သေကံမရောက်ခဲ့ပေမယ့် ရှင်သန်ချင်စိတ် ပျောက်ခဲ့ရသူများ

သေကံမရောက် သက်မပျောက်ဘဲ ရှင်သန်ကျန်ရစ်ခဲ့တဲ့ဂျူးတွေဟာ သူတို့ရဲ့ လွတ်မြောက်မှုအတွက် ဝမ်းမြောက်ပျော်ရွှင် ရမယ့်အစား၊ စိတ်မပျော်ဘဲ ရှင်သန်ရတာအဓိပ္ပာယ်မရှိသလို ခံစားခဲ့ကြပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ မိသားစု တွေ၊ အိုးအိမ်ပိုင်ဆိုင်မှုတွေကို ဆုံးရှုံးခဲ့ရပြီး၊ သူတို့ရဲ့ အမှတ်တရတွေအားလုံး ပျက်ဆီးသွားခဲ့ရလို့ ဖြစ်ပါတယ်။ ဒါတွေကို ကြုံရပြီးတဲ့နောက်မှာ၊ ချစ်သူခင်သူတွေကို ဆုံးရှုံးလိုက်ရပြီးနောက်မှာ၊ ပိုင်ဆိုင်မှုတွေအားလုံး ဖျက်ဆီးခံလိုက်ရပြီးချိန်မှာ ရှင်သန်ချင်စိတ် ပျောက်ဆုံးသွားပြီး သေမထူး၊နေမထူးအခြေအနေမျိုး ခံစားရတာ သဘာ၀ပါပဲ။
𝐕𝐢𝐜𝐭𝐨𝐫 𝐅𝐫𝐚𝐧𝐤𝐥 ရေးသားတဲ့ 𝐌𝐚𝐧’𝐬 𝐒𝐞𝐚𝐫𝐜𝐡 𝐟𝐨𝐫 𝐌𝐞𝐚𝐧𝐢𝐧𝐠 ဆိုတဲ့စာအုပ်ထဲမှာ နာဇီတွေရဲ့ သေမင်းငရဲခန်းထဲက လွတ်လာတဲ့ ဂျူးတွေအကြောင်း ဖော်ပြထားပါတယ်။ စာရေးသူ 𝐕𝐢𝐜𝐭𝐨𝐫 𝐅𝐫𝐚𝐧𝐤𝐥 ကိုယ်တိုင် အော့ဝဇ်အကျဉ်းစခန်း အပါအဝင် အကျဉ်းစခန်း(၄)ခုမှာ (၃)နှစ်ကြာအကျဉ်းချခံခဲ့ရပါတယ်။ နာဇီတွေရဲ့ လူမဆန်တဲ့ ဖိနှိပ်သတ်ဖြတ်မှုကြောင့် ဂျူးလူမျိုး (၆)သန်းကျော် သေခဲ့ရပြီး၊ အဆုံးမှာတော့ မဟာမိတ်တွေကြောင့် သေဘေးကနေ ဂျူးတချို့ သီသီလေး လွတ်မြောက်လာခဲ့ပါတယ်။
သေကံမရောက် သက်မပျောက်ဘဲ ရှင်သန်ကျန်ရစ်ခဲ့တဲ့ဂျူးတွေဟာ သူတို့ရဲ့ လွတ်မြောက်မှုအတွက် ဝမ်းမြောက်ပျော်ရွှင် ရမယ့်အစား၊ စိတ်မပျော်ဘဲ ရှင်သန်ရတာအဓိပ္ပာယ်မရှိသလို ခံစားခဲ့ကြပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ မိသားစု တွေ၊ အိုးအိမ်ပိုင်ဆိုင်မှုတွေကို ဆုံးရှုံးခဲ့ရပြီး၊ သူတို့ရဲ့ အမှတ်တရတွေအားလုံး ပျက်ဆီးသွားခဲ့ရလို့ ဖြစ်ပါတယ်။ ဒါတွေကို ကြုံရပြီးတဲ့နောက်မှာ၊ ချစ်သူခင်သူတွေကို ဆုံးရှုံးလိုက်ရပြီးနောက်မှာ၊ ပိုင်ဆိုင်မှုတွေအားလုံး ဖျက်ဆီးခံလိုက်ရပြီးချိန်မှာ ရှင်သန်ချင်စိတ် ပျောက်ဆုံးသွားပြီး သေမထူး၊နေမထူးအခြေအနေမျိုး ခံစားရတာ သဘာ၀ပါပဲ။
