ပြောင်းလဲဖို့ လိုသလား၊ လွယ်သလား?

‘ပြောင်းလဲဖို့ လိုလို့လား’ဆိုတဲ့မေးခွန်းကိုဖြေရရင်အဖြေက ‘လိုအပ်တယ်’၊ ဒါပေမယ့် ‘ပြောင်းလဲဖို့ လွယ်သလား’လို့မေးရင် ထင်ထားတာထက် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်စိတ်ခွန်အားနဲ့ မဖြစ်နိုင်ရင်တောင် ဘုရားမှာ နည်းလမ်းရှိတယ်။ ယေရှုဘုရား ကူညီပေးနိုင်တယ်၊ ယေရှုဘုရားအားဖြင့်ဖြစ်လာတဲ့ပြောင်းလဲခြင်းဟာ အပေါ်ယံပြောင်းလဲခြင်း မဟုတ်ဘဲ၊ စစ်မှန်တည်မြဲတဲ့ ပြောင်းလဲခြင်းဖြစ်တယ်လို့ ဆိုချင်ပါတယ်။


ပြောင်းလဲဖို့ လိုသလား/လိုပြီလားဆိုတဲ့မေးခွန်းကို အဖြေရှာတဲ့အခါ စဉ်းစားစရာ အနည်းဆုံး(၃)ခု ရှိပါတယ်။ အဲဒါတွေကတော့ (၁) ရှင်သန်နိုင်ရေးအတွက် ပြောင်းလဲခြင်း၊ (၂) ပိုမိုကောင်းမွန်ရေးအတွက် ပြောင်းလဲခြင်းနဲ့ (၃) ထွန်းပေါက်အောင်မြင်ရေးအတွက် ပြောင်းလဲခြင်းတို့ ဖြစ်ပါတယ်။ 


ရှင်သန်ရပ်တည်ရေးအတွက်ပြောင်းလဲခြင်းကတော့ အနိမ့်ဆုံးအဆင့်ပြောင်းလဲခြင်းလို့ ဆိုနိုင်ပါတယ်။ အပြောင်း အလဲတစ်ခုကိုအချိန်မီမလုပ်နိုင်ရင်၊ အောင်မြင်အောင်မလုပ်နိုင်ရင် ကျန်းမာရေးကိစ္စပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေးနဲ့ စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် သေဆုံးသွားနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြောင်းလဲခြင်းဟာ Survival အတွက် ပြောင်းလဲရခြင်းဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးရောက်နေသူအတွက် ‘အပြောင်းအလဲဟာ လိုအပ်ချက်တစ်ခု’ (Change is a need) ဖြစ်သွားပါတယ်။ ဒီလိုနေရာရောက်သွားပြီဆိုရင် ဆက်လက်ရှင်သန်နိုင်ဖို့၊ ပြိုလဲမသွားဖို့ အတွက် I need to change. လို့ ဆိုရမလို ဖြစ်သွားပါတယ်။


ဒုတိယပြောင်းလဲခြင်းကတော့ ကောင်းမွန်တိုးတက်ဖို့အတွက်လုပ်တဲ့ ပြောင်းလဲခြင်းဖြစ်ပါတယ်။ ဒါကတော့ ပိုကောင်းတဲ့ထုတ်ကုန်၊ ပိုမြင့်မားတဲ့လူမှုဘ၀ကိုရည်ရွယ်ပြီးလုပ်ကြတဲ့ ပြောင်းလဲခြင်းမျိုးဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးရောက်နေသူအတွက်တော့ ‘ပြောင်းလဲခြင်းဆိုတာ ဆန္ဒတစ်ခု’ (Change is a want) ဖြစ်ပြီး၊ ဒီထက်ပိုသာပိုကောင်းတဲ့အနေအထားကိုလိုချင်ကြတာကြောင့် I want to change. ဆိုတဲ့အဆင့် ဖြစ်ပါတယ်။ 


