လက်တွေ့ဘ၀ထဲက ဟာစရီပါးများ  

ဆရာမြသန်းတင့်ဘာသာပြန်ဆိုတဲ့ သုခမြို့တော်စာအုပ်မှာ ကာလကတ္တားက သုခမြို့တော်လို့ခေါ်တဲ့ ဆင်းရဲသားရပ်ကွက် တစ်ခုအကြောင်း ရေးထားပါတယ်။ အဲဒီ့မှာ အဓိက ဇာတ်ကောင်းတစ်ဦးကတော့ ဟာစရီပါးဆိုတဲ့ လန်ချားသမားပါ။ ရွာမှာ ကျပ်တည်းလွန်းလို့ မြို့ကိုပြောင်းရွှေ့ လာခဲ့ပေမယ့်၊ မြို့မှာလည်း ခက်ခက်ခဲခဲရုန်းကန်နေရပါတယ်။ လန်ချားဆွဲဖို့ ခရီးသည်မရတဲ့တစ်ရက်၊ ဗိုက်ကလည်းဆာ၊ အားကမရှိ၊ ခေါင်းကမူးနေပြီး စိတ်ပျက်လက်ပျက်ဖြစ်နေချိန်မှာ ဟာစရီပါး ဆီကိုသွေးပွဲစားတစ်ယောက်ရောက်လာပြီး၊ သွေးရောင်းပြီး ငွေရှာလို့ရကြောင်း လာပြောပါတယ်။

𝐏𝐊 ဇာတ်ကားမှာ ထောင်ထဲဝင်ချင်လို့ မြို့လယ်ခေါင်က အုတ်နံရံကြီးကို သေးနဲ့ပန်းတဲ့မင်းသားကို ကြည့်ဖူးပါလိမ့်မယ်။ ပြုံးဖြီးဖြီးနဲ့ အချုပ်ခန်းထဲဝင်သွားတဲ့မြင်ကွင်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒါမျိုးက ဇာတ်လမ်းထဲမှာပဲ ရှိမယ်လို့ သင်ထင်နေရင် မှားပါတယ်။ ဥပမာ - ကယ်လီဖိုးနီးယားက 𝐄𝐭𝐭𝐚 𝐌𝐚𝐞 𝐋𝐨𝐩𝐞𝐳 ကို ကြည့်ပါ။ 𝐋𝐨𝐩𝐞𝐳 ဟာ အကျဉ်းထောင် ထဲဝင်ရဖို့အတွက် ထောင်အရာရှိတစ်ယောက်ကို တမင်တကာ ပါးရိုက်ခဲ့ပါတယ်။ အဲလိုပါးရိုက်နိုင်ဖို့ နာရီပေါင်းများစွာ ထိုင်စောင့်နေခဲ့ရပြီး၊ နောက်ဆုံးမှာတော့ ရုံးကနေအရင်ဆုံးထွက်လာတဲ့အရာရှိကို ပါးရိုက်လိုက်ပါတယ်။ “ဆေးလိပ်ဖြတ် ဖို့အတွက်ထောင်ထဲဝင်ချင်လို့ အခုလိုလုပ်လိုက်တာ”လို့ ဆိုပါတယ်။ ဒီလုပ်ရပ်ကြောင့် 𝐋𝐨𝐩𝐞𝐳 ဟာ ထောင်ဒဏ်(၆၃)ရက် ကျခံခဲ့ရပါတယ်။


ဂျပန်နိုင်ငံမှာလည်း အလားတူအဖြစ်အပျက်မျိုး အများကြီးရှိတာတွေ့ရပါတယ်။ ဒါပေမယ့် 𝐋𝐨𝐩𝐞𝐳 နဲ့မတူတာက 𝐋𝐨𝐩𝐞𝐳 ဟာ ပြစ်မှုကျူးလွန်ချိန်မှာ အသက်(၃၁)နှစ်ပဲရှိပေမယ့်၊ ဂျပန်က ပြစ်မှုကျူးလွန်သူတွေကတော့ လူအိုတွေဖြစ်နေတာပါ။ ဂျပန်က လူအိုတွေဟာ ထောင်ထဲဝင်ရဖို့အတွက် တမင်တကာ ပြစ်မှုကျူးလွန်နေကြပြီး၊ အလစ်သုတ်မှုဖြစ်ရပ် (၁၀၀)မှာ (၈၃)မှုဟာ အသက်(၇၀)နဲ့အထက်လူအိုတွေ ကျူးလွန်ကြတဲ့ဖြစ်ရပ်တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဥပမာ- အသက် (၆၉)နှစ်အရွယ် 𝐓𝐨𝐬𝐡𝐢𝐨 𝐓𝐚𝐤𝐚𝐭𝐚 ဟာဆိုရင် ပြစ်မှုတွေကျူးလွန်ပြီး ထောင်ထဲ ဝင်လိုက်၊ ထွက်လိုက် လုပ်နေသူပါ။ ခိုးမှု၊ အလစ်သုတ်မှုတွေကနေ ဓားထောက်ခြိမ်းခြောက်မှုတွေအထိလုပ်ပြီး ထောင်ထဲနေခွင့်ရဖို့ ပြစ်မှုကျူးလွန်လေ့ရှိပါတယ်။ အကျဉ်းထောင်မှာ 𝐓𝐨𝐬𝐡𝐢𝐨 လို လူအိုအကျဉ်းသားတွေ တရိပ်ရိပ်တိုးလာနေလို့ အကျဉ်းထောင်ဝန်ထမ်းတွေဟာ အကျဉ်း ဦးစီးလုပ်ငန်းထက်၊ လူအိုရုံဝန်ထမ်းအလုပ်တွေကို လုပ်နေရသလို ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ “ထောင်ထဲက ဘ၀ကို တကယ်ပဲကြိုက်နှစ်သက်လို့ ဒီလိုလုပ်နေတာလား”လို့ 𝐁𝐁𝐂 သတင်းထောက်ကမေးတော့ သူတို့က “ထောင်ထဲနေရတာ အဆင်မပြေပါဘူး။ ဒါပေမယ့် ထောင်ပြင်ပဘ၀က အများကြီးပိုဆိုးတယ်”လို့ ဆိုပါတယ်။



ထောင်ပြင်ပမှာ သူတို့တွေဟာ ပိုပြီးအထီးကျန်ကြတယ်။ စကားပြောဖော်မရှိ၊ အတူနေပြီး အဖော်လုပ်ပေးမယ့် အိမ်သား တွေလည်းမရှိ၊ ခံစားချက်တွေကို အတူမျှဝေခံစားပေးမယ့်သူတွေလည်းမရှိတော့ ထောင်ထဲမှာဆိုရင် အထီးကျန်တာ သက်သာလို့ ထောင်ထဲဝင်ဖို့ ရွေးချယ်လာကြတာပါ။ ထောင်ထဲမှာ သူငယ်ချင်းတွေရှိတယ်၊ မပျင်းရဘူး၊ အထီးမကျန်ဘူး လို့ ဆိုပါတယ်။ 


အထီးကျန်မှုပြဿနာက ကြီးမားဆိုးရွားလာလို့ စီးပွားရေးသမားတွေက 𝐑𝐞𝐧𝐭-𝐚-𝐅𝐫𝐢𝐞𝐧𝐝 (အဌားသူငယ်ချင်းဝန်ဆောင်မှု) လုပ်ငန်းကို လုပ်လာကြပါတယ်။ ဂျပန်အပြင် အမေရိကနဲ့ ဥရောပနိုင်ငံတွေ၊ ကိုရီးယားနဲ့ အခြားနိုင်ငံတွေမှာလည်း နာရီ အလိုက် အဌားသူငယ်ချင်းဝန်ဆောင်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးလာပါတယ်။ ဒါပေမယ့် ဝန်ဆောင်ခမတတ်နိုင်တဲ့ 𝐓𝐨𝐬𝐡𝐢𝐨 လို လူအိုတွေအတွက်ကတော့ အကျဉ်းထောင်ပဲ ရွေးစရာရှိပါတယ်။ 


