TikTok ဆယ်လီ Cristina Baker ရဲ့ ထူးဆန်းအံ့ဩဖွယ်ရာဘ၀ 

 


အရက်တွေ သောက်တယ်။ မူးယစ်ဆေးတွေလည်း သုံးခဲ့ပါတယ်။ 𝐌𝐚𝐫𝐢𝐥𝐲𝐧 𝐌𝐚𝐧𝐬𝐨𝐧 ဆိုတဲ့ အမေရိကန်ရောခ်အဆိုတော်ကို အားကျ တာကြောင့် သူမျက်လုံးကိုလည်း အနက်ခြယ်၊ တကိုယ်လုံးမှာလည်း အနက်တွေကိုဝတ်ဆင်ပြီး၊ တခါတလေ ကိုယ့်ကိုယ် ကိုယ်လည်း နာကျင်အောင် လုပ်လေ့ရှိတယ်။ 

𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 နဲ့ 𝐈𝐧𝐬𝐭𝐚𝐠𝐫𝐚𝐦 မှာ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐫 တစ်သိန်းကျော်ရှိပြီး၊ 𝐓𝐢𝐤𝐓𝐨𝐤 မှာ 𝐟𝐨𝐥𝐥𝐨𝐰𝐞𝐫 တစ်သန်းကျော်ရှိတဲ့ 𝐂𝐫𝐢𝐬𝐭𝐢𝐧𝐚 𝐁𝐚𝐤𝐞𝐫 ရဲ့ ထူးဆန်းတဲ့ ဘ၀ဖြစ်စဉ်အကြောင်းလေးကို ပြောပြချင်ပါတယ်။ အပြုံးချိုချိုနဲ့ သူ့မျက်နှာဟာ ကြည့်မိသူတိုင်းရဲ့ စိတ်ကို ရွှင်လန်းစေပါတယ်။ ဆုတောင်းပေးတဲ့ဗီဒီယိုလေးတွေနဲ့ တက်လာလေ့ရှိပါတယ်။ 


သူ့မျက်နှာမှာ ချိုမြိန်တဲ့အပြုံးတွေရှိပေမယ့် သူ့ငယ်ဘ၀က မချိုမြိန်ခဲ့ပါဘူး။ သူဟာ မသာယာတဲ့မိသားစုဘ၀မှာ ကြီးပြင်းခဲ့ရသူပါ။ သူ့အသက်(၇)နှစ်အရွယ်မှာ သူ့မိဘတွေကွဲသွားခဲ့ပြီး၊ သူ့အမေဟာ နောက်အိမ်ထောင်ပြုခဲ့ပါတယ်။ သူကတော့ သူ့အမေ၊ သူ့ပထွေးတို့နဲ့ အတူနေခဲ့တယ်။ အသက်(၁၄)နှစ်ရောက်တော့ ဘားတွေတက်တယ်။ အရက်တွေ သောက်တယ်။ မူးယစ်ဆေးတွေလည်း သုံးခဲ့ပါတယ်။ 𝐌𝐚𝐫𝐢𝐥𝐲𝐧 𝐌𝐚𝐧𝐬𝐨𝐧 ဆိုတဲ့ အမေရိကန်ရောခ်အဆိုတော်ကို အားကျ တာကြောင့် သူမျက်လုံးကိုလည်း အနက်ခြယ်၊ တကိုယ်လုံးမှာလည်း အနက်တွေကိုဝတ်ဆင်ပြီး၊ တခါတလေ ကိုယ့်ကိုယ် ကိုယ်လည်း နာကျင်အောင် လုပ်လေ့ရှိတယ်။ 