တတိယပြောင်းလဲခြင်းကတော့ ထွန်းပေါက်အောင်မြင်ဖို့၊ အသာစီးရနိုင်ဖို့အတွက်‌ ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲခြင်းမျိုးကို စီးပွားရေးလုပ်ငန်းတွေ၊ နည်းပညာနယ်ပယ်တွေမှာတွေ့ရလေ့ရှိပြီး အမျှော်အမြင်ကြီးတဲ့ ပြောင်းလဲခြင်းလို့ ဆိုနိုင်ပါတယ်။ လုပ်ငန်းကြီးတွေမှာ သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာန (R&D)တွေ ထားရှိကြတာဟာ ဒီလိုပြောင်းလဲခြင်းမျိုးလုပ်ဆောင်ဖို့အတွက် ဖြစ်ပါတယ်။ ဒီအနေအထားမှာရောက်နေသူတွေအတွက်တော့ ‘ပြောင်းလဲခြင်းဆိုတာ အခွင့်အလမ်းတစ်ခု’ (Change is an opportunity) ဖြစ်ပြီး၊ I see a change worthwhile (အကျိုးရှိတဲ့၊ လုပ်သင့်လုပ်ထိုက်တဲ့အပြောင်းအလဲတစ်ခုကို ငါမြင်တယ်) လို့ ဆိုနိုင်အဆင့် ဖြစ်ပါတယ်။ 


ဒီတော့ ‘ပြောင်းလဲဖို့ လိုလို့လား’ဆိုတဲ့မေးခွန်းကိုဖြေကြတဲ့အခါ ဒီနယ်ပယ်(၃)ခုကို အခြေခံပြီးစဉ်းစားရမှာပါ။ ပြောင်းလဲဖို့ ဆိုးဆိုးရွားရွားလိုအပ်နေပြီလား၊ ဒါမှမဟုတ် ပိုကောင်းဖို့အတွက် ပြောင်းလဲမှာလား၊ ဒါမှမဟုတ် အသာစီးရနိုင်ဖို့ ပြောင်းလဲမှာလားဆိုပြီး မေးစရာရှိလာပါတယ်။ ဒီမေးခွန်းကို ဘ၀ရဲ့ အခြေခံကျပြီး အရေးကြီး တဲ့နယ်ပယ်တွေဖြစ်တဲ့ ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ လုပ်ငန်း၊ ဘ၀ရှေ့ရေးနယ်ပယ်တွေမှာ အရင်ဆုံး မေးဖို့လိုပါတယ်။ ဒီနယ်ပယ်တွေကတော့ တစ်ဦးတစ်ယောက်ချင်းစီနဲ့ဆိုင်တဲ့ တကိုယ်ရည်နယ်ပယ်တွေ ဖြစ်ပြီး၊ ဒီထက်ပိုကျယ်ပြန့်တဲ့နယ်ပယ်တွေဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေး၊ ယဉ်ကျေးမှုနယ်ပယ်တွေ မှာလည်း မေးရတဲ့အချိန်တွေ ရှိတတ်ပါတယ်။ 

