ကြီးမားတဲ့ လောကဓံအပြောင်းအလဲတွေကို ဘယ်လိုရင်ဆိုင်မလဲ?

 


သမ္မာကျမ်းစာကပြောတဲ့ပြောင်းလဲခြင်းဆိုတာမျိုးကတော့ ဘုရားရဲ့မေတ္တာနဲ့ ကျေးဇူးပြုခြင်းကို လက်တွေ့ခံစားရပြီး ပြောင်းလဲခြင်းမျိုးဖြစ်ပါတယ်။ သမ္မာကျမ်းစာက ‘လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြ၏။ ထိုသို့ဖြစ်ကြသော် ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ဖြစ်၏’လို့ ဆိုပါတယ်။


ဒီမေးခွန်းနဲ့ပတ်သက်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးရဲ့ကဗျာကို သတိရမိတယ်။ ကမ္ဘာကြီးကိုပြောင်းလဲဖို့စိတ်ကူး ကြံစည်ခဲ့ရာကနေ ကိုယ့်တိုင်းပြည်၊ ကိုယ့်မြို့၊ ကိုယ့်မိသားစုကိုပြောင်းလဲနိုင်ဖို့ ကြိုးစားရင်း နောက်ဆုံး ပြောင်းလဲဖို့ အလိုအပ်ဆုံးသူက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်နေတယ်ဆိုတဲ့ကဗျာပါ။ ဒီသဘောကိုပဲရည်ညွှန်းပြီး စာရေးဆရာကြီး လီယို တော်စတွိုင်းက လူတိုင်းက လူသားမျိုးနွယ်ကိုပြောင်းလဲဖို့စဉ်းစားကြတယ်၊ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲ ဖို့တော့ မစဉ်းစားကြဘူးလို့ ဆိုခဲ့တယ်။ အမေရိကန် မနုဿဗေဒပါမောက္ခဖြစ်တဲ့ Charles Kraft ကလည်း ဒီလိုပြော ဖူးပါတယ်။ ယဉ်ကျေးမှုတစ်ခုအတွင်းမှာ ဖြစ်ပျက်သမျှ အပြောင်းအလဲတွေအားလုံးဟာ အဲဒီ့ ယဉ်ကျေးမှုထဲမှာ နေထိုင်တဲ့လူတွေရဲ့ စိတ်ထဲမှာဖြစ်ပေါ်တဲ့အပြောင်းအလဲကနေ အစပြုပါတယ်။ လူမှုအပြောင်းအလဲ၊ ယဉ်ကျေးမှု အပြောင်းအလဲတွေအားလုံးဟာ တစ်ဦးချင်းစီရဲ့စိတ်ထဲမှာဖြစ်ပေါ်တဲ့အပြောင်းအလဲနဲ့ စတင်တယ် လို့ ဆိုပါတယ်။ ဒါကြောင့် “လူမှုဝန်းကျင်တစ်ခုပြောင်းလဲခြင်းအစ တကိုယ်ရည်ပြောင်းလဲခြင်းက”လို့ပြောရင် မလွန်ဘူး ထင်ပါတယ်။ ဒါကြောင့်လည်း ၁၃ရာစု ပါရှားကဗျာဆရာ Rumi က “မနေ့က ငါဟာ ထက်မြက်သူဖြစ်လို့ ကမ္ဘာကြီးကို ပြောင်းလဲ ချင်ခဲ့တယ်။ ဒီနေ့တော့ ငါပညာရှိလာလို့ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနေပြီ”လို့ ဆိုခဲ့တာ ဖြစ်တယ်။ 