သူ့အသက်(၁၅)နှစ်အရွယ် တစ်ညမှာ ဘားတွေတက်၊ အရက်တွေမူးပြီး အိမ်ပြန်လာတဲ့အခါ သူ့ပထွေးက လှေကားထိပ် ကနေ သူ့ကိုစောင့်ပြီး ဒီအိမ်ကနေ ထွက်သွားဖို့ ပြောပါတယ်။ သူ့အမေကို လည်း နင့်သမီးကို ရွေးမလား၊ ငါ့ကို ရွေးမလားဆိုပြီး ဆုံးဖြတ်ခိုင်းတယ်။ နောက်တော့ သူ့အမေကို 𝐂𝐫𝐢𝐬𝐭𝐢𝐧𝐚 အတွက် လေယာဉ်လက်မှတ်ဝယ်ပြီး သူ့အဖေအရင်းရှိရာ 𝐇𝐚𝐰𝐚𝐢𝐢 ကို ပို့လိုက်ပါတယ်။ သူ့အဖေနဲ့ ကွဲသွားခဲ့တာကြာပြီဖြစ်လို့ သူ့ကို ကောင်းကောင်းမှတ်မိ ပါ့မလားဆိုပြီး လေဆိပ်မှာ အိတ်တလုံး၊ ဂစ်တာတစ်လုံးနဲ့ တော်တော်ကြာကြာစောင့်လိုက်ရတယ်။ နောက်ဆုံးတော့ သူ့အဖေရောက်လာပြီး သူတို့ ဆုံကြတယ်။ သူ့အဖေက ရေနံတွင်းမှာ အကြီးအကဲတစ်ယောက်ဖြစ်ခဲ့ပေမယ့် မူးယစ်ဆေး တွေသုံးခဲ့လို့ ဘ၀ပျက်ပြီး အိမ်ခြေရာမဲ့ဖြစ်နေချိန်၊ မြစ်ဘေးနားမှာ တဲရှင်ထိုးပြီး နေရချိန်လည်း ဖြစ်ပါတယ်။ သူ့မှာ လည်း သွားစရာအခြားမရှိတော့ အဖေနဲ့အတူ အိမ်ခြေရာမဲ့အဖြစ် လအတန်ကြာနေခဲ့တယ်။ နောက်တော့ သူ့သတင်းကို ကြားတဲ့ဆွေမျိုးသားချင်းတွေက သူ့ကို 𝐓𝐞𝐱𝐚𝐬 ကို ပြန်ခေါ်ခဲ့ကြတယ်။ ဒါပေမယ့် သူ့လို မူးယစ်ဆေးဆွဲနေပြီး 𝐆𝐨𝐭𝐡 𝐓𝐞𝐞𝐧𝐚𝐠𝐞𝐫 𝐠𝐢𝐫𝐥 (အနက်ရောင်မိတ်ကပ်တွေခြယ်လိမ်းထားလေ့ရှိတဲ့ မိန်းကလေး)ကို ဘယ်သူကမှ မလိုချင်ကြတာနဲ့ တအိမ်ပြီးတအိမ် ပြောင်းနေခဲ့ရပါတယ်။ 


နောက်ဆုံးမှာ သူ့ကို ခရစ်ယာန်မိသားစုတစ်စုက သူတို့အိမ်မှာ အတူနေထိုင်ခွင့် ပြုခဲ့လို့ အဲဒီ့မှာပြောင်းနေခဲ့တယ်။ အိမ်ရှင်တွေက သူတို့ဆီမှာနေရင် စည်းကမ်း(၂)ခုကို လိုက်နာရမယ်။ ၁) ည(၁၁)နာရီမတိုင်မီ အိမ်ပြန်ရောက်ရမယ်။ ၂) တနင်္ဂနွေနေ့တိုင်း သူတို့နဲ့ အတူ ဘုရားကျောင်းတက်ရမယ်လို့ ဆိုပါတယ်။ သူလည်း ဘာသာမဲ့ဖြစ်လို့ ဘုရားကျောင်း မတက်ချင်တာနဲ့ မိတ်ကပ်တွေကို ဆိုးဆိုးရွားရွားခြယ်လိမ်း၊ မတော်တရော်တွေရေးသားထားတဲ့ စာသားပါအင်္ကျီတွေကို ဝတ်ပြီး ဘုရားကျောင်းမတက်ရဖို့ အမျိုးမျိုးကြိုးစားခဲ့တယ်။ နောက်တော့လည်း မရပါဘူး။ အိမ်ရှင်မိသားစုက သူဘယ်လိုပဲ ဝတ်ဝတ်၊ ဘယ်လိုပဲ လိမ်းခြယ်၊လိမ်းခြယ်၊ “အဆင်ပြေတယ်၊ ဘုရားကျောင်းသွားမယ်”ဆိုပြီး ခေါ်သွားလေ့ ရှိပါတယ်။ ဘုရားကျောင်းမှာ သင်းအုပ်ဆရာက ဘုရားရဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို သူမကြာခဏကြားခဲ့ရတယ်။ အဲ့လိုတရားဟောချက်တွေကြားရလေလေ၊ သူ့မှာ ဒေါသထွက်လေလေ ဖြစ်ခဲ့တယ်။ ချစ်ခြင်းမေတ္တာရှင်ဆိုရင် ဘာကြောင့် ငါ့ကို ဒီလိုဘ၀ကို ပို့ရသလဲဆိုပြီး ဘုရားအပေါ် မကျေမချမ်း ဖြစ်ခဲ့တယ်။ 


