ဒံယေလ - အပိုင်း (၁)

ဇာတ်ကား အကျဉ်းချုပ်
ဘုရားသခင် တကယ်ရှိကြောင်းကို "ဒံယေလ" လို့အမည်ရတဲ့လူငယ်လေးအားဖြင့် ဘုရားသခင်ကိုယ်တိုင် ထင်ရှားပြသခဲ့ပါတယ်။
ဗာဗုလုန် ဘုရင် Nebuchadnezzar နဲ့ သူ့အနားမှာ နှစ်ပေါင်းများစွာ ခစားနေတဲ့ ပညာရှိတွေတောင် ဒူးထောက်အရှုံးပေးရလောက်အောင် "ဒံယေလ"ဟာ ပညာဉာဏ်ထက်မြက်ထူးချွန်လွန်းခဲ့ပါတယ်။
ရှင်ဘုရင်ကတောင် "လူငယ်လေး ... မင်း ကိုးကွယ်တဲ့ ဘုရားသခင်ကို ငါလည်း ဒူးထောက်ပြီး အရိုအသေပေးပါရစေ"လို့ပြောထွက်လာရလောက်အောင် တိုင်းပြည်ရဲ့ အခွန်ကောက်ခံခြင်းပိုင်းကို ဘယ်လိုစီမံသင့်တယ်ဆိုတာကအစ၊ ရှေ့မှာဖြစ်ပျက်လာမယ့်တိုင်းပြည်နဲ့ ကမ္ဘာ့အနာဂတ်သမိုင်းကိုပါ ဘုရားသခင်ပေးတဲ့ပညာဉာဏ်အားဖြင့် "ဒံယေလ"ဟာ ကြိုတင်နိမိတ်ဖတ်ပြောဆိုနိုင်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ဘီစီ ၆၀၅ မှာ ယေရုရှလင်မြို့ (Jerusalem) ကို ဗာဗုလန်တွေ (ယခုခေတ်အခေါ် အီရန်နိုင်ငံ)က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့တာပါ။
ကြည့်ရှုဖို့ Recommend အပြည့်အဝလုပ်ပါတယ်။
..............................................................................................................................................................................................................................
ကျွန်ုပ်တို့ဘဝအတွက် သင်ယူမှတ်သားစရာများ အချက် (၃) ချက် -
၁) ကျွန်ုပ်တို့ ဘယ်ကိုပဲ ရောက်သွားပါစေ ၊ ကျွန်ုပ်တို့နဲ့ အတူ အမြဲရှိနေတဲ့ ဘုရားသခင် ရှိနေပါတယ်
၂) ဘုရားသခင်ဟာ ဘုရင့်အနားမှာ ရှိနေတဲ့ ပညာရှိတွေထက် ပိုပြီး ထူးခြားတဲ့ပညာဉာဏ်ကို ကျွန်ုပ်တို့ကို ပေးနိုင်ပါတယ်
၃) ဘုရားသခင်ထံ ဆုတောင်းရင် နားထောင်ပေးပြီး တောင်းတဲ့ဆုတွေအတွက် ဖြည့်ဆည်းပေးပါတယ်
ဇာတ်လမ်း အပြည့်အစုံရဲ့ လင့်ခ်
https://www.youtube.com/watch?v=sjOB0McvExY