ဒီတော့ ‘ပြောင်းလဲဖို့ လိုလို့လား’ဆိုတဲ့မေးခွန်းကို ရှုထောင့်(၃)ခုကနေ စဉ်းစားကြတဲ့အခါ ပုံမှန်အားဖြင့် ‘လိုတယ်’ ဆိုတဲ့အဖြေမျိုး ထွက်လာလေ့ရှိတယ်။ အကြောင်းကတော့ လူ့စိတ်သဘောက ဆက်လက်ရှင်သန်ချင်တယ်၊ ပိုမို ကောင်းမွန်တိုးတက်ချင်တယ်၊ အသားစီးရပြီး ထွန်းပေါက်အောင်မြင်ချင်ကြလို့ပါပဲ။ ဒါပေမယ့် နောက်ထပ်မေးစရာ တစ်ခုရှိတာက ‘ပြောင်းလဲဖို့ လွယ်သလား’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့၊ အမေရိကန်စာရေးဆရာ Alan Deutschman ရေးသားခဲ့တဲ့ Change or Die ဆိုတဲ့ စာအုပ်မှာ စာရေးဆရာက သူ့ရဲ့ လေ့လာတွေ့ရှိချက်အရ လူ(၁၀)ဦးမှာ(၉)ဦးက သူတို့ဘ၀ရဲ့သေရေးရှင်ရေးလိုအခြေအနေမျိုးမှာတောင် သူတို့ရဲ့  နေထိုင်မှုပုံစံနဲ့ အပြုအမူတွေကို မပြောင်းလဲခဲ့ကြဘူးလို့ဆိုပါတယ်။ Alan Deutschman က အမေရိကန်တွေမှာ  ‘ဆေးလိပ်အလွန်အကျွံသောက်တာ၊ အရက်အလွန်အကျွံသောက်တာ၊ အလွန်အကျွံစားတာ၊ စိတ်ဖိစီးမှုများတာနဲ့ လေ့ကျင့်ခန်းလုံလုံလောက်လောက်မလုပ်တာ’ဆိုတဲ့ ဆိုးရွားတဲ့အပြုအမူ(၅)ခုရှိတာကိုတွေ့ရပြီး ဒီအချက်တွေကပဲ သူတို့ရဲ့ကျန်းမာရေးကို ဆိုးရွားစေခဲ့ပါတယ်။ အကယ်၍ ဒီနေထိုင်မှုပုံစံနဲ့အပြုအမူတွေကိုသာ ပြောင်းလဲနိုင်ကြ မယ်ဆိုရင် သူတို့ဘ၀လည်း ကျန်းမာကောင်းမွန်ပြီး အစိုးရရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဘတ်ဂျတ် (၈၀)ရာခိုင်နှုန်း (၅ပုံ/၄ပုံ) လောက်သက်သာသွားမှာဖြစ်ပေမယ့်၊ လူတွေဟာ သေရေးရှင်ရေးလိုအခြေအနေမှာတောင် သူတို့ဘ၀ အတွက် ပြောင်းလဲဖို့ မလုပ်ခဲ့ကြဘူးလို့ ဆိုပါတယ်။ အပြုအမူပြောင်းလဲခြင်းနဲ့ပတ်သက်ပြီး လူတွေတွန့်ဆုတ်တွေဝေ ငြင်းဆန်ရခြင်းအကြောင်းအရင်းတချို့ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတာ၊ သက်တောင့်သက်သာမဖြစ်ဘဲ နာကျင်ရမှာကို ကြောက်ရွံ့တာ၊ ပြောင်းလဲရခြင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ပြည့်ပြည့်၀၀ မသိတာတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခြုံပြီးကြည့်ရင် နေထိုင်မှုပုံစံနဲ့ အပြုအမူ အောင်မြင်စွာပြောင်းလဲနိုင်ဖို့ ဆိုရင် ပြင်ပ factors အကြောင်းချင်းရာတွေထက် အတွင်းစိတ်ကလာတဲ့ inner factors က ပိုပြီး အခရာကျတယ်လို့ ယုံကြည်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သမ္မာကျမ်းစာထဲက နေထိုင်မှုပုံစံနဲ့ အပြုအမူပြောင်းလဲသွားတဲ့သူတချို့ကို ကြည့် ရအောင်။ 


ပထမတစ်ယောက်ကတော့ အခွန်မှုးဇက္ခဲပါ။ ပထမရာစုခေတ် ရောမလက်အောက်မှာရှိတဲ့ ဂျူးအခွန်မှုးတွေဟာ ငွေကို အရမ်းတပ်မက်သူတွေပါ။ တကိုယ်ရည်ကောင်းစားရေးတစ်ခုကိုပဲကြည့်တတ်တဲ့ သူတို့စိတ်ဓာတ်နဲ့လုပ်ရပ်ကြောင့် လူတိုင်းက သူတို့ကိုမုန်းတီးစက်ဆုပ်ကြပါတယ်။ ဒါပေမယ့် ယေရှုဘုရားနဲ့တွေ့တဲ့အခါ သူ့ရဲ့ စိတ်ဓာတ်ရော၊လုပ်ရပ်ပါ လုံး၀ပြောင်းလဲသွားခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ ကျွန်ပြေးတစ်ဦးဖြစ်တဲ့ ဩနေသိမ်ပါ။ သူဟာ အရင်က သုံးမရ၊ အသုံးမကျတဲ့ ကျွန်ဆိုး၊ကျွန်ပြေးတစ်ယောက်ဖြစ်ခဲ့ပေမယ့် ယေရှုဘုရားရဲ့တရားစကားကြောင့် သူ့ဘ၀ဟာ တန်ဖိုးရှိတဲ့ အသုံးဝင်သူ၊ သစ္စာရှိပြီး ချစ်အပ်သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ ကြောက်ရွံ့ စိတ်တွေ၊ ဒေါသစိတ်တွေနဲ့ပြည့်နေတဲ့ ဂိဒေါင်ဆိုတဲ့ လယ်သမားပါ။ သူဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအားနည်းသူ၊ သိမ်ငယ်တတ်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် မိဒျန်လူတွေကို တွန်းလှန်တဲ့အရေးတော်ပုံမှာ ခေါင်းဆောင်ဖြစ်လာခဲ့ပါ တယ်။ တော်လှန်ရေးမှာလည်း လုံး၀မပြောပလောက်တဲ့ လူအင်အားနဲ့ လက်နက်ကိုပဲသုံးပြီး အောင်နိုင်ခဲ့တာ တွေ့ရပါ တယ်။ 