နောက်တော့ အဲ့ဒီ့အိမ်ကနေထွက်ပြီး ကျောင်းပြီး သွားခဲ့တယ်။ ဒါပေမယ့်လည်း အရင်လို မူးယစ်ဆေးပြန်သုံးခဲ့ပြီး ဆေးအရောင်းအဝယ်လုပ်တဲ့သူနဲ့ ရည်းစားဖြစ်ခဲ့တယ်။ အဲဒီ့အချိန်ကနေစပြီး သူ့ဘ၀ဟာ အောက်ခြေအထိ ပြန်ကျ သွားခဲ့တယ်။ သူ့ဘ၀အပြောင်းအလဲဖြစ်ခဲ့တဲ့နေ့ကတော့ သူ့မှာ ကိုယ်ဝန်ရှိမှန်းသိသွားလို့ သူ့ကိုယ်ဝန်ကို ဖျက်ချဖို့ ဆေးခန်းမှာ စီစဉ်ထားချိန်မှာ ဖြစ်ပါတယ်။ အထုပ်အပိုးတွေပြင်ပြီး သွားဖို့အလုပ်မှာ သူ့အိမ်ကို သူ့ရည်းစားရဲ့ မိန်းမ ရောက်လာပြီး၊ စာရွက်စာတမ်းတချို့ပြပါတယ်။ သူကိုယ်တိုင်ကလည်း ကလေး(၂)ယောက်ရှိပြီး၊ နောက်တစ်ယောက်ကို ကိုယ်ဝန်ဆောင်ထားတယ်။ သူပြတဲ့စာရွက်စာတမ်းတွေက အသက်(၁၅)နှစ်အရွယ် ဆယ်ကျော်သက်မိန်းကလေး တစ်ယောက် ကိုယ်ဝန်ဖျက်ချရင်း ဆေးခန်းစားပွဲပေါ်မှာ သေသွားတဲ့အကြောင်း ဖြစ်ပါတယ်။ ဖြစ်ချင်တော့ အဲဒီ့မှာ ပါတဲ့ဆရာဝန်ရဲ့နာမည်ဟာ သူ့အခုသွားပြမယ့် ဆရာဝန်ရဲ့ နာမည်ဖြစ်နေတယ်။ ပြီးတော့ အဲ့ဒီ့အမျိုးသမီးက သူ့ရဲ့ အင်္ကျီ ကိုကိုင်ပြီး 𝐂𝐫𝐢𝐬𝐭𝐢𝐧𝐚 ရေ .. နင်ဘုရားကို မယုံမှန်း ငါသိပါတယ်။ ဒါပေမယ့် ငါယုံတဲ့ဘုရားက ငါ့ကလေးအတွက် လိုအပ် တာကို ထောက်မပေးသလို နင့်အတွက်လည်း ဘုရားကို လိုတာတွေ ထောက်မပေးမှာပါ။ ကျေးဇူးပြုပြီး ကိုယ်ဝန်ကို မဖျက်ချလိုက်ပါနဲ့၊ ကလေးကို မသတ်ပါနဲ့နော်ဆိုပြီး ဒူးထောက်တောင်းပန်ပါတယ်။ အဲဒီ့အချိန်မှာပဲ သူ့ကိုယ်ဝန်ဟာ သက်ရှိကလေးတစ်ယောက်၊ လူသားတစ်ယောက်ဆိုတဲ့အသိ ဝင်လာခဲ့ပါတယ်။ အရင်က ဒါက အသားစိုင်တစ်ခုလောက် သာ သူက သဘောထားပြီး ဖျက်ထုတ်ဖို့ စိတ်ကူးခဲ့တာပါ။ ဒီသန္ဓေသား၊ အသားအစိုင်အခဲက ငါ့ဘ၀ကို ခြယ်လှယ်ခွင့် ဘာလို့ပေးရမှာလဲဆိုပြီး ထင်ခဲ့တာပါ။ ဒါနဲ့ ဒီကိုယ်ဝန်ကိုမဖျက်ချဘဲ မွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 