ဒါပေမယ့် လူဟာ ကိုယ့်ရဲ့ အပြုအမူကိုပြောင်းလဲဖို့ လွယ်သလားဆိုရင် အရှေ့ပိုင်းမှာဆွေးနွေးခဲ့သလိုပဲ မလွယ်ပါဘူး။ ကိုယ့်ရဲ့ သေရေးရှင်ရေးလို အခြေအနေမျိုးမှာတောင် လူတွေက ပြောင်းလဲဖို့ မလွယ်ခဲ့ကြဘူးဆိုတာကို လေ့လာခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေရာမှာကျွန်တော်တို့ဆွေးနွေးနေကြတာက လူမှုဝန်းကျင်တစ်ခုပြောင်းလဲသွားစေဖို့အထိသက်ရောက် မှုအကြောင်း ဆွေးနွေးနေကြတာဖြစ်တာကြောင့် အပေါ်ယံပြောင်းလဲရုံ၊ အခိုက်အတန့်တစ်ခုလောက် ပြောင်းလဲရုံ လောက်နဲ့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် အစစ်အမှန်ပြောင်းလဲသွားမှသာ ကိုယ့်ရဲ့ ဝန်းကျင်အပေါ်မှာ လည်း အကျိုးသက်ရောက်မှုရှိလာနိုင်မှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ တကိုယ်ရည်ပြောင်းလဲဖို့ အားကြီးတဲ့ စွမ်းအား၊ စွမ်းအင်တစ်ခုခု လိုအပ်ပါတယ်။ ဥပမာ - ကင်ဆာဝေဒနာနဲ့ ဆုံးပါးသွားရတဲ့မိသားစုဝင်တစ်ဦးဦးကြောင့် ကင်ဆာ ဝေဒနာရှင်တွေအတွက် ဖောင်ဒေးရှင်းအစီအစဉ်လုပ်ဆောင်လာတာမျိုး၊ စိတ်ရောဂါဝေဒနာကြောင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတဲ့မိသားစုဝင်တစ်ဦးဦးကြောင့် စိတ်ဝေဒနာရှင်တွေအတွက် လှုပ်ရှားမှုတစ်ခုခုလုပ်လာတာမျိုး၊ ကိုယ်တိုင်မျက်မမြင်ဖြစ်တော့မှ မျက်မမြင်တွေဘ၀အတွက် တစ်ခုခုလှုပ်ရှားလုပ်ဆောင်တာမျိုး၊ အိမ်တွင်းအကြမ်း ဖက်ခံရတဲ့အတွေ့အကြုံကိုခံစားရတော့မှ အိမ်တွင်းအကြမ်းဖက်မှုခံရသူတွေအတွက် ရပ်တည်လှုပ်ရှားအကျိုးဆောင် ပေးတာမျိုးလို  ဒီလိုနည်းအားဖြင့်ဖြစ်ပေါ်လာတဲ့ လူမှုအသိုင်းအ၀ိုင်းတစ်ခုအတွင်းပြောင်းလဲခြင်းဆိုတာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် ဒီလိုပြောင်းလဲခြင်းမျိုးဖြစ်ပေါ်လာဖို့ ဖြစ်ရပ်အချင်းအရာတစ်ခုခုကနေထွက်ပေါ်လာတဲ့ စွမ်းအားတစ်ခုခု လိုအပ်တတ်ပါတယ်။


သမ္မာကျမ်းစာကပြောတဲ့ပြောင်းလဲခြင်းဆိုတာမျိုးကတော့ ဘုရားရဲ့မေတ္တာနဲ့ ကျေးဇူးပြုခြင်းကို လက်တွေ့ခံစားရပြီး ပြောင်းလဲခြင်းမျိုးဖြစ်ပါတယ်။ သမ္မာကျမ်းစာက ‘လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြ၏။ ထိုသို့ဖြစ်ကြသော် ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ဖြစ်၏’လို့ ဆိုပါတယ်။ သမ္မာကျမ်းစာကပြောတဲ့ပြောင်းလဲခြင်းကတော့ လူသစ် အဖြစ်ပြောင်းလဲခြင်း ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းမှာတော့ လူဆိုးလူကောင်းဆိုပြီး ခွဲခြားကြပေမယ့်၊ သမ္မာကျမ်းစာ ကပြောတဲ့ ဘုရားအမြင်မှာတော့ လူဟောင်းနဲ့လူသစ်ဆိုပြီး နှစ်မျိုးပဲရှိပါတယ်။ သမ္မာကျမ်းစာက လူဆိုးကိုရော၊ လူကောင်းကိုပါ လူဟောင်းလို့ပဲ မြင်ပါတယ်။ ဘာသာတရားတွေက လူကို လူကောင်းအောင်လုပ်ပေးနိုင်ပေမယ့် လူကိုအသစ်ဖြစ်အောင် မလုပ်ပေးနိုင်ပါဘူး။ လူကောင်းနဲ့ လူသစ် ဘယ်လိုကွာသလဲမေးရင် အဓိကကွာခြားချက်က ခေါင်းကလာတာနဲ့ နှလုံးသားကလာတာ (Head vs Heart), အတွေးအခေါ်နေလာတာနဲ့ ဖြစ်တည်မှုကနေလာတာ၊ (Idea vs Identity)၊ ရယူလိုစိတ်ကိုအခြေခံတာနဲ့ ကျေးဇူးတုန့်ပြန်မှုကိုအခြေခံတာ (Reward vs Gratitude)၊ တောင်းဆို ခံရလို့လုပ်တာနဲ့ စိတ်ဆန္ဒအလျောက်လုပ်တာ (Demanded and Voluntary) ဆိုပြီးကွဲပြားခြားနားပါတယ်။ 