မိတ်ဆွေကိုယ်တိုင်လည်း ဒီလိုအခြေအနေမျိုး ကိုယ်တိုင်ရင်ဆိုင်နေရသူ၊ ဒါမှမဟုတ် ဒီလိုအဖြစ်အပျက်မျိုးနဲ့ မစိမ်းသူ တစ်ယောက် ဖြစ်နိုင်ပါတယ်။ အနှစ်နှစ်အလလ ရှာဖွေစုဆောင်းထားသမျှတွေ ဆုံးရှုံးလိုက်ရသူ၊ မျှော်လင့်ချက်တွေ၊ ရှင်သန်ချင်စိတ်တွေ၊ အနာဂတ်အတွက် စိတ်ကူးယဉ်ထားသမျှတွေ ဆုံးရှုံးလိုက်ရတဲ့သူတစ်ယောက်၊ ကြောက်ရွံ့မှုတွေ၊ စိုးရိမ်မှုတွေ၊ နာကျည်းချက်တွေ၊ အမျက်ဒေါသတွေ၊ သံသယတွေ၊ ဖိစီးမှုတွေ၊ မသေချာမှုတွေကြားမှာ ရုန်းကန်ရင်း သေမထူး၊ နေမထူးအဖြစ်မျိုး ကြုံတွေ့ခံစားနေရသူတစ်ယောက်ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ကြုံတွေ့ရတဲ့အဖြစ် အပျက်တွေကို ကြည့်ရင်း ကမ္ဘာကြီးဟာ ပရမ်းပတာဖြစ်နေသလို၊ လူတွေ၊စနစ်တွေဟာလည်း ပရမ်းပတာဖြစ်နေသလို ခံစားရကောင်း ခံစားရနေနိုင်ပါတယ်။
သင့်ရဲ့ နာကျင်မှုနဲ့ ဆုံးရှုံးမှုတွေဟာ ဘယ်လိုစကားလုံးနဲ့မှ ဖော်ပြလို့မရနိုင်လောက်အောင် ကြီးမားပါတယ်။ ဒါပေမယ့် ဒါဟာ ဘ၀ရဲ့ ဇာတ်သိမ်းအဆုံးသတ်မဟုတ်ပါဘူး။ ဒီလိုဖြစ်ရပ်တွေကြောင့် ဘ၀ကိုဘယ်လိုရှေ့ဆက်ရမလဲ၊ ကိုယ့်ဘ၀ကို ဇာတ်သိမ်းကောင်းအောင် ဘယ်လိုဆက်လုပ်နိုင်မလဲဆိုပြီး သင်စဉ်းစားနေရင် သင့်ကို ကူညီပေးတဲ့သူတစ်ဦးရှိပါတယ်။ သူကတော့ ယေရှုဘုရားပဲ ဖြစ်ပါတယ်။
ယေရှုဘုရားဟာ မလှပတဲ့ ဘ၀ဇာတ်လမ်းတိုင်းကို အလှပဆုံး၊ အခမ်းနားဆုံးဖြစ်အောင် ကူညီပေးနိုင်သူ၊ ကူညီပေးလိုသူ ဖြစ်ပါတယ်။ ကိုယ့်ဘ၀ဇာတ်ကို ဆက်ကဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးနေပြီး၊ အခြားဘယ်သူ့ကိုမှလည်း မယုံကြည်နိုင်တော့ဘူးဆိုရင်တောင်၊ ယုံကြည်လို့ရတဲ့၊ စိတ်ချလို့ရတဲ့ ယေရှုဘုရားရှိပါသေးတယ်။ သင့်ရဲ့ နာကျင်မှုတွေ၊ ကြေကွဲမှုတွေ၊ ခါးသီးမှုတွေကို ချိုမြိန်တဲ့ဘ၀၊ ခမ်းနားတဲ့အလှနဲ့ အဆုံးသတ်နိုင်အောင် သူကူညီပေးနိုင်ပါတယ်။ သူဟာ သင်ရင်ဆိုင်နေရတဲ့ကြမ်းတမ်းမှုတွေအားလုံးကို ကြံ့ကြံ့ခံနိုင်ဖို့ ခံနိုင်ရည်ခွန်အားကို ပေးစွမ်းနိုင်သလို၊ အခြေအနေဆိုး ထဲမှာ ဆက်ပြီးရှင်သန်ရပ်တည်နိုင်ဖို့လိုအပ်တဲ့ ဉာဏ်ပညာနဲ့ ခွန်အားသတ္တိကိုလည်း ပေးစွမ်းနိုင်တဲ့ဘုရား ဖြစ်ပါတယ်။
တကယ်လို့ ဘ၀မှာ ယေရှုဘုရားကို တစ်ကြိမ်တစ်ခါမှ မစမ်းကြည့်ရသေးဘူးဆိုရင် ယေရှုဘုရားကို ခေါ်ကြည့်ဖို့၊ စမ်းကြည့်ဖို့ အကြံပေးလိုပါတယ်။ သူဟာ သင့်ခေါ်သံကိုကြားနိုင်လောက်အောင် အနီးနားလေးမှာပဲ ရှိနေပါတယ်။