ကလေးမွေးပြီးနောက်မှာ အချိန်တစ်ခုလောက်အထိ မူးယစ်ဆေးပြတ်သွားခဲ့ပေမယ့် နောက်တော့ ပြန်သုံးမိခဲ့ပြန်ပါ တယ်။ နေ့ပိုင်းမှာ စာသင်ကျောင်းတစ်ခုမှာ ကျောင်းအတိုင်အပင်ခံအဖြစ်လုပ်ခဲ့ပေမယ့် ညဆိုရင် တညလုံး ဆေးတွေ ချနေတတ်ပါတယ်။ တစ်ရက်တော့ ကားမောင်းရင်း ဆေးတွေသုံးနေတော့ ကားထဲမှာ မီးခိုးတွေမွှန်နေတာနဲ့ ရဲက သူ့ကားကို ရပ်ပြီး သူ့ကိုဖမ်းလိုက်ပါတယ်။ လက်မှာ လက်ထိပ်တန်းလန်းနဲ့ သူ့ဘ၀ရဲ့ ပထမဆုံးဆုတောင်းလို့ ပြောလို့ရတဲ့ ဆုတောင်းတစ်ခုကို တောင်းပါတယ်။ ဘုရား ရှင်သာတကယ်ရှိရင် ဘာလို့ ကျမကို ဒီလိုဖြစ်စေတာလဲ၊ ကျမရှင့်ကို မုန်းတယ် လို့ ပြောလိုက်ပါတယ်။ နောက်တော့‌ ဆေးမှုနဲ့ ထောင်ကျခဲ့တယ်။ ထောင်က ပြန်ထွက်လာတော့ အလုပ်ပြန် လုပ်တယ်။ တစ်ရက် ကွန်ပြူတာဖန်သားပြင်ရှေ့မှာထိုင်ရင်း သူ့ကိုယ်သူ သတ်သေဖို့ စဉ်းစားနေခဲ့တယ်။ အဲဒီ့အချိန်မှာ သူ့အလုပ်ထဲက မိတ်ဆွေတစ်ယောက်က သူ့ကို ဘုရားကျောင်းက ဆုတောင်းအစီအစဉ်တစ်ခုကိုလာခဲ့ဖို့ ဖိတ်ပါတယ်။ 𝐂𝐫𝐢𝐬𝐭𝐢𝐧𝐚 လည်း ဒီအချိန်မှာ သူ့ဘ၀ကို ကယ်တင်ပေးနိုင်သူ ဘယ်သူကိုမဆိုတောင့်တမျှော်လင့်နေတဲ့အချိန်ဆိုတော့ လိုက်သွားခဲ့ပါတယ်။ ဆုတောင်းအစီအစဉ်မှာ သူ့အပေါ် လူတွေက လက်တင်ပြီး ဆုတောင်းပေးခဲ့ကြတယ်။ ဆုတောင်း ပေးတဲ့အချိန်မှာပဲ သူ့စိတ်ထဲမှာ ဘာနဲ့မှ မတူတဲ့ နွေးထွေးမှုနဲ့ ငြိမ်အေးမှုကိုခံစားခဲ့ရပြီး သူမရုန်းထွက်နိုင်ခဲ့တဲ့ မူးယစ်ဆေး၊ အရက်နဲ့ အခြားစွဲလန်းမှုတွေကနေ လွတ်မြောက်သွားခဲ့တယ်။ 