ဒီ(၃)ဦးရဲ့ စိတ်သဘောထားနဲ့ အပြုအမူပြောင်းလဲသွားပုံအကြောင်းကိုလေ့လာကြည့်တဲ့အခါ သူတို့ရဲ့အခြေအနေ မတူကွဲပြားကြပေမယ့် တူညီတဲ့အရာကတော့ ‘အပြုအမူနဲ့အကျင့်တွေ အောင်မြင်စွာပြောင်းလဲနိုင်ဖို့ အတွင်းစိတ် ခံစားချက်အရင်ပြောင်းလဲဖို့လိုတယ်၊ ဒီအတွက် ဘုရားနဲ့ထိတွေ့ခြင်းက ထိထိရောက်ရောက် ကူညီပေးနိုင်တယ်’ ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ စိတ်သဘောထားမပြောင်းလဲဘဲ၊ အပြုအမူသာ ပြောင်းလဲခြင်းဟာ စစ်မှန်တယ်လို့ မယူဆပါဘူး။ ဖိအားကြောင့်၊ မက်လုံးကြောင့်လည်း အပြုအမူတွေပြောင်းလဲသွားတတ်ပေမယ့်၊ စိတ်ခံစားချက် ကနေဖြစ်လာတဲ့ အပြုအမူပြောင်းလဲခြင်းကသာ ပိုပြီးစစ်မှန်တည်ကြည်လေ့ရှိပါတယ်။ ဘုရားနဲ့ ထိတွေ့ခြင်းက  ကျနော်တို့ကို အပေါ်ယံပြောင်းလဲပေးတာမျိုးမဟုတ်ဘဲ၊ လူသစ်တစ်ယောက်လို ပြောင်းလဲပေးခြင်းမျိုးဖြစ်ပါတယ်။ ဒီအကြောင်းကို နောက်ပိုင်းမှာ အသေးစိတ်ဆက်လက်ဆွေးနွေးသွားပါမယ်။ 


အချုပ်အနေနဲ့ ‘ပြောင်းလဲဖို့ လိုလို့လား’ဆိုတဲ့မေးခွန်းကိုဖြေရရင်အဖြေက ‘လိုအပ်တယ်’၊ ဒါပေမယ့် ‘ပြောင်းလဲဖို့ လွယ်သလား’လို့မေးရင် ထင်ထားတာထက် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်စိတ်ခွန်အားနဲ့ မဖြစ်နိုင်ရင်တောင် ဘုရားမှာ နည်းလမ်းရှိတယ်။ ယေရှုဘုရား ကူညီပေးနိုင်တယ်၊ ယေရှုဘုရားအားဖြင့်ဖြစ်လာတဲ့ပြောင်းလဲခြင်းဟာ အပေါ်ယံပြောင်းလဲခြင်း မဟုတ်ဘဲ၊ စစ်မှန်တည်မြဲတဲ့ ပြောင်းလဲခြင်းဖြစ်တယ်လို့ ဆိုချင်ပါတယ်။ 

By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More