ဒီဖြစ်ရပ်က လူဟာ ပေါင်းသင်းဆက်ဆံရေးသတ္တဝါ 𝐒𝐨𝐜𝐢𝐚𝐥 𝐀𝐧𝐢𝐦𝐚𝐥 ဖြစ်ကြောင်းကို သက်သေပြနေပါတယ်။ ကျနော်တို့ ဟာ ဘ၀ရဲ့အဆိုးအကောင်းကို အတူမျှဝေခံစားပေးမယ့်မိတ်ဆွေအပေါင်းအသင်းတွေကို လိုအပ်ပါတယ်။ သူငယ်ချင်းဆို တာ အပျင်းပြေရုံအတွက်ရှိနေကြသူတွေ မဟုတ်ပါဘူး။ သူတို့ဟာ ကျွန်တော်တို့ရဲ့ ခံစားချက်ကိုနားလည်ပေးပြီး ဂရုစိုက် တတ်သူ၊ ကျနော်တို့ရဲ့ကစားဖော်၊ ခရီးသွားဖော်၊ တိုင်ပင်ဖော်၊ တီးတိုးဖော်တွေဖြစ်ပါတယ်။ သူတို့ရှေ့မှာ ဟန်ဆောင်စရာ မလိုဘူး။ စိတ်ကသိကအောက်ဖြစ်စရာ မရှိဘူး။ အထီးမကျန်ဘူး။ ကူရာကယ်ရာမဲ့တဲ့ခံစားချက်တွေ မရှိတော့ဘူး။


လူအုပ်ကြီးထဲမှာ သင်ရောက်နေပေမယ့် အထီးကျန် နေနိုင်ပါသေးတယ်။ ဒါပေမယ့် စိတ်အားမငယ်ပါနဲ့။ သင့်အတွက် သတင်းကောင်းလေးတစ်ခုရှိပါတယ်။ ယေရှုဘုရားဟာ ဘုရားလည်းဖြစ်သလို၊ သူငယ်ချင်းလိုလည်း မိတ်ဆွေဖွဲ့လို့ရတဲ့ သူလည်း ဖြစ်တယ်။ သူ့လောက် ကျနော်တို့ကို စာနာနားလည်ပေးနိုင်သူမရှိသလို၊ သူ့လောက် ကျနော်တို့ကို အရှိအတိုင်း လက်ခံပေးပြီး တန်ဖိုးထားသူလည်း မရှိပါဘူး။ သူဟာ ကျနော်တို့အတွက် သူ့အသက်ကိုတောင် စွန့်လွှတ်ပေးဆပ်ဝံ့သူ ဖြစ်ပြီး၊ ကျနော်တို့ကို ဘယ်လိုအကြောင်းနဲ့မှ ပစ်သွားမယ့်သူမဟုတ်သလို၊ ဘယ်တော့မှ စိတ်ပျက်စေမယ့်သူလည်း မဟုတ်ပါဘူး။ ယေရှုဘုရားဆီကိုသာ လာခဲ့လိုက်ပါ။ သူ့လောက်ကောင်းတဲ့မိတ်ဆွေ အခြားမရှိနိုင်ကြောင်း သင် ကိုယ်တွေ့ တွေ့ကြုံခံစားရမှာပါ။ 

By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားမှာ ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်အသက်ချမ်းသာရရေးတစ်ခုတည်းကိုပဲကြည့်တတ်တဲ့ စီးပွားရေး သမားတစ်ယောက်ရဲ့ အတ္တကြောင့် မသေသင့်ဘဲ သေသွားခဲ့ရတဲ့သူတွေ၊ ဗိုက်ထဲက ရင်သွေးလေးအတွက် ဘာမဆိုရင်ဆိုင်ဝံ့တဲ့မိဘ၊ ကိုယ့်သားသမီးအတွက် အသက်ပေးဖို့ ဝန်မလေးတဲ့ ဖခင်တစ်ယောက်ရဲ့မေတ္တာနဲ့ သတ္တိအားမာန်တွေကို တွေ့ရပါတယ်။ Zombie ဖုတ်ကောင်တွေထက် ပိုကြောက်ဖို့ကောင်းတဲ့ လူ့အတ္တစိတ်နဲ့၊ Zombie ဖုတ်ကောင်တွေကို မတွန့်မဆုတ် ရင်ဆိုင်ဖို့ သတ္တိတွေပေးတဲ့ ချစ်ခြင်းမေတ္တာကို တွေ့မြင်ရတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။
