်မနားလည် လိုက်တာက ဘုရားသခင်ရှိနေတယ်၊ သူက ကျွန်မကို ကြည့်နေတယ်၊ ကျွန်မဘဝကို ပြည့်စုံစေချင်တယ်၊ ကျွန်မဘဝလိုဘဲ အားလုံးကို သူကူညီချင်တယ် ” လို့ သူမပြောပြခဲ့တယ်။


Christian ပြောခဲ့သလိုပါဘဲ ဘုရားသခင်တကယ်ရှိပါတယ်၊ အားလုံးကိုကူညီပေးနိုင်တယ်၊ ဘဝမှာ သူ့ကိုလိုအပ်နေတယ် ဆိုရင်သူ့ကို ခေါ်လိုက်ပါ၊ နားထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။


I Was Homeless And Hated God, Until This Happened…


By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More