နောက်ပိုင်းမှာ အမှုတစ်ခုအတွက် တရားရုံးမှာ အမှုရင်ဆိုင်ရခဲ့ပေမယ့် အမှုကနေ ခွင်းလုံးကျွတ် လွတ်မြောက်သွား ခဲ့တယ်။ သူ့ရဲ့ ရှေ့နေက တရားသူကြီးရဲ့ အမှုပယ်ဖျက်ကြောင်း အမိန့်စာရွက်ကို ယူလာချိန်မှာ ထူးခြားမှုတစ်ခုကို နောက်တစ်ကြိမ် သူခံစားခဲ့ရတယ်။ ဒီစာရွက်က သူ့ရဲ့ မနှစ်လိုစရာ ဘ၀ဖြစ်ရပ်ပေါင်းများစွာကို ကိုယ်စားပြုပြီး၊ အဲဒီ့ ဘ၀ထဲကနေ လွတ်မြောက်ခွင့်ရပြီဆိုပြီး ပြောနေသလို ခံစားခဲ့ရတယ်။ တချိန်တည်းမှာ လက်ဝါးကားတိုင်ပေါ်မှာ အသက်စွန့်အသေခံသွားခဲ့တဲ့ယေရှုဘုရားအကြောင်းကလည်း သူ့အတွေးအာရုံထဲ ထင်းကနဲ ပေါ်လာခဲ့တယ်။ တရားသူကြီးအားလုံးထက် အများကြီးပိုပြီးကြီးမြတ်တဲ့ ဘုရားရဲ့ ရှေ့မှောက်မှာ အပြစ်သင့်နေတဲ့သူ့လိုလူကို ယေရှုဘုရား က ဘယ်လိုကယ်တင်ပေးခဲ့ကြောင်းကို သူသိမြင်နားလည်သွားခဲ့တယ်။ ဒီတရားအကြောင်း သူအကြိမ်ကြိမ် ကြားဖူးခဲ့ပေ မယ့်၊ ဒီတစ်ကြိမ်မှာတော့ ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းခံစားနားလည်သွားခဲ့တယ်။ အဲဒီအခိုက်အတန့်ကနေ သူ့ဘ၀တစ်ခု လုံး အသစ်ကနေ အစပြုခွင့်ရခဲ့တယ်။ 


𝐂𝐫𝐢𝐬𝐭𝐢𝐧𝐚 က ပြောတယ်။ သူ့လိုလူကိုတောင် ဘုရားက ကယ်တင်လွတ်မြောက်စေနိုင်တယ်ဆိုရင်၊ သူ့လိုအဖြစ်မျိုး ကြုံနေရသူ ဘယ်သူကိုမဆို လွတ်မြောက်အောင် ဘုရားက ကယ်တင်ပေးနိုင်တယ်လို့ ဆိုပါတယ်။ 𝐓𝐢𝐤𝐓𝐨𝐤 မှာ သူတင်နေတဲ့ ဆုတောင်းဗီဒီယိုတွေကလည်း သူ့လိုအဖြစ်မျိုးကြုံရပြီး ဘ၀မှာ ပိတ်မိနေသလို၊ မွန်းကြပ်နေသလို ခံစားနေရသူတွေအတွက် ကူညီအားပေးဖို့၊ မျှော်လင့်ချက်ဖြစ်စေဖို့ဆိုပြီး လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။ 


မကြာသေးခင်က 𝐇𝐨𝐩𝐞 𝐢𝐧 𝟔𝟎 𝐒𝐞𝐜𝐨𝐧𝐝𝐬 ဆိုတဲ့ ကိုယ်တိုင်ရေးစာအုပ်တစ်အုပ်ကို သူရေးသားထုတ်ဝေခဲ့ပါတယ်။ အဲဒီ့စာအုပ်မှာ သူ့ဘ၀မှာကြုံခဲ့ရတဲ့ ထူးခြားအံ့ဩဖွယ်ရာအတွေ့အကြုံတွေအကြောင်းနဲ့၊ စိတ်သောက ဖိစီးနေသူ တွေအတွက် ဆုတောင်းကိုလည်း ဖော်ပြထားပါတယ်။ 𝐂𝐫𝐢𝐬𝐭𝐢𝐧𝐚 က ပြောတယ်။ မျှော်လင့်ချက်ရဖို့ ရက်တွေ၊ လတွေ ချီပြီး စောင့်ဖို့ မလိုပါဘူး၊ စက္ကန့်(၆၀)တောင် မလိုပါဘူး။ ယေရှုဘုရားဆီမှာ ဘ၀ကို ပုံအပ်လိုက်တဲ့ အခိုက်အတန့်လေး မှာပဲ ဘ၀ရဲ့မျှော်လင့်ချက်ကို ရရှိနိုင်တယ်လို့ ဆိုပါတယ်။ အခုတော့ 𝐂𝐫𝐢𝐬𝐭𝐢𝐧𝐚 ဟာ သူ့မိသားစုနဲ့အတူ ပျော်ရွှင်သာယာ တဲ့ဘ၀ကိုပိုင်ဆိုင်ပြီး ကြည်နူးစွာ ဖြတ်သန်းနေပါတယ်။ 

By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More