By Htoi San Seng Yar July 8, 2024
PK ဇာတ်ကားဟာ ဘာသာရေးအကြောင်း ပညာပေးဇာတ်ကားကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ တခြားဂြိုလ်က ရောက်လာပြီး အိမ်ပြန်ဖို့ အခက်တွေ့နေတဲ့ PK ဟာ သူ့ကို ကူညီပေးနိုင်တာ ဘုရားပဲရှိတယ်လို့ သူများကပြော လို့ ဘုရားကျောင်းရောက်လာခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူထင်ထားသလို မဖြစ်ခဲ့ဘဲ ဘာသာရေးဆရာတွေရဲ့ ထွင်လုံး၊ လိမ်စဉ်တွေကြားမှာ ကမောက်ကမဖြစ်ခဲ့ရပုံကို ထိထိမိမိ ပုံဖော်ပြနိုင်ခဲ့တဲ့ ဇာတ်ကားကောင်း ဖြစ်ပါတယ်။ တဖက်မှာလည်း ဘာသာရေးအခြေခံတဲ့ လူမျိုးရေး၊ နိုင်ငံရေးအစွဲတွေ၊ အယူသည်းမှုတွေကိုချွတ်ပေးဖို့ အားထုတ်ထားတာကိုလည်း တွေ့ရပါတယ်။
By Htoi San Seng Yar July 8, 2024
ဒီဇာတ်ကားထဲမှ ပြောစရာအမှတ်တရတွေအများကြီးထဲက Rancho နဲ့ Pia တို့ ပထမဆုံး တွေ့ဆုံဖြစ်ခဲ့တဲ့ အခန်းလေးကို ပြောချင်ပါတယ်။ အစ်မဖြစ်သူရဲ့ မင်္ဂလာပွဲမှာ အမေပေးခဲ့တဲ့နာရီဟောင်းလေးကိုပတ်ပြီး အမေ့ ကို သတိရနေတဲ့ Pia ကို၊ သူနဲ့ စေ့စပ်ထားတဲ့ Suhas က နာရီဟောင်းပတ်ထားရကောင်းလားဆိုပြီး အပြစ်တင် တဲ့အခန်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ Suhas က သူများရဲ့ ခံစားချက်ကို နားမလည်ပါဘူး။ သူသိတာ၊ သူ နားလည်တာက ‘တန်ဖိုးကြီးတာတွေ ဝတ်မှဆင်မှ၊ လူရာဝင်တာ၊ လူဝင်ဆန့်တယ်’ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကို မင်းသား Rancho က Suhas ရဲ့ဖိနပ်အပေါ် အချဉ်ရည်တွေလောင်းချပြီး သူ့ဖိနပ်စျေးနှုန်းပြောထွက်လာအောင် လုပ်ပြခဲ့ပါတယ်။ ပြီးတော့ Suhas နဲ့ အဆက်ဖြတ်ဖို့၊ “သူက မင်းနဲ့ တွဲတာ ဂုဏ်တက်ချင်လို့၊ ဂုဏ်ဆာလို့သာ တွဲ တာ၊ စျေးတွက်တွက်ပြီး တွဲနေတာ”ဆိုပြီး Pia ကို အကြံပေးခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