သမ္မာကျမ်းစာကပြောတဲ့လူသစ်ဟာ ပြင်ပအချင်းအရာတွေကြောင့်ပြောင်းလဲတာမဟုတ်ဘဲ၊ အတွင်းနှလုံးသားကနေ လာတဲ့ (inside-out) ပြောင်းလဲခြင်းမျိုး ဖြစ်ပါတယ်။ ဒီပြောင်းလဲခြင်းက နယ်ပယ်(၅)ရပ်မှာ ထင်ရှားပေါ်လွင်နေလေ့ ရှိပါတယ်။ အဲဒီပြောင်းလဲခြင်းနယ်ပယ်(၅)ရပ်ကတော့ အတွေး၊ ခံစားချက်၊ ရှုထောင့်အမြင်၊ နှစ်သက်မှုနဲ့ အပြုအမူ (Five areas of change - thought, feeling, perspective, desire, behavior) ဆိုတဲ့နယ်ပယ်တွေမှာပြောင်းလဲခြင်းမျိုး ဖြစ်ပြီး၊ ဒီပြောင်းလဲခြင်းတွေက ကျေးဇူးသိနားလည်စိတ်ကြောင့် နှလုံးသားထဲကလာတဲ့ အလိုအလျောက်ဖြစ်လာတဲ့ ပြောင်းလဲခြင်းမျိုး ဖြစ်ပါတယ်။ ဒီလိုပြောင်းလဲခြင်းမျိုးဟာ ချက်ချင်း ဖြစ်ပေါ်တတ်တာမျိုးရှိသလို၊ စစ်မှန်ပြီး ရေရှည် တည်မြဲတာ (Change is immediate, genuine and lasting) တွေ့ရပါတယ်။ နောက်ပြီး ဒီပြောင်းလဲခြင်းက  ရင်းနှီး အကျွမ်းဝင်မှု၊ ချစ်ခြင်းမေတ္တာနှင့် ကျေးဇူးသိတတ်မှု (relationship, love & gratitude) တို့ကို အခြေခံတာကြောင့် စစ်မှန်ထိရောက်ပါတယ်။ နောက်ပြီး ဒီလိုပြောင်းလဲခြင်းက တကိုယ်ရည်၊ တစ်ဦးချင်းနှင့်အစပြုပြီး လူမှုဝန်းကျင် တစ်ခုလုံးအထိ လွှမ်းမိုးအကျိုးသက်ရောက်လေ့ရှိတာ တွေ့ရပါတယ်။