အာလာဒင်မှာ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ကျန်ပါတယ်။ ဒီတကြိမ်ဆုတောင်းဆန္ဒပြုပြီးရင် သူဘာမှ လုပ်လို့မရတော့ပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်ဟာ သူ့အတွက် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ အတောင့်တဆုံးဆန္ဒကို ပြုရမှာပါ။ ဒီတတိယအကြိမ်မှာ အာလာဒင် ဟာ ထူးဆန်းတဲ့ဆန္ဒကို ပြောခဲ့ပါတယ်။ အဲဒါကတော့ Gennie ကို မီးခွက်စောင့်နတ်အဖြစ်ကနေ လွတ်မြောက် ခွင့်ပဲ ဖြစ်ပါတယ်။ ဒီဆုတောင်းဟာ Gennie ကို အံ့အားသင့်စေခဲ့ပါတယ်။
By Htoi San Seng Yar July 1, 2024
ရုပ်ရှင်တွေကပြောတဲ့ လူ့သဘော၊ လူ့မနော
By Htoi San Seng Yar June 4, 2024
အသက်နဲ့ရင်းပြီးသရုပ်ဆောင်တဲ့ အချစ် (Killdeer)
By Htoi San Seng Yar June 4, 2024
ထာဝရ ယုံကြည်လို့ရတဲ့အချစ် (Hornbill)
By Htoi San Seng Yar June 4, 2024
ဉသြငှက်တွေက 𝐁𝐫𝐨𝐨𝐝 𝐏𝐚𝐫𝐚𝐬𝐢𝐭𝐞 ဆိုတဲ့ ကပ်ပါးမျိုးနွယ်တစ်ခု ဖြစ်ကြပါတယ်။ သူတို့က တခြားငှက်တွေရဲ့ အသိုက်ထဲမှာ ဉ ပြီးချန်ထားခဲ့ကြပါတယ်။ ဒီလို နဲ့ သူတို့အကောင်ပေါက်လာတဲ့အခါမှာလည်း ဒီအတိုင်း မနေကြပါဘူး အသိုက်ရှင် ငှက်က ဉထားတဲ့ ဉတွေကို အသိုက်ထဲကနေ ကန်ချတယ်၊ ဒါမှမဟုတ် အကောင်လေး ပေါက်နေပြီဆိုရင်လည်း ငှက်ပေါက်လေးတွေကို အသိုက်ထဲကနေ တွန်းချပစ်ဖို့ သူ့ရဲ့ ကျောနဲ့ ငှက်ကလေးကို တွန်းပြီး မကျမချင်း အကြိမ်ကြိမ်ကြိုးစားရင်း သူတစ်ယောက်ထဲကျန်တဲ့ အထိအားလုံးကို သတ်ပစ်လိုက်ပါတယ်။
By Htoi San Seng Yar June 4, 2024
ဒီလိုဖြစ်စဉ်က ပုံမှန်တော့ မဟုတ်ပါဘူး အထူးသဖြင့် ငှက်ပေါက်လေးက ၃ ကောင်ထက်ကျော်နေတာမျိုး၊ အစာရရှိနိုင်မှု အခြေအနေနဲ့ သဘာဝ ပတ်ဝန်းကျင် အနေအထားတွေပေါ်မှာလည်း မှုတည်နေပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေပဲ ရှိရှိ ငှက်ကလေး အားလုံးထဲမှာ အားအနည်းဆုံးကတော့ စတေးခံပြီးတော့ ကျန်တဲ့သူတွေကတော့ အသက်ရှင်ခွင့် ရခဲ့ကြပါတယ်။
By Htoi San Seng Yar April 29, 2024
 မထင်မှတ်စရာ သေမထူး၊နေမထူး ဘ၀များ
Show More