ဒီလိုပြောင်းလဲခြင်းမျိုးကို လက်တွေ့သက်သေအနေနဲ့ ဖော်ပြရမယ်ဆိုရင် ၂၀၀၁ ခုနှစ်မှာ Liberty University ရဲ့ Doctor of Humanities ဆိုတဲ့ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်အပ်နှင်းခြင်းခံရပြီး၊ American Biographical Insititue Inc ရဲ့ Man of the Year အဖြစ် ရွေးချယ်ဂုဏ်ပြုခံခဲ့ရတဲ့ ဦးဒေးဗစ်ရုံးမိုကို ပြရမယ်ထင်ပါတယ်။ တချိန်က လမ်းသရဲဂိုဏ်းခေါင်းဆောင်၊ အရက်၊မူးယစ်ဆေးဝါးရဲ့ကျွန်ဖြစ်ခဲ့ပြီး သေလူအဖြစ်ကနေ၊ ထူးဆန်းအံ့ဩဖွယ်ရာ ပြန်လည်ကျန်းမာလာပြီးနောက်မှာ ထင်ရှားတဲ့တရားဟောဆရာကြီးဖြစ်လာခဲ့ပြီး၊ နိုင်ငံအနှံ့အပြားက ထောင်နဲ့ချီတဲ့ ဘ၀တူ ဘိန်းစား၊ အရက်သမားတွေရဲ့ ဘ၀ကိုသာမက၊ မိဘမဲ့တွေ၊ အနူသည်တွေ၊ HIV/AIDS ဝေဒနာရှင်တွေရဲ့ ဘ၀ကို ပြန်လည်ထူထောင်ပေးခဲ့သူ၊ နားခိုရာ ဖန်တီးပေးခဲ့သူ ဖြစ်ပါတယ်။ သူ့ဘ၀ပြောင်းလဲသွားတဲ့အခါမှာ အပေါ်မှာဖော်ပြခဲ့တဲ့ နယ်ပယ်(၅)ရပ်လုံး လုံး၀ပြောင်း လဲသွားခဲ့ပြီး အဲဒီ့ပြောင်းလဲခြင်းတွေအားလုံးကလည်း အတွင်းကနေလာတဲ့ပြောင်းလဲခြင်း၊ အလိုအလျောက် ဖြစ်လာ တဲ့ပြောင်းလဲခြင်း၊ စစ်မှန်ပြီး တည်ကြည်တဲ့ပြောင်းလဲခြင်း၊ သူ့အားဖြင့် သူနဲ့စပ်ဆိုင်တဲ့လူမှုအသိုင်းအ၀ိုင်းတစ်ခုလုံးကို လွှမ်းမိုးသက်ရောက်စေခဲ့တဲ့ ပြောင်းလဲခြင်းမျိုး ဖြစ်ပါတယ်။ 


ဒါကြောင့် လူမှုဝန်းကျင်တစ်ခုပြောင်းလဲသွားဖို့ ကိုယ်ဘာလုပ်နိုင်မလဲဆိုရင် “လူမှုဝန်းကျင်ပြောင်းလဲခြင်းအစ တကိုယ်ရည်ပြောင်းလဲခြင်းက” လို့ဆိုခဲ့တဲ့အတိုင်း ကိုယ်ကနေပဲ အစပြုရမှာပါ။ ကိုယ့်ရဲ့ပြောင်းလဲခြင်းကလည်း အပေါ်ယံမဟုတ်ဘဲ အစစ်အမှန်ဖြစ်မှသာ ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးအကျိုးသက်ရောက်နိုင်မှာပါ။ ဒီအတွက် စွမ်းအင်တစ်ခုခု သေချာပေါက်လိုအပ်နိုင်ပါတယ်။ ဒီစွမ်းအင်မျိုးက ဘ၀အတွေ့အကြုံကနေလည်း ဖြစ်ပေါ်လာနိုင် သလို ဘုရားအားဖြင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။ ဘုရားအားဖြင့် ဖြစ်တည်လာတဲ့ပြောင်းလဲခြင်းကတော့ လူသစ် ဖြစ်ခြင်းနည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါက လူကောင်းဖြစ်တာနဲ့ အနှစ်သာရပိုင်းမှာ ကွဲပြားခြားနားပြီး၊ အကျိုးဆက် သက်ရောက်မှုကလည်း ကြီးမားကြောင်း၊ ကိုယ်နဲ့စပ်ဆိုင်တဲ့ လူမှုအသိုက်အဝန်းတစ်ခုလုံးကို လှုပ်ခတ်ပြောင်းလဲစေ နိုင်ကြောင်း ဖော်ပြချင်ပါတယ်။ 

By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More